![]()
ခန္ဓာကိုယ်အတွင်းမှာပြောင်းလဲတတ်တဲ့ ဟော်မုန်းတွေကြောင့် ဖြစ်စေ၊ တစ်ခါတစ်လေအသားရည်ပေါ်လိမ်းမိတဲ့ ဓာတုပစ္စည်းတွေကြောင့်အရေပြားတွေ ကြမ်းတမ်း မည်းညစ်လာတတ်ပါတယ်။
မိန်းကလေးတိုင်းအနာဆာကင်းမဲ့တဲ့အသားရည် စိုစိုဝင်းဝင်းလေးကို ပိုင်ဆိုင်ချကြတာပါပဲ။ တစ်ချို့မလိုအပ်တဲ့အမွှေးမျှင်တွေကို ဖယ်ရှားပြီးတဲ့အခါ ယားယံ ၊ နီမြန်းလာတာတွေကိုအမြဲကြုံတွေ့နေရမယ်ထင်ပါတယ်။
ဆိုင်မသွားချင်လို့အိမ်မှာပဲ သဘာဝနည်းလမ်းလေးတွေနဲ့ ကိုယ့်ကိစ္စကိုယ် ဖြေရှင်းချင်တယ်ဆို ဒါလေးတွေကို စိတ်ရှည်ရှည်နဲ့အချိန်ပေးပြီး သေချာလုပ်ပေးဖို့တော့အကြံပြုပါတယ်နော်။
သကြား နဲ့ သံပုရည်
သကြားနဲ့ သံပုရာသီးဟာ မလိုအပ်တဲ့အမွှေးတွေ ထပ်မံပေါက်လာမှာကိုအကောင်းဆုံးတားဆီးပေးနိုင်တဲ့ ပါဝင်ပစ္စည်းတွေပဲဖြစ်ပါတယ်။ သကြားဟာအမွှေးမျှင်တွေကိုအချိန်ကြာရှည်စွာ ဖယ်ရှားပေးနိုင်ပြီး ပြန်ပေါက်လာရင်လည်းအမွှေးနုလေးတွေသာ ထွက်လာတော့ပါတယ်။သံပုရာရည်က မည်းညစ်နေတဲ့အသားရည်ကို ပြန်လည်ကြည်လင် တောက်ပလာစေတာကြောင့် ဒီနှစ်ခုကို တွဲစပ်ပြီး ၄ပတ်လောက် စိတ်ရှည်ရှည်နဲ့အသုံးပြုပေးသွားမယ်ဆို သိသာတဲ့ ရလဒ်တစ်ခုကိုရရှိစေမှာပါ။ ပျားရည်လေးပါ ထည့်သုံးပေးမယ်ဆိုအသားရည်ပိုကောင်းစေမှာပါ။
သကြား လက်ဖက်ရည်ဇွန်း ၂ဇွန်း နဲ့ ရေနွေး တစ်ခွက်
သံပုရာရည် လက်ဖက်ရည်ဇွန်း ၂ဇွန်း
ပါဝင်ပစ္စည်းတွေကိုအားလုံးရောစပ်ပြီးရင် ပြဿနာရှိနေတဲ့အရေပြားပေါ် လိမ်းပြီး မိနစ် ၂၀စောင့်ပါ။ ပြီးရင် ရေနွေးနဲ့ဆေးချလိုက်ပါ။ တစ်ပတ်ကို ၂ – ၃ခါလောက်လုပ်ပေးနိုင်ပါတယ်။
ကြက်ဥအကာနဲ့ ပြောင်းမှုန့်
ကြက်ဥအကာနဲ့ မျက်နှာပေါင်းတင်ဖူးလား ။ မျက်နှာအသားရည်အတွက်လည်း ကောင်းတယ်ဆိုရင် ကျန်တဲ့ခန္ဓာကိုယ်အစိတ်ပိုင်းကအရေပြားအတွက်လည်း ထိရောက်မှုတော့ရှိတာပေါ့။ ဒါဆို ကြက်ဥအကာနဲ့ မည်းညစ်နေတဲ့အရေပြားတွေကို ပေါင်းတင်ကြည့်မယ်ဆိုရင်ရော ?
ကြက်ဥအကာကိုယူပြီး ခွက်တစ်ခုထဲထည့်ထားပါ။
ပြောင်းမှုန့် လက်ဖက်ရည်ဇွန်း ၂ဇွန်း ၊ သကြား ၁ဇွန်းတို့ကို ရောပါ။
ပါဝင်ပစ္စည်းတွေအားလုံး ရောမွှေပြီးအမွှေးမျှင်များတဲ့နေရာပေါ် သုတ်လိမ်းလိုက်ပါ။ ခြောက်တဲ့အချိန်ထိ စောင့်နေပေးဖို့လိုပါတယ်။ ပြီးရင်တော့အမွှေးမျှင်တွေကို တာ့တာလို့နှုတ်ဆက်လိုက်ပြီး ချောမွတ်ကြည်လင်တဲ့အသားရည်လေးကို ပိုင်ဆိုင်နိုင်ပါပြီနော်။
နနွင်းမှုန့် နဲ့ မုန့်ဖုတ်ဆော်ဒါ
သင်ဟာ ဟင်းချက်ရာမှာ နနွင်းမှုန့်အသုံးနည်းတယ်ဆိုရင် hair removal လုပ်တဲ့အခါအသုံးပြုပေးပါ။ လုပ်ရလွယ်ကူသလို ရလဒ်ကတော့ ထင်ထားတာထက် ပိုထူးခြားစေပါတယ်။
နနွင်းမှုန့်အနည်းငယ်နဲ့ မုန့်ဖုတ်ဆော်ဒါတို့ကို ရေလေးနဲ့ ခပ်ပျစ်ပျစ်လေးရောလိုက်ပါ
အရေပြားပေါ်သုတ်လိမ်းပြီး ခြောက်တဲ့ထိ ထားပေးဖို့လိုပါတယ်။
ခြောက်သွားရင်အရင်ဆုံး လက်နဲ့ပွတ်ချပြီးမှ ဆေးပါ။
နနွင်းမှုန့်ကအရောင်စွဲတာကြောင့်အရေပြားပေါ်မှာအကုန်လုံးနီးပါးကုန်တဲ့ထိ လက်နဲ့ပွတ်ချပြီးမှ ရေဆေးပေးတာပိုကောင်းပါတယ်။
ဒီနည်းလမ်းလေးတွေကို စိတ်ရှည်ရှည်နဲ့ သေချာအချိန်ပေးလုပ်ပေးဖို့တော့ လိုပါတယ်။ (၁)လလောက် ဆက်တိုက်လုပ်ကြည့်တဲ့အခါ သေချာပေါက် သင့်ရဲ့အသားရည်လေး ဝင်းမွတ်ကြည်လင်လာမယ်လို့ ယုံကြည်ပါတယ်။