ကိုယ့်မျက်နှာနဲ့အလိုက်ဖက်ဆုံးမျက်ခုံးပုံစံ
shweinnlay.com
|
2018-10-22



လူတစ်ယောက်နဲ့တစ်ယောက်က မျက်နှာအရိုးဖွဲ့စည်းပုံချင်းမတူညီကြပါဘူး။ ဒါကြောင့် တစ်ယောက်နဲ့လိုက်တဲ့မျက်ခုံးပုံစံက တစ်ယောက်နဲ့ကြည့်ရဆိုးသွားတာမျိုးဖြစ်တတ်ပါတယ်။ ကိုယ့်မျက်နှာကျနဲ့လိုက်ဖက်တဲ့ မျက်ခုံးပုံစံလေးကိုရိပ်ထားမယ်ဆိုရင်တော့ပြောစရာမလိုတဲ့ ပြီးပြည့်စုံတဲ့အလှလေးကို ပိုင်ဆိုင်နိုင်မှာပေါ့။




မျက်နှာဝိုင်းတဲ့သူတွေအတွက်။

မျက်နှာဝိုင်းတဲ့သူတွေအတွက်တော့ ထောင့်ကျပြီးအမြီးရှည်တဲ့မျက်ခုံးမျိုးက ပိုပြီးမျက်နှာပေါက်ကိုပေါ်လွင်စေမှာပါ။အမှတ်တမဲ့ကြည့်လိုက်ရင် မျက်နှာကျလေးက

ဥပုံစံလေးလိုဖြစ်နေမှာပေါ့နော်။ ဝိုင်းနေတဲ့မျက်နှာလေးကို ရှည်သွယ်စေချင်တယ်ဆိုရင် ကိုယ့်နဂိုမျက်ခုံးထက် ပိုပြီးရှည်ရှည်ဆွဲပေးလို့ရပါတယ်နော်။




ဘဲဥပုံမျက်နှာပိုင်ရှင်တွေအတွက်။

ဒီမျက်နှာပိုင်ရှင်လေးတွေကတော့ ကံကောင်းသူတွေပေါ့ (မိန်းကလေးတိုင်းလိုချင်ကြတာ)။ ကိုယ့်မှာ ကြီးမားတဲ့မျက်လုံးတွေ၊ နှုတ်ခမ်းထူထူလေးတွေပိုင်ဆိုင်ထားရင် မျက်ခုံးကိုထူထူလေးဆွဲပေးပါနော်။

မျက်နှာပေါက်သိပ်မရှိဘူးဆိုရင်တော့ မျက်ခုံးကိုလည်း ပါးပါးလေးဆိုးပေးဖို့တော့လိုမယ်နော်။




အသည်းနှလုံးပုံမျက်နှာပိုင်ရှင်တွေအတွက်။

သူတို့လေးတွေအတွက်တော့ ထောင့်အရမ်းမကျဘဲ ပြေပြေလေးဝိုက်တဲ့ မျက်ခုံးကအသက်ပါပဲ။




လေးထောင့်မျက်နှာပိုင်ရှင်လေးတွေအတွက်။

သူတို့ကတော့ မျက်ခုံးဆွဲတဲ့အခါ ထောင့်ကို ဂရုစိုက်ပေးရမှာပါ။ ထောင့်ကို သိသိသာသာ မြင့်မြင့်လေးဆွဲပေးလိုက်ရင် မျက်နှာလေးက သွယ်လျသွားမှာပါ။

လင်း(ရွှေအင်းလေး)




Some text some message..