သင်မသိသေးတဲ့ နှုတ်ခမ်းနီဆိုးခြင်း၏ ကောင်းကျိုးများ
shweinnlay.com
|
2018-10-17






ပြည့်စုံတဲ့ makeup look ကို ရရှိဖို့အတွက် နှုတ်ခမ်းနီ မပါလျှင် မပြီးပါဘူး။ နှုတ်ခမ်းနီက လှပတဲ့ မျက်နှာ၊ ကျက်သရေရှိတဲ့ မျက်နှာအလှကို ပိုင်ဆိုင်စေဖို့အတွက်အရေးအကြီးဆုံးအခန်းကဏ္ဍမှ ပါဝင်နေပါတယ်။ မျက်နှာရဲ့ သွင်ပြင်ကို ပြောင်းလဲသွားစေရုံသာမက နှုတ်ခမ်းအရေပြားအတွက်လည်း ကောင်းကျိုးလေးတွေ မသိမသာ ပေးစွမ်းနိုင်ပါသေးတယ်။အဲ့ဒါတွေကတော့..
နှုတ်ခမ်းနီအများစုဟာ နေရောင်ခြည်ဒဏ်မှ ကာကွယ်ပေးတဲ့ ပစ္စည်းများ ပါဝင်လို့ သင့်နှုတ်ခမ်းသားကို ပြင်းထန်တဲ့ UV rays များနှင့် တိုက်ရိုက်မထိတွေ့နိုင်အောင် ကာကွယ်ပေးပါတယ်။
နှုတ်ခမ်းနီမှာ ပါဝင်တဲ့ ဗီတာမင်အီး (သို့) ရှားစောင်းလက်ပက်ဟာ နှုတ်ခမ်းသားများ ခြောက်သွေ့ခြင်းမှ ကာကွယ်ပေးပါတယ်။
နှုတ်ခမ်းနီဆိုးထားခြင်းကြောင့် သင့်ရဲ့အပြုံးကို ပိုပြီး ပေါ်လွင်တောက်ပြောင်စေပါတယ်။
နှုတ်ခမ်းနီဟာ သင့်ကို ပိုမိုဆွဲဆောင်မှုရှိစေရုံသာမက ညဘက် date လုပ်တဲ့အခါမှာလည်း sexy ဖြစ်တဲ့အသွင်အပြင်ကို ဆောင်ကျဥ်းပေးနိုင်ပါတယ်။
နှုတ်ခမ်းနီဆိုးထားတဲ့အမျိုးသမီးဟာ မိမိကိုယ်ကို မိမိ ပိုပြီး ယုံကြည်မှုရှိကာ စွမ်းအားအပြည့် ပုံစံ ဖြစ်နေစေပါတယ်။ လူတွေရဲ့အမြင်အာရုံကိုလည်း ပိုပြီး ဖမ်းစားနိုင်ပါတယ်။
နှုတ်ခမ်းနီဟာ မိမိရဲ့ စိတ်ကို နိုးကြားတက်ကြွမှုကိုလည်း ပေးစွမ်းပါတယ်။ စိတ်ဖိစီးနေတဲ့အချိန်၊ စိတ်ထိုင်းမှိုင်းနေတဲ့အချိန်မျိုး နှုတ်ခမ်းနီ ရဲရဲလေး ဆိုးပေးခြင်းက သင့်ကို စိတ်ဓါတ်ခွန်အား ရနိုင်စေပါတယ်။
နှုတ်ခမ်းနီတွေက သင့်ရဲ့ စိတ်နေသဘောထားတွေကိုလည်း တစ်နည်းတဖုံ ဖော်ပြပေးနိုင်ပါတယ်။ သင်ဆိုးတဲ့ နှုတ်ခမ်းနီအရောင်တွေက တဆင့်ပေါ့။
သင့်နှုတ်ခမ်းသားကိုလည်း ပိုမိုနှုးညံ့ကောင်းမွန်အောင် ပြုလုပ်ပေးပါတယ်။

CHAN (ရွှေအင်းလေး)




Some text some message..