ဆံပင်ကောက်သားရှိသူတွေအတွက် တကယ်ထိရောက်တဲ့ဆံသားထိန်းသိမ်းနည်းတွေ…
trend.com.mm
|
2019-05-14




ဆံကေသာနဲ့ပတ်သက်ပြီး ကျွမ်းကျင်သူတွေက ဆံသားဖြောင့်စင်းတဲ့သူတွေထက် ဆံနွယ်ကောက်သားရှိသူတွေဟာ ဆံသားထိန်းသိမ်းရတာပိုခက်တယ်လို့
ပြောကြပါတယ်။ကောက်သားရှိတဲ့ဆံပင်က ခြောက်သွေ့လွယ်တဲ့အတွက် သေချာထိန်းသိမ်းဖို့လိုအပ်သလိုအမြဲဂရုစိုက်နေမှ ကိုယ့်ဆံနွယ်လေးတွေက
ကောက်သားလေးတွေနဲ့ လှနေမှာပါ။ဒါကြောင့် ဆံပင်ကောက်သားရှိတဲ့ပျိုမေတု့ိအတွက် လှပတဲ့ကောက်သားလေးတွေကိုအမြဲပိုင်ဆိုင်ရအောင်
နည်းလမ်းကောင်းလေးတွေပြန်လည်ဖော်ပြပေးလိုက်ပါတယ်။








Hot oil massage
ကိုယ်က ဆံပင်ကောက်သားရှိတယ်ဆိုရင် Hot oil massage လေးလုပ်ဖို့လိုအပ်ပါတယ်။ပြီးတော့ ခေါင်းလိမ်းဆီတွေအမျိုးမျိုးရှိတဲ့အထဲအုန်းဆီကိုသာ
ရွေးချယ်စေလိုပါတယ်။အုန်းဆီက သင့်ရဲ့ဆံကေသာကိုအရင်းအမြစ်ကနေ ကောင်းမွန်လာစေပါတယ်။အုန်းဆီအနည်းငယ်ကို ပူလာရုံလေးအပူပေးပြီး
ဦးရေပြားအနှံလိမ်းခြယ်နှိပ်နယ်ပေးပါ။ညအိပ်ရာမဝင်ခင် လိမ်းပေးထားတာဖြစ်စေ ခေါင်းမလျှော်ခင် ၂နာရီ ၃နာရီအလိုမှာလိမ်းပေးထားတာဖြစ်စေ
လုပ်ပေးနိုင်ပါတယ်။တစ်ပတ်ကို ၂ခါလောက်ပုံမှန်လုပ်ပေးကြည့်ရင် ဆံကေသာနဲ့ပတ်သက်ပြီး ထူးခြားလာတာကို တွေ့ရပါလိမ့်မယ်။


ပန်းသီးရှာလကာရည်
ဆံပင်ကောက်သားရှိတဲ့ဦးရေပြားပိုင်ရှင်တွေဟာ ဆံပင်သားခြောက်သွေ့တာ၊ဖွာထွက်တာ၊ပြတ်ထွက်တာစတဲ့ပြဿနာတွေကို ဖြောင့်စင်းတဲ့ဆံကေသာ
ပိုင်ရှင်တွေထက်ပိုပြီးကြုံရလေ့ရှိပါတယ်။အဲ့ဒီလိုတွေမဖြစ်အောင်လုပ်ဆောင်ရမယ့် နည်းလမ်းကောင်းလေးကတော့ ပန်းသီးရှာလကာရည်ကိုသုံးပေး
ဖို့ပါပဲ။ပန်းသီးရှာလကာရည်ဟာ ဆံပင်သားချောမွေ့စေပြီး ပျက်စီးကြမ်းတမ်းမှုတွေမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ပန်းသီးရှာလကာရည်စားပွဲတင်
ဇွန်း ၂ ဇွန်းစာကို Lavender ဆီအစက်အနည်းငယ်နဲ့ရောလိုက်ပါ။ပြီးရင်အဲ့ဒီရောစပ်ထားတာတွေကို ရေအေးတစ်ခွက်နဲ့ရောစပ်ပြီး ခေါင်းလျှော်ပြီးတဲ့အခါ
လောင်းချပါ။လောင်းချပြီး ၂မိနစ်လောက်ကြာမှ ရေနဲ့ပြန်လည်ဆေးကြောပေးပါ။တစ်ပတ်ကိုတစ်ခါလောက်လုပ်ပေးရုံနဲ့ထိရောက်တဲ့ရလဒ်ကို ပိုင်ဆိုင်ရမှာပါ။








ပျော့ဆေး
ဆံပင်ကောက်သားရှိသူတိုင်းပျော့ဆေးကို ပုံမှန်သုံးပေးသင့်ပါတယ်။အဲ့ဒါမှ ဆံသားလေးတွေပျော့စင်းပြီးအလွယ်တကူမပျက်စီးတော့မှာပါ။ခေါင်းလျှော်ပြီးတာနဲ့
ပျော့ဆေးကောင်းကောင်းသုံးပေးဖို့ မမေ့ပါနဲ့။


ခေါင်းလျှော်ရည်မသုံးပါနဲ့
ဒီနည်းလေးကတော့ထူးခြားပါတယ်။ခေါင်းလျှော်ရည်နဲ့လျှော်မယ့်အစား ပျော့ဆေးကောင်းကောင်းသုံးပြီး လျှော်ပေးဖို့ပါ။ခေါင်းလျှော်ရည်မသုံးပဲ
ပျော့ဆေးချည်းပဲသီးသန့်သုံးပေးလျှော်ပေးတာကလည်း ဆံသားခြောက်သွေ့ကြမ်းတမ်းတာတွေ၊ပြတ်ထွက်တာတွေမဖြစ်အောင် ကာကွယ်ပေးပါတယ်။ဆီလီကွန်မပါဝင်တဲ့ပျော့ဆေးကို ရွေးချယ်သုံးပေးဖို့တေ့ာလိုအပ်ပါတယ်။








သဘာဝအတိုင်းဆံသားအခြောက်ခံပါ
ဆံပင်ဖြောင့်ဖြောင့်ကောက်ကောက်အရေးကြီးတဲ့အချက်ကတော့ ဆံသားကို သဘာဝအတိုင်းခြောက်စေဖို့ပါပဲ၊Dryer မသုံးပဲ သဘာဝလေနဲ့
အခြောက်ခံတာက ဆံသားကိုပိုပြီးကျန်းမာကောင်းမွန်စေပါတယ်။မသုံးမဖြစ်သုံးရမယ်ဆိုရင်တောင်အပူချိန်အနိမ့်ဆုံးထားပြီးအခြောက်ခံပေးပါ။


ခေါင်းဘီးအကျဲသုံးပါ
ဆံနွယ်ကောက်သားပိုင်ရှင်တွေဟာ ခေါင်းဘီးခပ်စိပ်စိပ်ထက် ခေါင်းဘီးအကျဲသုံးတာက ပိုပြီးကောင်းပါတယ်။ဆံပင်ကျွတ်တာတွေလည်းမဖြစ်အောင်
ဘီးအကျဲက ကူညီပေးနိုင်ပါလိမ့်မယ်။







ဒီနည်းလေးတွေက သင့်ဆံနွယ်ကောက်သားလေးတွေကိုပိုပြီးလှပအောင်ကူညီပေးပါလိ့မ်မယ်။




Some text some message..