![]()
မီးဖိုချောင်မှာအမြဲတမ်းလိုလိုရှိနေတဲ့ဟင်းချက်စရာတွေအတွက်အသုံးဝင်တဲ့ဆားဟာ မထင်မှတ်ပဲ ဆံပင်အတွက်ပါအသုံးဝင်တဲ့အလှကုန်ပစ္စည်းဖြစ်လာခဲ့ပါပြီ။ခေါင်းလျှော်ရည်ထဲကို ဆားအနည်းငယ်ထည့်လျှော်ပေးသင့်တယ်ဆိုတဲ့အလှအပဆောင်းပါးတစ်ခုကိုတွေ့ခဲ့လို့ Trend ပရိသတ်ကြီးအတွက်အလှအပဗဟုသုတအနေနဲ့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။
ခေါင်းလျှော်ရည်ထဲဘာလို့ဆားထည့်ပေးသင့်တာလဲ?
ဆားက သဘာဝဖြစ်တဲ့အတွက်ဘေးဥပါဒ်ဖြစ်မှာလည်းလုံးဝမစိုးရိမ်ရပါဘူး။ခေါင်းလျှော်ရည်ထဲကို ဆားစားပွဲတင်ဇွန်း ၂ဇွန်းစာလောက်ရောထည့်ပြီးလျှော်ပေးတာက…
*အဆီပြန်ခြင်းကိုကာကွယ်ပေးတယ်
ခေါင်းလျှော်ရည်ထဲဆားထည့်လျှော်ပေးတာက ဦးရေပြားအဆီပြန်ခြင်းကို ကာကွယ်ပေးပါတယ်။လုံးဝအဆီမပြန်တာမျိုးမဟုတ်ပဲ လိုအပ်တဲ့အဆီပမာဏာပဲအဆီပြန်အောင်ထိန်းညှိပေးတာပါ။အဆီပြန်တာကိုကာကွယ်ပေးတဲ့အတွက် ၂ရက်လောက်နဲ့အဆီပြန်တဲ့ဦးရေပြားဟာ စေးကပ်ကပ်ဖြစ်မနေတော့ပဲ သုံးရက်လောက်နေမှ ခေါင်းလျှော်ပေးလို့ရသွားပါတယ်။တစ်ပတ်လောက်နဲ့တင် သိသာတဲ့ရလဒ်ကိုမြင်တွေ့ရမှာပါ။
*ဗောက်ထခြင်းနဲ့ဦးရေပြားပြဿနာကိုဖြေရှင်းပေးတယ်
ခေါင်းလျှော်ရည်ထဲဆားအနည်းငယ်ထည့်လျှော်ပေးတာဟာ ဗောက်ထခြင်းကိုကာကွယ်ပေးပါသတဲ့။ဗောက်ထလို့စိတ်ညစ်စရာမလိုတော့ပါဘူးနော်။ပိုပြီးထိရောက်ချင်ရင်အိမ်သုံးဆားထက်ပင်လယ်ဆားကိုသုံးပေးပါ။ပင်လယ်ဆားနဲ့ခေါင်းလျှော်ရည်ကို ရောစပ်ပြီးဦးရေပြားကိုအသာအယာ ၁၀ မိနစ်လောက်နှိပ်နယ်ပေးပါ။ဦးရေပြားကိုပါသန့်စင်ပြီးသားဖြစ်ပါလိ့မ်မယ်။
*ဆံပင်ကျွတ်သက်သာစေတယ်
ဆံပင်တွေခဏခဏကျွတ်နေရင် ဒီနည်းလေးကိုသာသုံးပေးလိုက်ပါ။အပေါ်ကနည်းအတိုင်း ဦးခေါင်းကို၁၀မိနစ်လောက်နှိပ်နယ်ပေးပြီးလျှော်ကြည့်ပါ။အရင်လိုဆံပင်မကျွတ်တော့တာကို သတိထားမိပါလိမ့်မယ်။
ဒီတော့ဘယ်လိုဆားမျိုးက ဘာအတွက်အသုံးဝင်လဲ?
