ရန်ကုန်မြို့ရဲ့နာမည်ကျော် လက်သည်းပန်းချီ ဆိုင် ၁ဝ ဆိုင်
mmtimes.com
|
2019-02-20

လူတိုင်းမှာအကျင့်တစ်မျိုးစီရှိကြပေမဲ့အမျိုးသမီးအများစုအပါဝင် လူတချို့ကတော့ တစ်စုံတစ်ယောက်နဲ့ စတင်တွေ့ဆုံမိတဲ့အခါမှာ ဝတ်ဆင်ပုံ၊အပြုံးတွေနဲ့ လက်သည်းခြေသည်းတွေ သန့်ရှင်းသပ်ရပ်မှုရှိရဲ့လားဆိုတာကို ဂရုတစိုက်ကြည့်တတ်ကြပါတယ်။အဲဒီတော့ လက်သည်းခြေသည်းတွေက လူတစ်ယောက်ရဲ့ သန့်ရှင်းသပ်ရပ်မှုနဲ့ တိကျမှုတွေကို ဖော်ပြပေးနိုင်တဲ့အရာတစ်ခုဖြစ်လို့ နေပါတယ်။ ရန်ကုန်မြို့မှာ ဒီလို လက်သည်းခြေသည်းတွေကိုပဲအဓိက ပြင်ဆင်ပြုပြင်ပေးနေတဲ့ စင်တာတွေလည်း ရှိနေပြီဆိုတော့အချိန်ကုန်မခံဘဲ ရွေးချယ်နိုင်ပါပြီ။


Organic

နာမည်ကျော် Organic nail spa က ခုဆိုရင် ခြေသည်းလက်သည်းအလှဆင်ပေးတဲ့ ကျောင်းအဖြစ်တောင် ဖွင့်လှစ်နေပြီမို့ လက်ရာတွေ၊ ဝန်ဆောင်မှုတွေ မကောင်းမှာ စိတ်ပူစရာကို မလိုတာပါ။ ခြေသည်းလက်သည်းအလှဆင်တဲ့ပစ္စည်းတွေ၊ သန့်ရှင်းရေးနဲ့ တခြားဆက်စပ်ပစ္စည်းတွေပါ လက်လီလက်ကားရောင်းချနေတဲ့စင်တာဖြစ်ပြီး မိန်းကလေးတိုင်းလိုလိုအသုံးဝင်နှစ်သက်တဲ့ လက်သည်းဆိုးဆေးတွေလည်း ဝယ်ယူနိုင်ပါတယ်။ လူအမြဲပြည့် နေတတ်တဲ့ဆိုင်ဖြစ်တာကြောင့် ကြိုတင်ဖုန်းဆက်ပြီး နေရာယူထားရင် ပိုအဆင်ပြေမှာပါ။ နေ့စဉ် မနက် ၉ နာရီက ည ၉ နာရီအထိ ဖွင့်ပါတယ်။

လိပ်စာ −အမှတ် ဘီ ၁၊ ၅၆−၅၇၊ တော်ဝင်စင်တာ၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။ ဝ၉ ၄ဝဝ၆ဝဝ၃၆၆


J & Me

ဒီဆိုင်လေးကတော့ မြန်မာပြည်မှာ လာရောက်နေထိုင်ကြတဲ့ နိုင်ငံခြားသူတွေကြားမှာ ရေပန်းစားပါတယ်။ ချင်းအမျိုးသမီး ဂျိုးဂျိုးဖွင့်ထားတဲ့ လက်သည်းခြေသည်းအလှပြင်ဆိုင်ဖြစ်ပြီး မလေးရှားက တင်သွင်းတဲ့အိုပီအိုင်လက်သည်းနီတွေနဲ့ တခြားလက်သည်းခြေသည်းဆိုင်ရာအရည်အသွေးပြည့်ပစ္စည်းတွေကြောင့် လူသိများပါတယ်။ ဈေးသက်သာပြီး သပ်ရပ်လှပအောင် ပြင်ဆင်ပေးတတ်တဲ့ ဆိုင်ရှင်ကအမျိုးသားတွေကိုပါ ခြေလက်ဂရုပြုဖို့လိုကြောင်း ပြောဆိုဖိတ်ခေါ်ထားပါတယ်။ နေ့စဉ်မနက် ၁ဝ နာရီက ည ၉ နာရီအထိ ဖွင့်ပါတယ်။

