ဒူးခေါင်းဖေ ွးဖေ ွးလေးနဲ့အတိုလေးတွေဝတ်နိုင်ဖို့…
trend.com.mm
|
2019-06-09

ဒူးခေါင်းတွေ တံတောင်ဆစ်နေရာတွေ မမဲတဲ့သူတော်တော်နည်းပါတယ်။ ဒီလိုနေရာတွေက လူတိုင်းလိုလို မဲညစ်တတ်ကြတာမို့ ဒီလိုကြည့်ရဆိုးတဲ့ခန္ဓာကိုယ်ပေါ်ကမဲညစ်မှုတွေပျောက်ကွယ်သွားအောင်ဘာတွေကသင့်ကိုကူညီပေးနိုင်သလဲဆိုရင်…
(၁) ဒိန်ချဉ်နဲ့ ရှာလကာရည်












cetic acid ပါဝင်တဲ့ ရှာလကာရည်နဲ့ Lactic acidအပြည့်ဝပါတဲ့ ဒိန်ချဉ် ဟာ သင့်ရဲ့မဲညစ်နေတဲ့ဒူးခေါင်းပတ်လည်နဲ့ တံတောင်းဆစ်ကအမဲတွေကို သန့်စင်ပေးနိုင်ပါတယ်။ ဒါ့အပြင်ဆဲလ်အသစ်တွေကိုပြန်လည်အားဖြင့်ပေးတာကြောင့် လည်းဒီနှစ်မျိုးကိုရောပြီးလိမ်းပေးသင့်ပါတယ်။ရှာလကာရည် ထမင်းစားဇွန်းနှစ်ဇွန်းလောက်နဲ့ ဒိန်ချဉ် နှစ်ဇွန်းလောက်ကို သမအောင်ရောမွှေပြီး ခပ်ပျစ်ပျစ်ဖျော်လိမ်းပါ။
(၂) ပျားရည်၊သံပုရာသီးနဲ့မုန့်ဖုတ်ဆော်ဒါ









အားလုံးသိကြတဲ့အတိုင်းပျားရည်ဟာသဘာဝရဲ့နူးညံ့မှုကိုပေးစွမ်းနိုင်တဲ့အစွမ်းရှိတာကြောင့် တစ်ချို့သောသူတွေဆို မျက်နှာကိုလိမ်းပြီးပေါင်းတင်တာမျိုးတွေလုပ်လေ့ရှိကြပါတယ်။ ဒါကြောင့်ပျားရည်စစ်စစ်ကို မုန့်ဖုတ်ဆော်ဒါနဲ့ရော သံပုရာသီးလေးညစ်ပြီးခပ်ပျစ်ပျစ်လေးဖျော်ထားတဲ့အနစ်ကို ဒူးခေါင်းနဲ့ တံတောင်းမဲတဲ့နေရာတွေကိုအတွင်းထဲထိစိမ့်ဝင်အောင်လိမ်းပေးသင့်ပါတယ်။ မိနစ်၃၀လောက်လိမ်းထားပြီးလို့ရေဆေးချတဲ့အခါ နူးညံဖြူဝင်းလာတာကိုထူးထူးခြားခြားမြင်တွေ့ရမှာပါ။
(၃)အုန်းဆီ









အုန်းဆီမှာ Fatty acid နဲ့ဗီတာမင်E ပါဝင်တာကြောင့် မဲနေတဲ့နေရာတွေကို လိမ်းပေးတဲ့အခါ ဟောင်းနွမ်းပျက်စီးနေတဲ့အခုလိုအမဲရောင်ဆဲလ်တွေကွာကြသွားပြီး ဆဲလ်အသစ်တွေကိုပြန်လည်ရှင်သန်စေတာကြောင့် ဒီလိုမဲညစ်နေတဲ့ဆဲလ်တွေဖယ်ရှားဖို့အုန်းဆီရဲ့အကူညီလိုပါလိမ့်မယ်။ ဒါတင်မကပဲအုန်းဆီဟာအကြောပြတ်ခြင်းတွေကိုသာသက်သာစေတာမလို့ တစ်ချို့ဒူးခေါင်းနားမှာအကြောပြတ်တာမျိုးတွေဖြစ်တတ်ကြတဲ့သူတွေအတွက်လည်းအရမ်းအသုံးဝင်တဲ့ဆေးတစ်မျိုးပါ။
(၄) နနွင်း









