နနွင်းမှုန့်ကိုအကျိုးရှိရှိ ဒီလိုအသုံးချကြမယ်
trend.com.mm
|
2019-04-30




နနွင်းမှုန့်ဆိုတာ မီးဖိုချောင်မှာအမြဲရှိနေတဲ့ဟင်းချက်အမယ်တစ်ခုပါ။ဟင်းချက်တိုင်းထည့်သုံးလေ့ရှိကြသလိုအလှအပအတွက်၊ကျန်းမာရေးအတွက်လည်း
သုံးလေ့ရှိကြပါသေးတယ်။ဘယ်လိုနေရာတွေမှာ နနွင်းမှုန့်ကိုသုံးလေ့ရှိလဲ?


*ဝက်ခြံ





ရှားစောင်းလက်ပတ်အရည်စားပွဲတင်ဇွန်း ၁ဇွန်းနဲ့ နနွင်းမှုန့် စားပွဲတင်ဇွန်း လေးပုံတစ်ပုံကိုရောစပ်ပြီးဝက်ခြံရှိတဲ့နေရာတစ်ဝိုက်ကို လိမ်းပေးထားပါ။
၁၅မိနစ်ကြာရင် ရေဆေးချလိုက်ပါ။တစ်ပတ်ကိုသုံးကြိမ်လောက်လုပ်ပေးမယ်ဆိုရင်ဝက်ခြံတွေချပ်ရပ်သွားပါလိမ့်မယ်။


*သွားဖြူစေ








သွားတိုက်တဲ့အခါ သံလွင်ဆီအနည်းငယ်နဲ့နနွင်းမှုန့်အနည်းငယ်ကိုရောစပ်ပြီး ၃မိနစ်ကြာအောင်တိုက်ပါ။တစ်ပတ်ကို ၂ကြိမ်ကနေ ၃ကြိမ်တိုက်ပေးရင်
သွားလေးတွေဖြူဝင်းကျန်းမာလာပါလိမ့်မယ်။


*ဆံပင်ရှည်မြန်








နနွင်းမှုန့်စားပွဲတင်ဇွန်းတစ်ဇွန်းနဲ့ ဟင်းရွက်ဆီ 50 ml ကိုရောစပ်ပြီး ဆံပင်အဖျားတွေထဲထိ စိမ့်ဝင်နေအောင်လိမ်းပေးပါ။နာရီဝက်ကြာရင်တော့ရေ
ဆေးချလို့ရပါပြီ။ဒီနည်းလေးကို တစ်လကို ၁ကြိမ်ကနေ ၃ကြိမ်ထိလုပ်ပေးမယ်ဆိုရင် ဆံပင်အရှည်မြန်လာပါလိမ့်မယ်။


*စိတ်လန်းဆန်းတက်ကြွစေ








ရေအေးအေးတစ်ခွက်ထဲမှာ စားပွဲတင်ဇွန်းတစ်ဝက်နနွင်းမှုန့်ရယ်၊ငရုတ်ကောင်းမှုန့် စားပွဲတင်ဇွန်းတစ်ဝက်ရယ်၊သံပုရာသီးတစ်စိတ်ရယ်ကိုအရည်ညှစ်
ရောစပ်ပြီးသောက်ပါ။ဒါက သင့်စိတ်ကိုလန်းဆန်းတက်ကြွစေပြီး ဦးနှောက်လုပ်ဆောင်မှုကိုကောင်းမွန်စေပါတယ်။ဒါပေမဲ့အစာအိမ်နဲ့ပတ်သက်တဲ့
ပြဿနာတွေရှိရင်တော့ မသောက်သင့်ပါဘူး။တစ်နေ့ကိုတစ်ကြိမ်ဖြစ်စေ၊တစ်ပတ်ကိုသုံးလေးကြိမ်ဖြစ်စေ သောက်ပေးနိုင်ပါတယ်။


*အရိုးအဆစ်နာကျင်မှုလျှော့ချပေး








နနွင်းမှုန့်စားပွဲတင်တစ်ဇွန်း၊ပျားရည်စားပွဲတင်ဇွန်းတစ်ဇွန်း၊ကြိတ်ချေထားတဲ့ကြက်သွန်ဖြူ၂မွှာအားလုံးကိုခပ်ပျစ်ပျစ်လေးဖြစ်အောင်
ရောစပ်လိုက်ပါ။ပြီးရင်နာကျင်နေတဲ့ နေရာတစ်ဝိုက်ကို မိနစ် ၂၀လောက်ကြာအောင်ကပ်ပေးထားပါ။ဒီနည်းလေးကို ၂ပတ်ကြာအောင်
ပုံမှန်လုပ်ပေးနိုင်ပါတယ်။


*ဝိတ်ကျစေ








နွားနို့တစ်ဖန်ခွက်ထဲမှာ နနွင်းမှုန့်စားပွဲတင်ဇွန်းတစ်ဝက်ထည့်ပြီးပုံမှန်သောက်ပေးရင် ခန္ဓာကိုယ်တွင်းဇီဝဖြစ်စဉ်မြန်ဆန်စေပြီးအစားစားချင်စိတ်ကို
လျော့နည်းစေပါတယ်။မနက်စောစောဖြစ်စေ၊ညနေခင်းဖြစ်စေ သောက်ပေးလို့ရပါတယ်။

စာဖတ်သူတွေလည်းအလွယ်တကူဝယ်ယူရရှိနိုင်တဲ့ နနွင်းမှုန့်ကိုအကျိုးရှိရှိအသုံးချတတ်ပါစေနော်




Some text some message..