လိပ်စာ −အမှတ် ၁၅၊အရှေ့ကုန်းလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။ ဝ၉ ၄၅၆၁၁၁၆၇၃


Goddess

အရည်အသွေးကောင်းပြီး ဝန်ဆောင်မှုလည်း ကျေနပ်ရတဲ့ဆိုင်ဆိုရင် ခရီးအနီးအဝေးက သိပ်အရေးမပါတော့ကြောင်း ဒီ Goddess ဆိုင်လေးက သက်သေပြနေပါတယ်။ စိတ်ရှည်သဘောကောင်းပြီး တိကျလှပတဲ့ လက်သည်းခြေသည်း ဖန်တီးသူလေးတွေကြောင့် ရန်ကုန်မြို့လယ်မဟုတ်ပေမဲ့ တကူးတက ပုံမှန် သွားရောက်ကြသူအမျိုးသမီးတွေ ရှိနေပါတယ်။ ဈေးနှုန်းသက်သာပြီး လက်ရာလည်း တကယ်ကောင်းကြောင်း ပြန်ဝေငှကြပါတယ်။ နေ့စဉ် မနက် ၉ နာရီ ကနေ ည ၉နာရီအထိ ဖွင့်ပါတယ်။

လိပ်စာ −အမှတ် စီ ၄၊ ဂျီ ၁၊ သံသုမာလမ်း၊ သုဝဏ္ဏမြို့နယ်၊ ရန်ကုန်မြို့။ ဝ၉ ၄၂၉၁၁၂၂၂၈


Nail Diary

ခုလောလောဆယ်မှာ လက်သည်းခြေသည်းနဲ့ပတ်သက်တဲ့ ကျပ်နှစ်သောင်းဖိုး ဝန်ဆောင်မှုတွေ လုပ်မယ်ဆိုရင် တစ်သောင်းခွဲတန် ဂျယ်လက်သည်းဆိုးဆေးအခမဲ့ ဆိုးခွင့်ပေးနေတဲ့ ဆိုင်ဖြစ်ပါတယ်။ ဖေဖော်ဝါရီလကုန်အထိ ပရိုမိုးရှင်းပေးနေတဲ့ ဒီ Nail Diary ဆိုင်မှာလည်း နောက်ဆုံးပေါ် လက်သည်းအလှဆင်ပစ္စည်းတွေ၊ လက်သည်းဆိုးဆေးမျိုးစုံနဲ့အယ်နီမေးရှင်းကအစ ပုံဖော်နိုင်တဲ့ လက်သည်းအလှဆင်ကျွမ်းကျင်သူတွေ ရှိနေပါတယ်။ နေ့စဉ် မနက် ၁ဝ နာရီခွဲက ည ၉ နာရီအထိ ဖွင့်ပါတယ်။

လိပ်စာ −အမှတ် ၂၁၊အက်စ်အာရ်၊ ဆရာစံလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။ ဝ၉ ၇၇၉၉၈၆၆၆၂

