Vaseline က သိပ်ကို ကောင်းတဲ့အလှအပ ပစ္စည်းလို့ ကိုယ်ပြောရင် ယုံလိုက်ပါ။ Editor ကတော့ နှုတ်ခမ်းသားအစိုဓာတ်ဖြည့်ဖို့သုံးသလို မျက်တောင်လေးတွေ ရှည်လျားဖို့အတွက် လိမ်းလေ့ရှိပါတယ်။ တကယ်လဲ ကောင်းသလို ထိရောက်တာလဲ ကိုယ်တွေ့ပါ။ Hollywood က Celebrity တွေလည်း Vaseline ကို နှစ်နှစ်ခြိုက်ခြိုက်အသုံးပြုကြပါတယ်။ British Singer တစ်ယောက်ဖြစ်တဲ့ Troye Sivan ဆို သူ့မရှိမဖြစ် ပစ္စည်းထဲမှာ Vaseline Petroleum jelly က တစ်ခုအပါအဝင်ပါ။ ဈေးသက်သာတဲ့အပြင် ဘက်စုံသုံးလို့ရတဲ့အတွက် နှစ်ဘယ်လောက်ကြာကြာ၊ ဘယ်လို Beauty Product တွေထွက်ထွက် Vaseline ကို ယှဉ်လို့မရတာအမှန်ပါ။အလှအပနဲ့ ပတ်သတ်ပြီးအခြား ဘယ်လိုနေရာတွေမှာ သုံးလို့ရသေးလဲဆိုတာ ဆက်ပြီး ဖတ်ကြည့်ဖို့တော့လိုမယ်နော်။
Thick Brow
Brow Gel မရှိတဲ့အချိန်မှာ Vaseline ကအထောက်အကူပေးပါတယ်။ Eye Brow ပေါ်မှာအနည်းငယ်သုတ်လိမ်းတာက မျက်ခုံးတွေကို ထူထဲရှည်လျားတဲ့အသွင် ဖြစ်စေပြီး တစ်နေကုန်လှပနေစေပါတယ်။
Use it as highlitghter
Kim Kardashian ရဲ့ Makeup Artist က Expenisve Skin Lookအတွက် Petroleum Jelly ကိုအသုံးပြုလေ့ရှိပါတယ်။ ပါးရိုးတစ်လျှောက် ပုတ်ပုုတ်လိမ်းလိုက်ခြင်းဖြင့် ဆွဲဆောင်မှုရှိတဲ့ Glow Effect ကိုရရှိမှာဖြစ်ပါတယ်။
Make your eyeshadow brighter
Vaselineအနည်းငယ်ကို မျက်ခွံအပေါ်မှာ ဘာမှမလိမ်းခင် ခြယ်သပါ။ ပြီးမှ Eyeshadowအရောင်ထပ်လိုက်တာကအရောင်ထွက်အားပိုကောင်းစေပါတယ်။
Remove your eye makeup
Eye shadow ကိုအရောင်ထွက်စေတာ တင်မကပဲ Eye Makeup ဖျက်ဖို့အတွက်လည်းအသုံးပြုလို့ရပါတယ်။ Eye liner နဲ့ Mascara ကို ကောင်းကောင်းကြီး သန့်စင်ပေးနိုုင်ပါတယ်။အရေပါးကို ထိခိုက်မှုမရှိဘဲအလွယ်တကူ မိတ်ကပ်တွေကို ဖယ်ရှားနိုင်ပါတယ်။
Cystic Acne
Breakout ဖြစ်နေတဲ့ ဝက်ခြံသမားတွေအတွက် တွေ့ကရာ ဝက်ခြံပျောက်ဆေးတွေကို ဝယ်လိမ်းဖို့အဆင်မပြေပါဘူး။ ဒါလို နေရာမှာ စွယ်စုံရ Vaseline ကအသုံးဝင်နေပါရော။အသားရေကို Balance ဖြစ်အောင်လုပ်ပေးပြီး Inflmmation ဖြစ်ခြင်းမှ သက်သာစေပါတယ်။ ညဘက် Skincare တွေအကုန်လုပ်ပြီးတဲ့အချိန် ဝက်ခြံတစ်ဝိုက်ကို Vaseline လေးလိမ်းထားရုံပါ။
Moisturize under your eyes
Eye Cream ဝယ်ဖို့ ပိုက်ဆံမလိုလောက်တဲ့အချိန်တွေကြုံဖူးမှာပါ။ ဒီလိုအချိန်တွေမှာ Vaseline ကို သုံးလို့ရတယ်နော်။ ညအိပ်ခါနီး မျက်လုံးအောက်မှာ လိမ်းအိပ်ရုံပါပဲ။ မနက်ထလာတဲ့အချိန် စိုစိုပြေပြေနဲ့ မျက်လုံးလေးက တောက်ပနေမှာအသေအချာပါ။
![]()
Manicure Clean
လက်သည်းနီဆိုးတဲ့အချိန် ပေကျံတဲ့ ပြဿနာကို Vaseline နဲ့ ဖြေရှင်းနိုင်ပါတယ်။ လက်သည်းနီမဆိုးခင် လက်သည်းတစ်ဝိုက်ကအရေပြားပေါ်မှာ သုတ်လိမ်းပြီး လက်သည်းနီ ဆိုးပြီးတဲ့အချိန်မှာ ခွာလိုက်ရုံပါပဲ။အလုပ်မရှုပ်တဲ့အပြင် ပေကျံမှာကို မစိုးရိမ်ရတော့ပါဘူး။
Long Lasting Perfume
ရေမွှေးအနံ့ ကြာကြာခံဖို့အတွက် လက်ကောက်ဝတ်နဲ့ လည်ပင်းတစ်ဝိုက်မှာ တို့ထားလိုက်ပါ။ ရေမွှေးဖြန်းတဲ့အချိန်အဲ့ဒီနေရာလေးတွေကိုအဓိကထားဆွတ်ပေးလိုက်တာက ပုံမှန်အေရေပါးမှာ ဆွတ်တာထက် ရေမွှေးအနံ့ကို ကြာကြာခံစေပါတယ်။
Editor: Pan JN