ဆံပင်ကျွတ်
လို့၊ ဆံပင်ပါးနေလို့၊ ဆံပင်ပျက်စီးနေလို့၊ ဆံပင်အဖျားနှစ်ခွ သုံးခွတွေဖြစ်နေလို့ သက်သာစေမယ့် ဆေးစွမ်းကောင်းတွေရှာနေကြတာ နေရာတိုင်းမှာတွေ့နေရပါတယ်နော်။ ဒီခေါင်းလျှော်ရည်ကောင်းတယ်ဆို ဝယ်သုံးလိုက်၊ ဟိုဆေးလေးကကောင်းတယ်ဆိုပြီး ဝယ်လိမ်းလိုက်နဲ့နည်းတွေလည်းစုံနေရောပေါ့။ ဒါပေမယ့်အခုပြောပြမယ့်နည်းလေးတွေကအကုန်အကျလည်းသက်သာတယ်၊ ဘေးဖြစ်စေမယ့်အရာလည်းတစ်ခုမှမပါဘူး၊အာနိသင်လည်းထိရောက်တယ်။ လွယ်တာမှလည်း လွယ်လွယ်လွယ်နဲ့တောင် မြည်နေဦးမယ်။ ကိုယ်တွေ စားနေကျ
အစားအသောက်
တစ်မျိုးဖြစ်တဲ့ ဒိန်ချဉ်ကိုပဲ ပင်တိုင်ထားပြီး ကြိုက်တဲ့နည်းနဲ့ ပေါင်းတင်ကြည့်ရုံပဲ။
ဒိန်ချဉ်
ကအစာခြေစနစ်အတွက်ကောင်းတယ်၊အာဟာရဓာတ်တွေပါလို့အသားအရေအတွက်ပါ ကောင်းတယ်၊အခုဆံပင်အတွက်ဆိုလည်းအားဖြည့်ပေးမယ့် ဆေးစွမ်းကောင်းတစ်လက်ဖြစ်နေပြန်ပါတယ်။ ဆံပင်အတွက် ဘာတွေကောင်းလဲဆိုတော့ -
ဦးရေပြား
မှာ မှိုပိုးသန့်စင်စေတဲ့အာနိသင်ကြောင့်
ဗောက်ပျောက်ေ
စတယ်
ဆံသားကိုအစိုဓာတ်ကြာကြာထိန်းပေးနိုင်တယ်
ဦးရေပြားကျန်းမာရေးကိုအားဖြည့်ပေးပြီး ဆံပင်အမြစ်အိတ်မှာ ပိတ်ဆို့ခြင်းကိုသက်သာစေတယ် (ရလဒ်အနေနဲ့ ဆံပင်ကျွတ်သက်သာစေတယ်)
အဆီထွက်ရှိမှုကို ထိန်းညှိပေးပြီး ဦးရေပြားရဲ့ pHအဆင့်ကို ထိန်းပေးတယ်
အေးမြစေတဲ့အာနိသင်ရှိလို့ ဦးရေပြားမှာ ပြဿနာရှိနေရင်တောင် သက်သာစေတယ်
ဆံသားအတွက် ဒိန်ချဉ်ကို ဘယ်လိုအသုံးချမလဲ
ကဲ ဆံသားကို ကျန်းမာစေဖို့အားဖြည့်ပေးမယ့်အားဆေးလေးတွေ ဘယ်လိုဖော်စပ်မလဲ။ ဆက်ကြည့်ရအောင် -
ကြက်ဥနဲ့ဒိန်ချှုဉ်
ပန်းကန်လုံးထဲကို ကြက်ဥတစ်လုံးကိုထည့်ခေါက်ပါ။
ဒိန်ချဉ် စားပွဲတင်ဇွန်းနှစ်ဇွန်းထည့်ပြီး ပျစ်နှစ်လာအောင်မွှေခေါက်ပါ။
ဆံသားအရင်းထိ စိမ့်ဝင်အောင်လိမ်းပြီး မိနစ် ၂၀-၃၀ လောက်ထားပါ။ (ဆံပင်အားလုံးကို လိမ်းနိုင်ရင်ကောင်းပါတယ်)
ပြီးမှ ပုံမှန်အတိုင်းခေါင်းလျှော်ချလိုက်ရုံပဲ။
ဒီနည်းကို တစ်ပတ်နှစ်ကြိမ်လုပ်လို့ရပါတယ်။
ငှက်ပျောသီးနဲ့ဒိန်ချဉ်
ပန်းကန်လုံးထဲကို ငှက်ပျောသီးမှည့်တခြမ်းကိုထည့်ချေပါ။
