အချိန်တိုအတွင်း ထိရောက်မှုမြန်ဆန်တဲ့ ဆားဝက်ခြံ ပျောက်နည်း ၄ခု
shweinnlay.com
|
2018-10-22



အသားခြောက်တဲ့သူထက်အဆီပြန်တဲ့အသားအရေပိုင်ရှင်တွေက ဆားဝက်ခြံ ပိုဖြစ်တတ်ကြပါတယ်။အလှဖျက်တဲ့ ဆားဝက်ခြံကို ပျောက်စေမယ့် နည်းလမ်းတွေကတော့အများကြီးပါ။ ထိုအထဲကမှ လွယ်ကူရိုးရှင်းနည်းလမ်းကိုသာ မျှဝေပေးချင်ပါတယ်။


၁။ခရမ်းချဉ်သီးနည်းလမ်း
ခရမ်းချဉ်သီးတစ်လုံကို လက်ဖြင့် (သို့) ဇွန်းဖြင့်ကြိတ်ခြေပါ ။ ထို့နောက် ဆားဝက်ခြံရှိရာနေရာ (သို့) မျက်နှာတစ်ခုလုံးသို့အနည်းဆုံး နှစ်မိနစ်ကြာအောင် ပွတ်ပါ။ ထို့နောက် ၁၅မိနစ်ခန့်ကြာအောင် ထားပြီးလျှင် ရေဖြင့် ဆေးကြောလိုက်ရုံပါပဲ ။
မှတ်ချက် ။အသားအရေ ခြောက်သွေ့တတ်သူများအနေဖြင့် သံလွင်ဆီအနည်းငယ်ရော၍အသုံးပြုခြင်းကအရေပြားကို နူးညံ့စိုပြေစေနိုင်ပါသည် ။အဆီပြန်တတ်သောအသားအရေပိုင်ရှင်များကတော့ သံလွင်ဆီအသုံးပြုစရာ မလိုပါ။


၂။သွားတိုက်ဆေးနည်းလမ်း
ပထမဦးစွာ မျက်နှာကို ဆေးကြောသန့်စင်ပါ ။ မသုတ်ပါနှင့် ။ ထို့နောက် သွားတိုက်ဆေးနှင့် ဆားကို ဆတူရောစပ်ပါ။ သွားတိုက်ဆေးသည် ဂျယ်လ်ပုံစံမဟုတ်တဲ့အဖြူရောင်သွားတိုက်ဆေးသာ ဖြစ်ရပါမည်။ ထို့နောက် ထိုအရောအနှောကို ဆားဝက်ခြံရှိရာနေရာသို့ ပွတ်လိမ်းပါ။ ၁မိနစ် ၊ ၂မိနစ်ခန့်ကြာလျှင် ကြက်သီးနွေးရေဖြင့် ဆေးကြောပေးလိုက်ပါ။
မှတ်ချက်။ ဒီနည်းလမ်းကိုအသုံးပြုရာတွင် မျက်နှာကို ခြောက်သွေ့မနေပါစေနှင့်။ သွားတိုက်ဆေးသည် ပူသဖြင့်အရေပြားပေါ်တွင်အကြာကြီးမထားမိဖို့လည်းအရေးကြီးပါသည် ။


၃။ သံပုယိုသီးနည်းလမ်း
သံပုယိုသီးကိုအရင်ဆုံး ခွက်တစ်ခုထဲသို့အရည်ညှစ်ပါ ။ ပြီးလျှင် Cotton pad (သို့) ဂွမ်းဖြင့် တို့၍ ဆားဝက်ခြံရှိရာနေရာသို့ သုတ်လိမ်းပါ ။ ညအိပ်ရာမဝင်ခင် ပြုလုပ်၍ မနက်အိပ်ရာထမှ ဆေးကြောရမှာပါ။ ထို့နောက်အစိုဓါတ်ထိမ်းခရင်မ် တစ်မျိုးမျိုးလိမ်းပေးပါ ။

မှတ်ချက် ။ နွေရာသီတွင် ဒီနည်းလမ်းကိုအသုံးပြုမည်ဆိုပါက ပြုလုပ်ပြီးတိုင်း sunscreen ကို လိမ်းပေးပါ ။ ထိခိုက်လွယ်သောအသားအရည်ပိုင်ရှင်များဆိုပါက သံပုယိုရည်ကို ရေအနည်းငယ်ရောပြီးအသုံးပြုပါ။


၄။ မုန့်ဖုတ်ဆိုဒါနည်းလမ်း (Baking Soda)
မုန့်ဖိုဆိုဒါနှင့် ရေကို ချင့်ချိန်၍ ခပ်ပြစ်ပြစ်အနေအထားအထိ ရောမွှေပေးပါ။ ထိုအရောအနှောကို ဆားဝက်ခြံပေါ်သို့ စက်ဝိုင်းပုံစံ ပွတ်လိမ်းပေးပါ။ မိနစ်အနည်းငယ်ကြာလျှင် ရေဖြင့် ဆေးကြောသန့်ရှင်းပါ။ ပြီးလျှင်အစိုဓါတ်ထိမ်း ခရင်မ်တစ်မျိုးမျိုးကို လိမ်းပေးပါ။
မှတ်ချက် ။ မုန့်ဖုတ်ဆိုဒါသည်အသားအရေကို ခြောက်သွေ့စေနိုင်သဖြင့် ဤနည်းလမ်းကို ကြိမ်ဖန်များစွာ မပြုလုပ်သင့်ပါ ။

CHAN ( ရွှေအင်းလေး)




Some text some message..