စားပွဲတင်ဆား
အိမ်သုံးဆားက ဆံပင်ကျွတ်ခြင်းကိုအထူးသက်သာစေတယ်
သဘာဝဆား
သဘာဝအတိုင်းရရှိလာတဲ့ဆားက ဦးရေပြားပြဿနာတွေကိုကာကွယ်ပေးတယ်။ဆံပင်အတွက်လိုအပ်တဲ့ဓာတ်တွေဖြည့်ပေးတယ်။
ဆားခါး
ဆားခါးကတော့စိမ်နိုင်ရင် ခန္ဓာကိုယ်အတွက်ပါကောင်းမွန်စေပါတယ်။ဆားခါးက ဆံပင်အဆီပြန်တာကိုသက်သာစေသလို ဆံပင်ပျော့ဆေးနဲ့ရောစပ်သုံးရင် ဆံပင်လည်းအုံထူစေတယ်။ခေါင်းလျှော်ပြီး မိနစ် ၂၀လောက်နေမှ ရေနဲ့သန့်စင်ပါ။
ဆံပင်အတွက်ကောင်းမွန်တဲ့သဘာဝအလှကုန်ပစ္စည်းတစ်လက်ဖြစ်လို့ သေချာစမ်းသပ်သုံးကြည့်ကြဦးနော်
Unicode
*အဆီပြန်ခြင်းကိုကာကွယ်ပေးတယ်
ခေါင်းလျှော်ရည်ထဲဆားထည့်လျှော်ပေးတာက ဦးရေပြားအဆီပြန်ခြင်းကို ကာကွယ်ပေးပါတယ်။လုံးဝအဆီမပြန်တာမျိုးမဟုတ်ပဲ လိုအပ်တဲ့အဆီပမာဏာပဲအဆီပြန်အောင်ထိန်းညှိပေးတာပါ။အဆီပြန်တာကိုကာကွယ်ပေးတဲ့အတွက် ၂ရက်လောက်နဲ့အဆီပြန်တဲ့ဦးရေပြားဟာ စေးကပ်ကပ်ဖြစ်မနေတော့ပဲ သုံးရက်လောက်နေမှ ခေါင်းလျှော်ပေးလို့ရသွားပါတယ်။တစ်ပတ်လောက်နဲ့တင် သိသာတဲ့ရလဒ်ကိုမြင်တွေ့ရမှာပါ။
*ဗောက်ထခြင်းနဲ့ဦးရေပြားပြဿနာကိုဖြေရှင်းပေးတယ်
ခေါင်းလျှော်ရည်ထဲဆားအနညး်ငယ်ထည့်လျှော်ပေးတာဟာ ဗောက်ထခြင်းကိုကာကွယ်ပေးပါသတဲ့။ဗောက်ထလို့စိတ်ညစ်စရာမလိုတော့ပါဘူးနော်။ပိုပြီးထိရောက်ချင်ရင် အိမ်သုံးဆားထက်ပင်လယ်ဆားကိုသုံးပေးပါ။ပင်လယ်ဆားနဲ့ခေါင်းလျှော်ရည်ကို ရောစပ်ပြီးဦးရေပြားကိုအသာအယာ ၁၀ မိနစ်လောက်နှိပ်နယ်ပေးပါ။ဦးရေပြားကိုပါသန့်စင်ပြီးသားဖြစ်ပါလိ့မ်မယ်။
*ဆံပင်ကျွတ်သက်သာစေတယ်
ဆံပင်တွေခဏခဏကျွတ်နေရင် ဒီနည်းလေးကိုသာသုံးပေးလိုက်ပါ။အပေါ်ကနည်းအတိုင်း ဦးခေါင်းကို၁ဝမိနစ်လောက်နှိပ်နယ်ပေးပြီးလျှော်ကြည့်ပါ။အရင်လိုဆံပင်မကျွတ်တော့တာကို သတိထားမိပါလိမ့်မယ်။
ဒီတော့ဘယ်လိုဆားမျိုးက ဘာအတွက်အသုံးဝင်လဲ?
စားပွဲတင်ဆား
အိမ်သုံးဆားက ဆံပင်ကျွတ်ခြင်းကိုအထူးသက်သာစေတယ်
သဘာဝဆား
သဘာဝအတိုင်းရရှိလာတဲ့ဆားက ဦးရေပြားပြဿနာတွေကိုကာကွယ်ပေးတယ်။ဆံပင်အတွက်လိုအပ်တဲ့ဓာတ်တွေဖြည့်ပေးတယ်။
ဆားခါး
ဆားခါးကတော့စိမ်နိုင်ရင် ခန္ဓာကိုယ်အတွက်ပါကောင်းမွန်စေပါတယ်။ဆားခါးက ဆံပင်အဆီပြန်တာကိုသက်သာစေသလို ဆံပင်ပျော့ဆေးနဲ့ရောစပ်သုံးရင် ဆံပင်လည်းအုံထူစေတယ်။ခေါင်းလျှော်ပြီး မိနစ် ၂ဝလောက်နေမှ ရေနဲ့သန့်စင်ပါ။
ဆံပင်အတွက်ကောင်းမွန်တဲ့သဘာဝအလှကုန်ပစ္စည်းတစ်လက်ဖြစ်လို့ သေချာစမ်းသပ်သုံးကြည့်ကြဦးနော်