နနွင်းဟာအသားရည်ကိုဝင်းဖက်စေပြီးအရေပြားကျန်းမာရေးအတွက်သိပ်ကိုသင့်တော်တဲ့အရာဆိုတာလူတိုင်းလိုလို သိပြီးသားဖြစ်ပါလိမ့်မယ်။ဒီလို နနွင်းကို ရေလေးနဲ့ပျစ်ပျစ်လေးဖျော်ပြီးမဲနေတဲ့နေရာတွေကို နေ့စဉ်သုတ်လိမ်းပေးခြင်းကြောင့် နှစ်ပတ်လောက်နေရင်ဒီအမဲတွေဟာထူးထူးခြားခြားပြောင်းလဲသွာမှာကို တွေ့ရှိရမှာ မလွဲဧကန်ပါပဲ။
(၅)အာလူး









အာလူးဟာအသားရည်ကို ကြည်တောက်စိုဝင်းစေတဲ့ cafecholase enzymes ပါဝင်တာကြောင့်အာလူးလေးကို ပါးပါးလေးလှီးပြီးအကွင်းလိုက်လေး မဲတဲ့နေရာပေါ်မှာ ကပ်ထားပေးခြင်းဟာ မဲနေတဲ့ဒူးခေါင်းနဲ့ တံတောင်းနေရာတွေကို ထောက်ကူပြုပါတယ်။
(၆) ရှားစောင်းလက်ပတ်









အိမ်း…ဒါကတော့ပြောနေစရာမလိုအောင်လူတိုင်းအကြိုက် Skin care လေးတစ်ခုအဖြစ်သုံးလို့ရတဲ့ ရှားစောင်းလက်ပတ်ပါပဲ။ သူ့ရဲ့အထဲကဂျယ်လီအနှစ်လေးတွေကအသားရည်ကိုမတရားစိုပြေဝင်းမွတ်စေတာကြောင့် တတ်နိုင်သလောက်ပုံမှန်လေးလိမ်းပေးသင့်ပါတယ်။ ဒါဆိုသိပ်မကြာဘူးအရင်မဲမဲသဲသဲဖြစ်နေတဲ့နေရာတွေက သူမတူအောင်ပြောင်းလဲလာမှာအသေချာပါပဲ။

