မုတ်သုံမှာ ခြေထောက်လေးကို ဒီလိုဂရုစိုက်ပါ
hellosayarwon.com
|
2019-05-15

မို းလေးစ ရွာလာမှုနဲ့အတူအပူတွေလျော့ပြီး

ပတ်ဝန်းကျင် က စိမ်းစိုစပြုလာပြီ။အရာရာက ကဗျာဆန်နေချိန်မှာ မိုးရေအောက်မှာ ထီးလေးဆောင်းရင်း ခြေထောက်လှလှလေးတွေကို ကြည့်ပြီး

လမ်းလျှောက် ရတာကိုသဘောကျကြလား။

မိုးရာသီ က ခြေညှပ်ဖိနပ်လေးတွေ စီးရတာများတဲ့အချိန်မှာ ခြေထောက်လေးက လှနေရင် တစ်ပန်းသာတာပဲနော်။

မိုးရေက ခြေထောက်ကို ထိခိုက်စေနိုင်လား
မိုးရေက ခြေထောက်ကိုရော

ခြေသည်း ကိုပါထိခိုက်စေနိုင်တာပါ။ မိုးရေထဲမှာ

ဘက်တီးရီးယားတွေ နဲ့အရေပြားကိုထိခိုက်စေနိုင်တဲ့အရာတွေအများကြီးပါဝင်နေပါတယ်။ ဒီတော့ မုတ်သုံရာသီမှာ ခြေထောက်လေးကို ထိခိုက်မှုမရှိစေဖို့ သေချာလေးဂရုစိုက်သင့်ပါတယ်။ မိုးရေကြောင့် ခြေထောက်မှာ ရေဝဲစားနိုင်တယ်၊

သဲဝဲ စားနိုင်တယ်၊

ခြေသည်းမှိုပိုးဝင်တာ မျိုးဖြစ်စေနိုင်တယ်။

မုတ်သုံရာသီမှာ ခြေထောက်ကို ဒီလိုဂရုစိုက်ပါ
မိုးရေကြောင့် ခြေထောက်မှာ ထိခိုက်မှုမဖြစ်စေဖို့ဆိုရင်တော့
အပြင်ကပြန်လာတိုင်းခြေထောက်ကို ရေနဲ့သန့်စင်ဆေးကြောပေးပါ။
ခြေထောက်ကို ရေခြောက်အောင်သုတ်ပေးပါ။
ခြေထောက်ကို ပုံမှန်သန့်စင်ဆေးကြောပါ။ တစ်ပတ်တစ်ခါ

ဆဲလ်သေတွေ ဖယ်ရှားပေးပါ။ ခြေထောက်ကို

အစိုဓာတ်ထိန်းခရင်မ် လူးပေးပါ။

ခြေသည်းလေးတွေ ကို တိုတိုညှပ်ထားပါ။ ခြေထောက်ကို

ပေါင်ဒါ လူးပေးပါ။
မိုးတွင်းမှာ ခြေညှပ်ဖိနပ်ပဲစီးပေးပါ။ ခြေထောက်ကို

ရေနွေ းစိမ်ပေးပါ။
ခြေထောက်ကို ဆီလိမ်းပြီးနှိပ်ပေးပါ။
မိုးရေထဲမှာ ဖိနပ်မပါဘဲ လမ်းမလျှောက်ပါနဲ့။ ခြေထောက်မှာ

အနာ ရှိနေလားနေ့စဉ်စစ်ဆေးပါ။ ခြေထောက်မှာအနာရှိနေရင်

ပလာစတာ ကပ်ပြီးမှာအပြင်ထွက်ပါ။
ခြေထောက်ကို ပေါင်းတင်တာမျိုးလုပ်ပေးပါ။ ဒီအချက်တွေကို လိုက်နာပြီး မုတ်သုံရာသီမှာ ခြေထောက်လေးကို သေသေချာချာဂရုစိုက်လိုက်ကြစို့လား..................







Hello Health Group  သည် ဆေးပညာဆိုင်ရာအကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။




Some text some message..