Grande

လက်သည်းအလှပြင်ဆင်မှုနဲ့ သွားအရောင်ဖြူဖွေးစေတဲ့ ဝန်ဆောင်မှုတွေပေးနေတဲ့ Grande ဆိုင်မှာလည်း ဖေဖော်ဝါရီလ တစ်လလုံးအတွက် ၃ဝ ရာခိုင်နှုန်းအထူးလျှော့ဈေးတွေ ပေးနေပါတယ်။အမွေးအမှင်ပယ်တာ၊ သန့်ရှင်းရေးလုပ်တာ၊ ခန္ဓာကိုယ်အတွက် နှိပ်နယ်တာနဲ့ မျက်ခုံးတက်တူးထိုးပေးတာတွေအပြင် ခေါင်းလျှော်တာကအစ တစ်နေရာတည်းအပြီးအစီးလုပ်နိုင်တဲ့ ဆိုင်ဖြစ်ပါတယ်။ နေ့စဉ်မနက် ၁ဝ နာရီက ည ၇ နာရီအထိ ဖွင့်ပါတယ်။

လိပ်စာ −အမှတ် ၃၉အီး၊ ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။ ဝ၉ ၂၆၆၅၃၁၃၃၅


Yangon Sanctuary

ဒီ Spa မှာ ခန္ဓာကိုယ် ခေါင်းအစခြေအဆုံး လှပစေမယ့် ဝန်ဆောင်မှုတွေရှိနေပြီး ခြေသည်းလက်သည်းအလှဆင်ဖို့အတွက်ကတော့ နာမည်အကျော်ဆုံးပါပဲ။ လက်သည်းပန်းချီလုပ်နေတဲ့အချိန်အတွင်းမှာပဲ တခြားဝန်ထမ်းတွေကအခြားဝန်ဆောင်မှုတွေ တစ်ပြိုင်နက်တည်း လုပ်ပေးတတ်ကြပြီးအချိန်ကုန်သက်သာစေလို့ ပျိုမေတွေအကြိုက်တွေ့ကြတဲ့ ဆိုင်ဖြစ်ပါတယ်။ ဆိုင်ဖွင့်တဲ့သက်တမ်း ၁ဝ နှစ်ကျော်အတွေ့အကြုံရှိပြီး နေ့စဉ် မနက် ၁ဝ နာရီခွဲက ည ၉ နာရီအထိ ဖွင့်ပါတယ်။

လိပ်စာ −အမှတ် ၆၊ ပြည်လမ်း၊ မင်းရဲကျော်စွာလမ်းထိပ်၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။ ဝ၉ ၉၆၉၉၈၃၄၄၂


The Colors

ကျွမ်းကျင်တဲ့ လက်သည်းခြေသည်းအလှဆင်ပေးသူတွေက ကိုယ့်စိတ်ကူးထဲက ဒီဇိုင်းနဲ့ ထပ်တူညီတဲ့အထိအလှဆင်ရေးခြယ်ပေးတတ်ကြပါတယ်။အရောင်ရောစပ်အသုံးပြုမှုမှာ နာမည်ကျော်ပြီးအရည်အသွေးကောင်းတဲ့ ပစ္စည်းတွေကိုသာအသုံးပြုတာကြောင့် စိတ်ချရတဲ့ဆိုင်လေးပါ။ ဖေဖော်ဝါရီလအတွက် ခြေထောက်အမွေးအမှင် ဖယ်ရှားဖို့ ဈေးနှုန်းတွေ လျှော့ချပေးထားပြီး ဈေးအမြဲသက်သာတဲ့ ဆိုင်တစ်ဆိုင်လို့ မိန်းကလေးတွေအချင်းချင်း သတင်းမျှတတ်ကြပါတယ်။ နေ့စဉ် မနက် ၁ဝ နာရီကနေ ည ၁ဝ နာရီအထိ ဖွင့်ပါတယ်။

လိပ်စာ −အမှတ် ၁၃၊ တတိယထပ်၊ ရေကျော်လမ်း၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့။ ဝ၉ ၂၅၄ဝ၆၄၆၄၆