Unicode


ဒူးခေါင်းတွေ တံတောင်ဆစ်နေရာတွေ မမဲတဲ့သူတော်တော်နည်းပါတယ်။ ဒီလိုနေရာတွေက လူတိုင်းလိုလို မဲညစ်တတ်ကြတာမို့ ဒီလိုကြည့်ရဆိုးတဲ့ခန္ဓာကိုယ်ပေါ်ကမဲညစ်မှုတွေပျောက်ကွယ်သွားအောင်ဘာတွေကသင့်ကိုကူညီပေးနိုင်သလဲဆိုရင်…(၁) ဒိန်ချဉ်နဲ့ ရှာလကာရည်
cetic acid  ပါဝင်တဲ့ ရှာလကာရည်နဲ့ Lactic acid အပြည့်ဝပါတဲ့ ဒိန်ချဉ် ဟာ သင့်ရဲ့မဲညစ်နေတဲ့ဒူးခေါင်းပတ်လည်နဲ့ တံတောင်းဆစ်ကအမဲတွေကို သန့်စင်ပေးနိုင်ပါတယ်။ ဒါ့အပြင်ဆဲလ်အသစ်တွေကိုပြန်လည်အားဖြင့်ပေးတာကြောင့် လည်းဒီနှစ်မျိုးကိုရောပြီးလိမ်းပေးသင့်ပါတယ်။ရှာလကာရည် ထမင်းစားဇွန်းနှစ်ဇွန်းလောက်နဲ့ ဒိန်ချဉ် နှစ်ဇွန်းလောက်ကို သမအောင်ရောမွှေပြီး ခပ်ပျစ်ပျစ်ဖျော်လိမ်းပါ။(၂) ပျားရည်၊သံပုရာသီးနဲ့မုန့်ဖုတ်ဆော်ဒါ
အားလုံးသိကြတဲ့အတိုင်းပျားရည်ဟာသဘာဝရဲ့နူးညံ့မှုကိုပေးစွမ်းနို်င်တဲ့အစွမ်းရှိတာကြောင့် တစ်ချို့သောသူတွေဆို မျက်နှာကိုလိမ်းပြီးပေါင်းတင်တာမျိုးတွေလုပ်လေ့ရှိကြပါတယ်။ ဒါကြောင့်ပျားရည်စစ်စစ်ကို မုန့်ဖုတ်ဆော်ဒါနဲ့ရော သံပုရာသီးလေးညစ်ပြီးခပ်ပျစ်ပျစ်လေးဖျော်ထားတဲ့အနစ်ကို ဒူးခေါင်းနဲ့ တံတောင်းမဲတဲ့နေရာတွေကို အတွင်းထဲထိစိမ့်ဝင်အောင်လိမ်းပေးသင့်ပါတယ်။ မိနစ်၃ဝလောက်လိမ်းထားပြီးလို့ရေဆေးချတဲ့အခါ နူးညံဖြူဝင်းလာတာကိုထူးထူးခြားခြားမြင်တွေ့ရမှာပါ။(၃) အုန်းဆီ
အုန်းဆီမှာ Fatty acid နဲ့ဗီတာမင်E ပါဝင်တာကြောင့် မဲနေတဲ့နေရာတွေကို  လိမ်းပေးတဲ့အခါ ဟောင်းနွမ်းပျက်စီးနေတဲ့အခုလို အမဲရောင်ဆဲလ်တွေကွာကြသွားပြီး ဆဲလ်အသစ်တွေကိုပြန်လည်ရှင်သန်စေတာကြောင့် ဒီလိုမဲညစ်နေတဲ့ဆဲလ်တွေဖယ်ရှားဖို့အုန်းဆီရဲ့အကူညီလိုပါလိ်မ့်မယ်။ ဒါတင်မကပဲ အုန်းဆီဟာ အကြောပြတ်ခြင်းတွေကိုသာသက်သာစေတာမလို့ တစ်ချို့ဒူးခေါင်းနားမှာ အကြောပြတ်တာမျိုးတွေဖြစ်တတ်ကြတဲ့သူတွေအတွက်လည်းအရမ်းအသုံးဝင်တဲ့ဆေးတစ်မျိုးပါ။(၄) နနွင်း
နနွင်းဟာအသားရည်ကိုဝင်းဖက်စေပြီး အရေပြားကျန်းမာရေးအတွက်သိပ်ကိုသင့်တော်တဲ့အရာဆိုတာလူတိုင်းလိုလို သိပြီးသားဖြစ်ပါလိမ့်မယ်။ဒီလို နနွင်းကို ရေလေးနဲ့ပျစ်ပျစ်လေးဖျော်ပြီးမဲနေတဲ့နေရာတွေကို နေ့စဉ်သုတ်လိမ်းပေးခြင်းကြောင့် နှစ်ပတ်လောက်နေရင်ဒီအမဲတွေဟာထူးထူးခြားခြားပြောင်းလဲသွာမှာကို တွေ့ရှိရမှာ မလွဲဧကန်ပါပဲ။(၅) အာလူး
အာလူးဟာ အသားရည်ကို ကြည်တောက်စိုဝင်းစေတဲ့ cafecholase enzymes ပါဝင်တာကြောင့် အာလူးလေးကို ပါးပါးလေးလှီးပြီး အကွင်းလိုက်လေး မဲတဲ့နေရာပေါ်မှာ ကပ်ထားပေးခြင်းဟာ မဲနေတဲ့ဒူးခေါင်းနဲ့ တံတောင်းနေရာတွေကို ထောက်ကူပြုပါတယ်။(၆) ရှားစောင်းလက်ပတ်
အိမ်း…ဒါကတော့ပြောနေစရာမလိုအောင်လူတိုင်းအကြိုက် Skin care လေးတစ်ခုအဖြစ်သုံးလို့ရတဲ့ ရှားစောင်းလက်ပတ်ပါပဲ။ သူ့ရဲ့အထဲကဂျယ်လီအနှစ်လေးတွေကအသားရည်ကိုမတရားစိုပြေဝင်းမွတ်စေတာကြောင့် တတ်နိုင်သလောက်ပုံမှန်လေးလိမ်းပေးသင့်ပါတယ်။ ဒါဆိုသိပ်မကြာဘူး အရင်မဲမဲသဲသဲဖြစ်နေတဲ့နေရာတွေက သူမတူအောင်ပြောင်းလဲလာမှာ အသေချာပါပဲ။




Some text some message..