![]()
မိန်းကလေးပဲဖြစ်ဖြစ်၊ ယောင်္ကျားလေးပဲဖြစ်ဖြစ် ဆံပင်ပါးပြီး ဆံပင်မကြာခဏကျွတ်နေတာမျိုးကိုတော့ ဘယ်သူမှ မကြိုက်ကြပါဘူးနော်။ တချို့က မွေးရာပါ ဆံပင်ပါးကြတာဖြစ်ပြီး တချို့ကတော့အသက်ကြီးမှ ဆံပင်ကျွတ်ပြီး ပါးသွားကြတာဖြစ်ပါတယ်။ ဆံပင်တွေကျွတ်ပြီး နဖူးပြောင်ပြောင်ကြီးနဲ့တော့ ဘယ်သူမှ နေချင်မှာမဟုတ်ပါဘူးနော်၊ ဆံပင်အုံထူထူ လှလှလေးပဲနေချင်ကြမှာပါ။ ဒါကြောင့် ဆံပင်အုံထူစေဖို့ ဘယ်အရာတွေကို စားသုံးသင့်သလဲဆိုတာ ပိုပိုလေးမှဝေမျှပေးလိုက်ပါတယ်။
၁။ ကြက်ဥ
ပရိုတင်းဓာတ်ကြွယ်ဝတဲ့ ကြက်ဥကိုနေ့စဉ်စားပေးခြင်းအားဖြင့် သင့်ဆံသားကိုအရင်ကထက်ပိုပြီး သန်စွမ်းလာစေမှာဖြစ်ပါတယ်။ ကြက်ဥ ဟာ ဆံပင်အတွက်ဆိုရင် စားရုံသာမက ကြက်ဥအစိမ်းကို ဦးခေါင်းထက်မှာ သုတ်လိမ်းပြီး ဆံပင်ပေါင်းတင်ကြတာမျိုးတောင်ရှိကြပါတယ်။
၂။ ဘယ်ရီသီးများ
ဘယ်ရီသီးလို့ပြောတာနဲ့ စတော်ဘယ်ရီရော ဘလူးဘယ်ရီပါအပါအဝင်ဖြစ်ပါတယ်။ ဘယ်ရီသီးဟာ Vitamin-C ကြွယ်ဝပါတယ်။ ဘယ်ရီသီးမှာပါဝင်တဲ့ Vitamin C ဟာ ခန္ဓာကိုယ်တွင်း iron ဓာတ်အများဆုံးရရှိစေဖို့ စုပ်ယူနိုင်စွမ်း တိုးမြှင့်စေနိုင်တာကြောင့် ဆံပင်ကျွတ်တာတွေ၊ ကျိုးကြေပျက်စီးတာတွေမဖြစ်စေပါဘူး။
၃။ ဟင်းနုနွယ်ရွက်
Vitamin A , Vitamin C နဲ့ Iron ဓာတ်ကြွယ်ဝတဲ့ ဟင်းနုနွယ်ရွက်ကတော့ ဆံပင်သန်ချင်သူတွေအဓိကထားစားသုံးသင့်တဲ့အရာပါပဲ။ ဆံသား ခြောက်သွေ့မှုကင်းစေမှာဖြစ်ပြီး မွဲခြောက်ခြောက်ဖြစ်ခြင်းအဆီဓာတ်ချို့တဲ့ခြင်းတို့မှ ကာကွယ်တားဆီးပေးမှာပါ။
၄။ ပြည့်ဝဆီပါတဲ့ ငါး
Fatty acid နဲ့အိုမီဂါ-၃ ကြွယ်ဝတဲ့ ငါးတွေဟာအမျိုးသမီးတွေ မှန်မှန်စားသုံးပေးသင့်တဲ့အရာတစ်ခုပါ။ သိပ္ပံပညာရှင်တွေရဲ့ ရှာဖွေတွေ့ရှိချက်အရ ပြည့်ဝဆီပါတဲ့ ငါးအများဆုံးစားတဲ့အမျိုးသမီး ၁၂၀ ဟာ ကျန်တဲ့အမျိုးသမီး တွေထက် ပိုပြီးနက်မှောင်သန်စွမ်းတဲ့ ဆံပင်ကိုပိုင်ဆိုင်ထားကြောင်းတွေ့ရှိခဲ့ရပါတယ်။
၅။ ကန်စွန်းဥ (အဝါ)
ကန်စွန်းဥမှာပါဝင်တဲ့ Beta-carotene ဟာစားသုံးလိုက်တဲ့အခါ ခန္ဓာကိုယ်တွင်းမှာ Vitamin Aအဖြစ်ပြောင်းလဲသွားမှာဖြစ်ပါတယ်။ Vitamin A ဟာ ခန္ဓာကိုယ်ကိုအဆီဓာတ်ထိန်းပေးရုံသာမက ဆံပင်ကိုလဲအစိုဓာတ်ညီညွတ်မျှတအောင် ထိန်းသိမ်းပေးပါတယ်။ ကန်းစွန်းဥတစ်လုံးမှာ Beta-carotene ပျမ်းမျှ ၄ ဆပါဝင်ပါတယ်။
၆။ ထောပတ်သီး
Vitamin E ကြွယ်ဝတဲ့ ထောပတ်သီးဟာ ဆံပင်ကျွတ်တာတွေ ဆံသားဆုံးရှုံးတာတွေကို မဖြစ်ပေါ်စေပါဘူး။ Vitamin E ဟာဆံပင်အတွက်သာမက ခန္ဓာကိုယ်နဲ့ စိတ်ပိုင်းဆိုင်ရာအတွက် စိတ်ဖိစီးမှု များကို လျော့နည်းစေပါတယ်။
၇။ ပဲစေ့
ပဲအမျိုးအစားအမျိုးမျိုးရှိပြီး မည်သည့်ပဲမဆို ပရိုတင်းဓာတ်ကြွယ်ဝပါတယ်။ ပဲတွေမှာ Iron နဲ့ Zinc ဓာတ်တို့လဲကြွယ်ဝတာကြောင့် ဆံသားကို ကျစ်လစ်ခိုင်မာစေမှာဖြစ်ပါတယ်။