ချေတာညက်သွားပြီဆိုရင် ဒိန်ချဉ် တစ်ဇွန်း၊ ပျားရည်သုံးဇွန်း၊သံပရာရည်တစ်ဇွန်းထည့်ပါ။ ဆက်မွှေပါ။
ဆံသားအရင်းထိ စိမ့်ဝင်အောင်လိမ်းပြီး မိနစ် ၂၀-၃၀ လောက်ထားပါ။
ပြီးမှ ပုံမှန်အတိုင်းခေါင်းလျှော်ပါ။
သံလွင်ဆီနဲ့ ဒိန်ချဉ်
ပန်းကန်လုံးထဲမှာ သံလွင်ဆီနဲ့ဒိန်ချဉ်တစ်ဇွန်းစီကိုထည့်မွှေပါ။
မတ်ခွက်တစ်လုံးထဲမှာ သံပရာရည်တစ်ဇွန်းနဲ့ရေနှစ်ခွက်ကိုရောထားပါ။
ခေါင်းလျှော်ရည်နဲ့ပုံမှန်အတိုင်းခေါင်းလျှော်ပြီး ဆံပင်ကိုရေညှစ်ထားပါ။
ဒိန်ချဉ်အရောအနှစ်ကို ဆံသားမှာလိမ်းပြီး မိနစ် ၂၀ ထားပါ။
ကြက်သီးနွေးရေလေးနဲ့ ဆေးကြောပါ။
နောက်ဆုံးမှ ခုနက သံပရာရည်အရောကို လောင်းချပါ။
ဒါလည်း တစ်ပတ်နှစ်ကြိမ်လုပ်လို့ရတယ်။
ပျားရည်နဲ့ ဒိန်ချဉ်
ဒိန်ချဉ်ဇွန်းတဝက်၊ ပျားရည်တစ်ဇွန်း၊ ပန်းသီးရှာလကာရည်တစ်ဇွန်းကို ရောပြီးအနှစ်ဖြစ်အောင်မွှေပါ။
ဆံပင်အရင်းကနေ ထိပ်ဖျားလေးတွေအထိ စိမ့်ဝင်အောင်လိမ်းပါ။
မိနစ် ၃၀ လောက်နေရင် ရှန်ပူအပျော့စားနဲ့လျှော်ပါ။
ရှားစောင်းလက်ပပ်နဲ့ ဒိန်ချဉ်
ရှားစောင်းလက်ပပ်အနှစ် သုံးဇွန်း၊ဒိန်ချဉ်နှစ်ဇွန်း၊သံလွင်ဆီနှစ်ဇွန်း၊ပျားရည်တစ်ဇွန်းကိုအနှစ်ဖြစ်အောင်မွှေပါ။
ဦးရေပြားမှာ ၁၅ မိနစ်လောက် နှိပ်နယ်လိမ်းပေးပါ။
လိမ်းပြီးရင် ဆံပင်အရင်းကနေအဖျားထိအကုန်နှံ့အောင်ဆက်လိမ်းပြီး ၁၅ မိနစ်ထပ်ထားပါ။
ခေါင်းလျှော်ပါ။
ထောပတ်သီးနဲ့ ဒိန်ချဉ်
ဒိန်ချဉ်ပန်းကန်လုံးတစ်လုံး၊ ထောပတ်သီးတစ်ခြမ်း၊သံလွင်ဆီနှစ်ဇွန်း၊ပျားရည်တစ်ဇွန်းကိုရောမွှေပါ။
ဆံသားနဲ့ဦးရေပြားကို စိမ့်ဝင်အောင်လိမ်းပါ။
မိနစ် ၂၀ ထားပြီး ခေါင်းလျှော်ချပါ။
ဆံသားခြောက်သွေ့တတ်တယ်ဆိုရင် ဒီနည်းကို တစ်ပတ်တစ်ကြိမ်သုံးလို့ရပါတယ်။
သဘာဝပစ္စည်
းတွေနဲ့ဆံပင်ပေါင်းတင်တာကအကုန်အကျသက်သာ၊အချိန်ကုန်သက်သာတဲ့အပြင် ဆိုင်မသွားနိုင်၊ treatment မလုပ်နိုင်ခင်စပ်ကြားမှာလည်းအဆင်ပြေစေမယ့်နည်းပါ။ ဒါပေမယ့် ပျက်စီးနေတဲ့ဆံပင်က ချက်ချင်းကြီးတော့ ဝုန်းဆို ပိတုန်းရောင်ဆံကေသာ ဘယ်ဖြစ်နိုင်ပါ့မလဲ။ စိတ်တော့ရှည်ရပါမယ်နော်။
Hello Health Group
သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။