အဆီထွက်သော ဆံသားပိုင်ရှင်များအတွက် ဆောင်ထားရမယ့် နည်းလမ်းကောင်း
shweinnlay.com
|
2018-10-20



ခေါင်းလျှော်ပြီး ၂ရက်၊၃ရက်မှာတင် ဆံပင်က စေးကပ်ကပ် ပြန်ဖြစ်လာခြင်းကိုအဆီထွက်လွယ်သော ဆံသားပိုင်ရှင်များအမြဲတွေ့ကြုံခံစားရပါတယ်။ ဦးရေပြားပေါ်ရှိအဆီထွက်သောအကျိတ်လေးများမှအဆီရည်အဖြစ် ထုတ်ပေးပြီး ဦးခေါင်းပေါ်မှာအဆီပြန်ခြင်းကို ဖြစ်လာစေပါတယ်။ထိုအဆီရည်တွေဟာအမျိုးသမီးတွေမှာ ပမာဏအနည်းငယ်သာရှိတတ်တဲ့ Androgen ဟော်မုန်းကို ထိန်းချုပ်ပေးပါတယ်။ထိုအဆီရည်ဟာအပျိုဖော်ဝင်စအချိန်မှာ စတင်ဖြစ်လာပြီးအမျိုးသမီးများ ရာသီလာစဉ်အတွင်း ဆံပင်မှာ တဖြေးဖြေးနှင့် ကပ်စီးစီး ဖြစ်လာရပါတယ်။ခေါင်းပုံမှန်လျှော်သည့်တိုင်အဆီက ပုံမှန်အတိုင်း ထွက်လေ့ရှိပါတယ်။ထိုအဆီပြန်တဲ့ဆံပင်ဟာ ဗောက်နှင့် ယားယံခြင်းတို့ကိုလည်း ဖြစ်စေနိုင်ပါတယ်။

ဆံသားအဆီပြန်ခြင်းဖြစ်ရတဲ့အချို့အကြောင်းအရင်းတွေကတော့ မျိုးရိုးဗီဇ၊သန္ဓေတားဆေးသုံးခြင်း ၊ရာသီစက်ဝန်းချိန်အတွင်း ဟော်မုန်းအပြောင်းအလဲဖြစ်ခြင်း၊ စိတ်ဖိစီးမှု၊အဆီများသောအစားအစာများ လွန်ကဲစွာ စားသုံးမှု နှင့် ဆံပင်ထိန်းသိမ်းပြုပြင်ခြင်း မရှိမှု စသည်တို့ကြောင့် ဖြစ်ပါတယ်။

ဒါကြောင့် ဆံပင်အဆီပြန်လွယ်တဲ့သူများအတွက် သက်သာစေမယ့် နည်းလမ်းကောင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။


၁။နေ့တိုင်းခေါင်းလျှော်ပါ
ဆံပင်အဆီပြန်ခြင်းကို သက်သာစေနိင်မယ့်အကောင်းဆုံးနည်းလမ်းကတော့ နေ့တိုင်း ခေါင်းလျှော်တာပါပဲ။နေ့တိုင်း ခေါင်းလျှော်ခြင်းကအဆီတွေကိုအမြဲရှင်းထုတ်ပေးပြီး သင့်ဆံသားကို ပျော့ပြောင်းလှပနေစေမှာပါ။စာရေးသူအနေဖြင် ဖြည့်စွက်ချက် ပြောရလျှင် နေ့တိုင်းခေါင်းလျှော်ခြင်းကိုတော့အားမပေးပါဘူး။နေ့တိုင်းထက် ၂ရက်ခြားတစ်ကြိမ်လျှော်ပေးတာက ပိုပြီးကောင်းပါလိ့မ်မယ်။


၂။ရှားစောင်းလက်ပက်အနှစ်
ဆံပင်အဆီထွက်ခြင်းကို သက်သာလျော့နည်းသွားစေဖို့အတွက် ရှားစောင်းလက်ပက်နည်းလမ်းကိုလည်း မေ့ထားလို့ မရပါဘူး။ဒီနည်းလမ်းကိုအသုံးပြုပါက ပထမဦးစွာ chemical နည်းတဲ့ shampoo ကို ရွေးချယ်အသုံးပြုစေချင်ပါတယ် ။ မိမိအသုံးပြုမယ့် ခေါင်းလျှော်ရည်ထဲ သံပုယိုရည် နှင့် ရှားစောင်းလက်ပက်အနှစ်တို့ကို လက်ဖက်ရည်ဇွန်း ၁ဇွန်းခန့်စီ ထည့်ရောပါ။ ထို့နောက် ပုံမှန်အတိုင်း ခေါင်းလျှော်ပါ။ ပါဝင်ပစ္စည်းများ ဆံသားအပေါ် စိမ့်ဝင်ထိရောက်အောင် မိနစ်အနည်းငယ်ခန့် ထားပေးပါ။ ပြီးသွားလျှင် ရေဖြင့် ပြောင်စင်အောင် ဆေးချလိုက်ပါ။ထိုနည်းလမ်းကိုအဆီပြန်ခြင်း သက်သာလာသည်အထိ ခေါင်းလျှော်မယ့်အခါတိုင်း ပြုလုပ်နိုင်ပါတယ်။


၃။ကြက်ဥအနှစ်
ကြက်ဥအနှစ်ဟာ ဆံသားကို ပျော့ပြောင်းကျန်းမာစေပြီးအဆီတွေကို ဖယ်ရှားပေးနိုင်တဲ့အစွမ်းသတ္တိတွေ ရှိပါတယ်။ဒါဟာ လွန်ခဲ့တဲ့ နှစ်များစွာကတည်းကအသုံးပြုလာတဲ့ ရှေးရိုးနည်းလမ်းတစ်ခုလည်း ဖြစ်ပါတယ်။ ပထမဦးစွာ ကြက်ဥနှစ်လုံးမှအနှစ်တွေကို သီးသန့်ဖယ်ယူပါ။ထိုကြက်ဥအနှစ်တွေကို ခလောက်ပေးပါ။ပြီးလျှင် သံပုယိုရည်အစက်အနည်းငယ် ချပေးပြီမွှေလိုက်ပါ။ရရှိလာသော ကြက်ဥအနှစ်ရည်ကို ဦးခေါင်းပေါ် သုတ်လိမ်းပါ။မလိမ်းခင် သင့်ရဲ့ဆံပင်တွေကို ရေစိုအောင် ပြုလုပ်ထားပါ။ကြက်ဥအနှစ်များ လိမ်းကျံပြီး ၅မိနစ်ခန့်ကြာအောင် ထားပြီးလျှင် သေချာပြောင်စင်အောင် ဆေးကြောပစ်ပါ။ ဒီနည်းလမ်းကို တစ်ပါတ် ၂ကြိမ်ပြုလုပ်ခြင်းဖြင့် ဆံသားအဆီပြန်ခြင်းကို သိသိသာသာ သက်သာသွားစေမှာပဲ ဖြစ်ပါတယ်။

CHAN(ရွှေအင်းလေး)




Some text some message..