အသားအရေ ညိုမည်းမှုကို ဘယ်သူမှ မလိုချင်ကြပါဘူး ။ မျိုးရိုးဗီဇအရအသားမည်းသူများကိုတော့အပြစ်ပြောလို့ မရဘူးပေါ့နော် ။ သို့သော် စိုစိုပြေပြေမည်းခြင်းနှင့် ခြောက်ကပ်ပြီးမည်းခြင်းကတော့ မတူပါဘူး ။
အသားမည်းရခြင်းအကြောင်းရင်းတွေကတော့ နေရောင်ခြည်ကြောင့် ၊ ပတ်ဝန်းကျင်လေထုညစ်ညမ်းမှုကြောင့်၊ ကျန်းမာရေးအခြေအနေကြောင့် ၊အသားအရေခြောက်သွေ့ခြင်းကြောင့်၊ လူနေမှုစရိုက်ပုံစံကြောင့်၊ ဓါတုပစ္စည်းပါဝင်သော Cosmetic ပစ္စည်းများကြောင့် စသဖြင့်အကြောင်းအရာအမျိုးမျိုးကြောင့် ဖြစ်ပါတယ်။
လူတော်တော်များများအထူးသဖြင့်အမျိုးသမီးတွေဟာအသားဖြူဖို့အတွက် နည်းလမ်းမျိုးစုံဖြင့် ကြိုးစားနေကြပါတယ်။ဈေးကွက်ထဲမှာ ပေါ်သမျှအသားဖြူလိုးရှင်း ၊ ခရင်မ် ၊ မိတ်ကပ် ၊ ဆပ်ပြာ နောက်ဆုံး ဆေးဝါးတွေထိပါ သောက်သုံးလေ့ရှိကြပါတယ်။ သို့သော်အချို့ပစ္စည်းတွေမှာအသားအရေအတွက်အန္တရာယ်ရှိတဲ့ ဓါတုပစ္စည်းတွေ ပါဝင်နေပါတယ် ။အရည်အသွေး တကယ်ကောင်းမွန်တဲ့ ပစ္စည်းတွေကျပြန်တော့လည်း ဈေးကြီးလို့ မသုံးနိုင်ကြတာမျိုးတွေ ရှိကြပါတယ် ။အခု ရွှေအင်းလေးမှ ဖော်ပြပေးမယ့်အသားဖြူစေမယ့် နည်းလမ်းတွေကတော့ ငွေကုန်ကြေးကျ မများစေတဲ့ လွယ်ကူရိုးရှင်း နည်းလမ်းကောင်းလေးတွေပဲ ဖြစ်ပါတယ်။ တစ်ခုပဲ… လှချင်ရင် ဇွဲရှိဖို့တော့ လိုတာပေါ့နော်…
၁။ ဒိန်ချဉ်
နို့ထွက်ပစ္စည်းတစ်မျိုးဖြစ်တဲ့ ဒိန်ချဉ်မှာအသားအရေအတွက် လိုအပ်တဲ့အာဟာရဓါတ်တွေ များစွာပါဝင်ပြီး သူ့မှာပါဝင်တဲ့ latic acid ကအသားအရေကို ဖြူဝင်းအောင် လုပ်ပေးနိုင်စွမ်း ရှိပါတယ်။
_အရောအနှောမပါဝင်သော ရိုးရိုးဒိန်ချဉ်ကိုအရေပြားပေါ်သို့ လိမ်းပေးပါ ။ ၁၅ မိနစ်ခန့်ကြာလျှင် ကြက်သီးနွေးရေလေးဖြင့် ဆေးချပါ။ တစ်နေ့တစ်ကြိမ် ပုံမှန် ပြုလုပ်ပေးပါ။
_ နောက်ထပ်နည်းလမ်းတစ်ခုကတော့ ဒိန်ချဉ်တစ်ဇွန်းခန့်နှင့် ပျားရည်ဇွန်းတစ်ဝက်ခန့်ကို ရောပြီး မျက်နှာနှင့် လည်ပင်းနေရာတွေကို လိမ်းပေးပါ ။ ၁၀မိနစ်၊ ၁၅မိနစ်ခန့်ကြာလျှင် ရေဖြင့် ဆေးကြောလိုက်ပါ။
နေ့စဉ် ပုံမှန်ပြုလုပ်ပေးမယ်ဆိုလျှင်အသားအရေ ဖြူဝင်းပြောင်းလဲမှုကို မြင်တွေ့ရမှာပါ။
၂။လိမ္မော်သီး
အသားအရေ ထိန်းသိမ်းရာမှာအလိုအပ်ဆုံးဖြစ်တဲ့ ဗီတာမင်စီကို လိမ္မော်သီးမှအများဆုံးရရှိနိုင်ပါတယ် ။ လိမ္မော်သီးမှာအသားဖြူအောင်လုပ်ပေးနိုင်တဲ့အရည်အသွေးတွေလည်း ပါဝင်နေပါသေးတယ်။ လတ်ဆတ်သော လိမ္မော်ရည်ကို သောက်ပေးခြင်းကလည်းအသားအရေအတွက်အထူး ကောင်းမွန်စေပါတယ်။ လိမ္မော်သီးကိုအသုံးပြုပြီးအသားဖြူအောင် လုပ်နိုင်တဲ့ နည်းလမ်းနှစ်မျိုး ရှိပါတယ်။
