အရေပြားတွန့်ခြင်း၊ ဝက်ခြံနဲ့အစက်အပျောက်တွေ ကုသဖို့ ထူးခြားတဲ့ ကုထုံးအသစ်
shwemom.com
|
2019-05-07




အမျိုးသမီးတွေရဲ့အလှအပရေးရာနယ်ပယ်မှာအလွန်နာမည်ကြီးတဲ့အမျိုးသမီးပညာရှင် Chelsee Lewis ကအမျိုးသမီးတွေအနေနဲ့အရွယ်မတိုင်ခင်အရေပြားတွန့်ခြင်း၊အရေးကြောင်းများ ဖြစ်ခြင်း၊ တင်းတိပ်နဲ့ဝက်ခြံကဲ့သို့သော် ပြဿနာတွေအတွက်အမျိုးသားသုတ်ရည်ကအကောင်းဆုံးကုထုံးလို့ ဆိုပါတယ်။


Chelsee ဟာ လုပ်သက် (၂၂)နှစ်ကြာအလှအပရေးရာလုပ်ငန်းမှာ ကျင်လည်ခဲ့တဲ့အတွေ့အကြုံရှိ ဝါရင့်ပညာရှင်တစ်ဦးဖြစ်ပြီး၊ သူမက သင့်အမျိုးသားရဲ့ သုတ်ရည်ကို ဖြုန်းတီးမပစ်ဘဲ၊ မျက်နှာပြင်ပေါ် လိမ်းပေးခြင်းက သင့်ရဲ့အရေပြားကျန်းမာရေးကို ထိန်းသိမ်းပေးမယ်လို့ ထောက်ခံချက် ပေးခဲ့တာပါ။


Chelsee ရဲ့ထုတ်ဖော်မှုဟာအခုမှ စတင်လာတဲ့အလှပရေးရာအကြံပေးမှုတော့ မဟုတ်ခဲ့ပါဘူး။ ယခင်ကတည်းကအလှပညာရှင်ဘလော့ဂါတွေ၊ ဒေါက်တာတစ်ချို့ကလည်းအမျိုးသာသုတ်ရေရဲ့အရေးပြားအပေါ်အကျိုးပြုနိုင်မှုကိုအကြံပေးခဲ့ကြပါသေးတယ်။ စံပြအဖြစ်အသုံးပြုပြတဲ့ မော်ဒယ်တွေလည်း များစွာ ပေါ်ပေါက်ခဲ့ပါတယ်။


VT


ဒီအကြံပေးမှုဟာ သာမန်အားဖြင့်အလွန်ရွံစရာကောင်းသည်ဟု ထင်မြင်ရသော်လည်း၊ လက်တွေ့စမ်းသပ်ပြီး တကယ်အကျိုးထူးရလာသူတွေလည်း မနည်းပါဘူး။ Chelsee က “ လိင်မှုရေးရာဟာအရေးပြားထဲမှာ လည်ပတ်နေတဲ့အောက်ဆီဂျင်တွေအရှိန်မြင့်ဖို့အတွက်အကောင်းဆုံးနည်းလမ်းပါ … စိတ်ဖိအားမှုများစေတဲ့ ဟိုမုန်းတွေက Collagen ကို တိုးတက်စေပြီး ဟိုမုန်းပမာဏတွေကို မျှတစေပါတယ် … တကယ်လို့ သင်သာ သုတ်ရေကို တိုက်ရိုက် Maskအဖြစ် သုံးမယ်ဆိုရင် တကယ်အကျိုးထူးခံစားရမှာပါ … သုတ်ရည်ထဲမှာ Spermine လို့ခေါ်တဲ့ ဓာတ်ပေါင်းတွေ ပါဝင်ပြီး ဒါတွေကအရေးကြောင်းတွေ ပေါ်တာတွေ၊အစက်အပျောက်တွေအတွက် Antioxidant တွေပါဘဲ …”လို့ ပြောခဲ့ပါတယ်။


မဒီလေး (Shwemom)


Source : unilad.co.uk




Some text some message..