Sugarcoat

Nail Spa ထဲမှာ ရန်ကုန်မြို့ထဲကနေအလှမ်းကွာဝေးပေမဲ့ ပရိသတ်ရှိနေတဲ့ နောက်ထပ်တစ်ဆိုင်ဖြစ်ပြီး ကျိုက်ဝိုင်းဘုရားနားမှာ ဖွင့်လှစ်ထားတာပါ။အနုပညာဆန်ပြီး သပ်ရပ်တိကျနေတဲ့ ဒီဇိုင်းတွေကြောင့်ရော၊ ဈေးနှုန်းသင့်တင့်မှုအတွက်ရော ဆိုင်ရှင်နဲ့ ဆိုင်ဝန်ထမ်းတွေရဲ့ ချိုသာတဲ့ဝန်ဆောင်မှုတွေကြောင့်ပါ ရန်ကုန်မြို့ရဲ့ နာမည်ကျော် လက်သည်းအလှပြင်ဆိုင် ၁ဝ ဆိုင်ထဲမှာ ပါလာရပါတယ်။ လက်သည်းခြေသည်း ကျန်းမာရေးထိန်းသိမ်းဖို့၊ လက်သည်း ပန်းချီရေးဖို့ကိုလည်းအင်တာနက်ကတစ်ဆင့်အမြဲမျှဝေတဲ့ဆိုင်ဖြစ်ပြီး နေ့စဉ်မနက် ၉ နာရီက ည ၉ နာရီအထိ ဖွင့်ပါတယ်။

လိပ်စာ − ၈ မိုင်၊ ကျိုက်ဝိုင်းဘုရားလမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။ ဝ၉ ၅၁၁၅၃၄၄


Crush

ဒီ လက်သည်းခြေသည်းအလှပြင်ဆိုင်ကတော့ သူငယ်ချင်း ခြောက်ယောက်စလုံး တစ်ပြိုင်တည်း ဝန်ဆောင်မှုတွေ ရယူနိုင်တဲ့အထိ ဝန်ထမ်းလုံလုံလောက်လောက် နေရာကျယ်ကျယ်ဝန်းဝန်းနဲ့အသပ်ရပ်ဆုံး ပြင်ဆင်ပေးထားပါတယ်။ လက်သည်းဆက်တာ၊ ခြေထောက်ပေါင်းတင်တာတွေအပြင် တခြားဝန်ဆောင်မှုတွေလည်း ရနိုင်ပါတယ်။ ပိတ်ရက်တွေမှာ လူတွေပြည့်နေတတ်တာမို့ ကြိုတင်တော့ နေရာယူထားသင့်ပါတယ်။ တနင်္ဂနွေနေ့ကလွဲရင် နေ့စဉ် မနက် ၉ နာရီက ည ၉ နာရီအထိ ဖွင့်ပါတယ်။

လိပ်စာ −အမှတ် ၁၅၊ သီတာလမ်း၊ ကျောက်မြောင်း၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့။ ဝ၉ ၄ဝ၂၄၇၉၆၁၇


Colorful

ဆိုင်ဖွင့်တာ ခြောက်နှစ်ရှိပြီဖြစ်တဲ့ ဒီလက်သည်းခြေသည်း Spa လေးမှာ တစ်ကိုယ်လုံးနှိပ်နယ်တာ၊ ပေါင်းတင်တာ၊ ခြေသည်းလက်သည်း ပန်းချီရေးတာတွေအပြင် ဝန်ဆောင်မှုအမျိုးမျိုး ရှိပါသေးတယ်။ ဈေးနှုန်းမျှတပြီးအရည်အသွေးကောင်းတဲ့ပစ္စည်းတွေကြောင့် ပုံမှန်ဖောက်သည်တွေ ရှိနေပါတယ်။ နေ့စဉ်မနက် ၁ဝ နာရီက ည ၉ နာရီအထိ ဖွင့်ပါတယ်။

လိပ်စာ –အမှတ် ၁၆၊ ၄၇၊ မဂ္ဂင်လမ်း၊ ကျောက်မြောင်း၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့။ ဝ၉ ၉၆၈၆ဝ၆၃၅၅။




Some text some message..