_ ပထမဦးစွာ ညှစ်ထားသော လိမ္မော်ရည် နှစ်ဇွန်းခန့်နှင့် ဆနွင်းမှုန့်အနည်းငယ်တို့ကို ရော၍ မျက်နှာ နှင့် လည်ပင်းတို့ကို လိမ်းပေးပါ ။ လက်တွေ ခြေထောက်တွေကိုလည်း လိမ်းပေးနိုင်ပါတယ်။ ထိုသို့လိမ်းပြီး နာရီဝက်ခန့် ကြာအောင်ထားပါ ။ ပြီးလျှင် ရေဖြင့်ဆေးပါ။ နေ့စဉ်အိပ်ရာမဝင်ခင် တစ်နေ့တစ်ကြိမ် ပုံမှန် ပြုလုပ်ပေးပါ။
_ နောက်တစ်နည်းကတော့ လိမ္မော်ခွံကိုအသုံးပြုတဲ့ နည်းလမ်းပါ။ လိမ္မော်ခွံကိုအခြောက်ခံကာအမှုန့်ဖြစ်အောင်လုပ်ပြီး ဒိန်ချဉ်နှင့်ရောနှောပေးပါ ။ ထိုအရောအနှောကို လိမ်းပေးပြီး ၁၅ မိနစ် ၊ မိနစ် ၂၀ ခန့်ကြာလျှင် ရေဆေးလိုက်ပါ။ ထိုသို့ပြုလုပ်ပေးခြင်းဖြင့်အသားအရေကို ဖြူဝင်းစေပြီးအမည်းစက်တွေကိုပါ သက်သာပျောက်ကင်းစေမှာပါ ။ တစ်နေ့ကို တစ်ကြိမ် မှ နှစ်ကြိမ်အထိ ပြုလုပ်ပေးနိုင်ပါသည် ။ ထိုထက်တော့ ပိုပြီး မပြုလုပ်သင့်ပါ ။
၃။ ရှားစောင်းလက်ပက်
အေးမြတဲ့ ရှားစောင်းလက်ပက်က ပျက်စီးနေတဲ့အရေပြားတစ်သျှူးတွေကို ပြန်လည်ပြုပြင်ပေးပြီး ဆဲလ်သစ်တွေအတွက်လည်းအထောက်အကူပေးပါတယ်။ ရှားစောင်းလက်ပက်ကအသားကိုဖြူစင်စေပြီးအမည်းစက်တွေကိုလည်း ဖယ်ရှားပေးနိုင်စွမ်းရှိပါတယ်။
_ ရှားစောင်းလက်ပက်ကို ခွဲလိုက်လျှင်အထဲမှ ဂျယ်လီပုံစံအနှစ်လေးတွေကိုအရေပြားပေါ်သို့
လိမ်းပေးပါ ။ စိမ်းရွှင်ရွှင်နံ့တော့ ရပါလိမ့်မယ် ။ မိနစ် ၃၀ခန့် ကြာလျှင် ရေဖြင့် ဆေးချပါ ။ တစ်နေ့ကို နှစ်ကြိမ်နှုန်းဖြင့်အနည်းဆုံး နှစ်ပါတ်ခန့် ပြုလုပ်ပေးရမှာပါ ။
၄။ ပျားရည်
ပျားရည်ဟာအသားအရေကို ဖြူဝင်းစေပြီးအစိုဓါတ်လည်း ထိန်းပေးနိင်ပါတယ်။အသားအရေ ခြောက်သွေ့သူတွေအတွက် သင့်လျော်ပြီး Antibacterial ဂုဏ်သတ္တိလည်း ပါဝင်တာကြောင့်အမည်းစက်နှင့် ဝက်ခြံအမာရွတ်တွေကိုလည်း မှေးမှိန်သွားစေနိုင်ပါသည် ။
_အရိုးရှင်းဆုံး နည်းလမ်းလေးကို ပြောပြပါမယ် ။ သန့်စင်တဲ့ ပျားရည်ကို မျက်နှာပေါ်သို့ လိမ်းပေးပါ ။ မိနစ်အနည်းငယ်ကြာပြီးနောက် ကြက်သီးနွေးရေဖြင့် ဆေးကြောပေးပါ။ ဒီလိုလုပ်ပေးခြင်းအားဖြင့်အရေပြားကို ပိုမိုတောက်ပစေပြီး ဆဲလ်သေတွေကိုလည်း ဖယ်ရှားပေးပါတယ် ။ တစ်နေ့ တစ်ကြိမ် ပြုလုပ်ပေးပါ။
လှပတဲ့အသားအရေပိုင်ရှင်လေးတွေ ဖြစ်ကြပါစေ….
CHAN (ရွှေအင်းလေး)