![]()
အသားအရေအမျိုးအစားလိုက် မျက်နှာပေါင်းတင်နည်း (၁)အဆီပြန်ခြင်းအတွက် မျက်နှာပေါင်းတင်နည်း ကြက်ဥအကာကိုအနှစ်နဲ့ မရောအောင် သပ်သပ်ခွဲထုတ်ပြီး မျက်နှာပေါ်ကို သုတ်လိမ်းပေးပါ။ မျက်စိထဲမဝင်မိပါစေနဲ့။ နာရီဝက်ကြာထားပြီး တင်းနေတဲ့မျက်နှာကို ရေနှင့်စင်အောင် ပြန်ဆေးပါ။ ကြက်ဥအနံ့ပျောက်အောင် ကြိုက်နှစ်သက်ရာ မျက်နှာသစ်ဆေးရည်နဲ့ တစ်ထပ်ပြန်ဆေးနိုင်ပါတယ်။ ဒီ မျက်နှာပေါင်းတင်နည်းဟာအဆီပြန်တဲ့အသားအရေအတွက်အသင့်တော်ဆုံးဖြစ်ပါတယ်။ ကိုယ့်အသားအရေက နွေမှာအဆီပြန်တတ်တယ်ဆိုရင်လည်း နွေမှာ ဒီနည်းလေးနဲ့အများဆုံး တစ်ပတ်တစ်ခါပေါင်းတင်လို့ရပါတယ်။ ခြောက်သွေ့တဲ့အသားအရေတွေအတွက်တော့ ဒီနည်းဟာ မသင့်တော်ပါဘူး။ (၂)အသားအရေ ခြောက်သွေ့ခြင်းအတွက် မျက်နှာ ပေါင်းတင်နည်း ခရမ်းချဉ်သီးအမှည့်ကို ကန့်လန့်ဖြတ် ပုံစံအကွင်းပြားလေး မထူမပါး လှီးဖြတ်ပါ။သကြားကို ပန်းကန်အပြန့်ပေါ် လက်ဖက်ရည်စွန်းတစ်စွန်း ခပ်ထည့်ပါ။ ခရမ်းချဉ်သီးအပြား ကို သကြားနှင့်လူးပြီး မျက်နှာပေါ်အနှံ့ ခရမ်းချဉ်သီးအရည်အကုန်ကြေသည်အထိ သုတ်လိမ်းပါ။ သုတ်လိမ်းပြီးပါက ၁ဝ မိနစ်ခန့် ထားပြီးဆေးကြော သန့်စင်နိုင်ပါပြီ။ ဒီမျက်နှာပေါင်းတင်နည်း ဟာ ခြောက်သွေ့တဲ့အသားအရေအတွက်အထူးသင့်လျော်တဲ့ရေဓာတ်ဖြည့်ပေးတဲ့နည်းဖြစ်ပါတယ်။ ဆောင်းတွင်းဘက် ကိုယ့်အသားအရေ ခြောက်လာတယ်လို့ ခံစားရရင်လည်း ဒီနည်းလေးနဲ့အများဆုံး သုံးရက်တစ်ခါ ပေါင်းတင်နိုင်ပါတယ်။ (၃) မည်သည့်အသားအရေမဆို သုံးလို့ရတဲ့ တိုနာအစားထိုး မျက်နှာဆေးနည်း လက်ဖက်ခြောက်အထုပ် ဖြစ်ဖြစ်အမှုန့်ဖြင့်ဖြင့် တစ်ခွက်ကို ရေနွေးဖြင့်ဖျော်ပြီး လက်ဖက်အရောင်ကျပြီး နောက်တဲ့အထိထားပါလက်ဖက်ခြောက်ရည်ထဲကို ဗီတာမင် E အဆီလေးပါထည့်မွှေပေးပါ။(ဒီအဆင့်က မထည့်လည်းရပါတယ်။ ထည့်ရင်တော့ပိုကောင်းပါတယ်။)အရောင်ကျနေတဲ့ လက်ဖက်ရည်ကြမ်းကို မွှေပြီး ရေခဲတုံးပြုလုပ်တဲ့ ခွက်အကန့်လေးထဲသို့လောင်းထည့်ပါ။ ပြီးရင်တော့ ရေခဲသေတ္တာထဲထည့်ပြီး နောက်တစ်နေ့ ရေခဲတုံးဖြစ်တဲ့အထိစောင့်ပါ။ နောက်တစ်နေ့ ရေခဲသေတ္တာထဲကနေ လက်ဖက်ခြောက် ရေခဲတုံးလေးတွေကို တစ်နေ့တစ်တုံး ထုတ်ပြီးမျက်နှာသစ်ဆပ်ပြာဖြင့် ဆေးကြောသန့်စင်ပြီးတဲ့ မျက်နှာပေါ်မှာ နေရာအနှံ့ကိုပွတ်တိုက်နိုင်ပါပြီ။ ဒီနည်းဟာ မျက်နှာပေါ်က ချွေးပေါက်တွေကိုကျဉ်းစေနိုင်တဲ့ Tonerအစားထိုး သဘာဝနည်းလေးဖြစ်တဲ့အပြင်နေ့စဉ် သုံးခြင်းဖြင့် မျက်နှာကိုပိုမို လင်းလက်တောက်ပလာစေတာကို သတိထားမိမှာပါ။ မည့်သည့်အသားအရေအမျိုးအစားနှင့်မဆိုလည်း သင့်တော်တဲ့ နည်းလေးဖြစ်ပါတယ်။ ကိုယ့်အသားအရေအခြေအနေပေါ်မူတည်ပြီး သင့်တော်တဲ့ နည်းနဲ့ ဝက်ခြံ မဲ့ခြောက်ရန်က ကင်းအောင် ကိုယ့်မျက်နှာလေးကိုအိမ်မှာဂရုစိုက်ပေါင်းတင်နိုင်ကြပါစေ။ Credit: Htoo Nay Mu သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီအချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။