ဒီလို⁠လေး⁠ခေါင်း⁠လျှော်⁠ပြီး ဆံသား⁠လေး⁠တွေကို ဂရုစိုက်⁠ကြမယ်
pissayanews.com
|
2019-06-13

ပျိုမေတို့ ခေါင်းလျှော်တဲ့အခါ

ခေါင်းလျှော်တဲ့အခါ ဦးရေပြားကို လက်သည်းနဲ့အရမ်းမကုပ်မိပါစေနဲ့ ခပ်ဖွဖွလေးသာ ကုပ်ပေးပါ။အဲ့ဒီလိုကုပ်မိတဲ့အခါ လက်သည်းမှတဆင့် ဦးရေပြားအတွင်းသို့ ပိုးဝင်နိုင်တဲ့အတွက်အထူးဂရုပြုစေခြင်းဖြစ်ပါတယ်။ Conditioner သို့မဟုတ် Hair Treatment သုံးတဲ့အခါ

Conditioner သို့မဟုတ် Hair Treatment သုံးတဲ့အခါ ဦးရေပြားကို မထိပဲ လက်တစ်လုံးခန့်ခွါပြီး လိမ်းပေးပါ။ ပြီး လျှင် ရေနွေးနွေးနှင့် စိမ်ထားသော မျက်နှာသုတ်ပုဝါဖြင့် ပေါင်းဆေးလိမ်းထားသော ခေါင်းကို ၅မိနစ်ခန့် ပတ်ထား ပေးပါ. ပြီးလျှင် ခေါင်းကို ရေစင်စင်ဆေးချပါ.အဲ့ဒီလို ပြုလုပ်ဖို့အချိန်လေးပိုပေးရခြင်းအားဖြင့် ပျိုမေတို့ရဲ့ ဆံကေ သာဟာ ပုံမှန်ထက် ၂ဆ ပိုမိုပျော့ပျောင်း စေပါတယ်။ ခေါင်းလျှော်ပြီးလို့ ဆံသားကို ပုဝါဖြင့် သုတ်တဲ့အခါ

ခေါင်းလျှော်ပြီးလို့ ဆံသားကို ပုဝါဖြင့် သုတ်တဲ့အခါ မပွတ်ပဲ ခပ်ဖွဖွလေး ဖိသုတ်ပါ.အကြောင်းကတော့ ဆံသားကို ပွတ်တိုက်ပြီးသုတ်တဲ့အခါ ဆံသားအချင်းချင်း ပွတ်တိုက်မိသောကြောင့် ဆံသားများကြွေမွကာ ပျက်စီးတက်ပါတယ် .အဲ့ဒီအချက်လေးကို တော့အထူးဂရုပြုစေချင်ပါတယ်ရှင်… Hair Coat လိမ်းတဲ့အခါ

ခေါင်းလျှော်ပြီး ဆံသား မစိုမခြောက်အနေအထားမှာ Hair Coat လိမ်းပေးပါ.အကြောင်းကတော့ ခေါင်းလျှော် လိုက်တဲ့အခါ ဆံသားအတွင်းပိုင်းမှအညစ်အကြေးများသန့်စင်သွားသည့်အတွက် ဆံသားကွင်းဆက်ကလေးတွေဟာ ဟနေတက်ပါတယ် . ဒီလိုအချိန်မှာ Hair Coatအသုံးပြုခြင်းအားဖြင့် ဆံသားအတွင်းပိုင်းထိအလွယ်တကူ စိမ့်ဝင် သွားစေပြီး ဆံသားမှာလိုအပ်တဲ့အဟာရဓါတ်ကိုအပြည့်အဝဖြည့်တင်းပေးပြီး ဆံသားပျက်စီးမှုကိုလည်းအထောက်အကူဖြစ်စေပါတယ်။

Unicode ဖြင့်ဖတ်ရန်


================













Some text some message..