သွားတိုက်⁠ဆေးကိုအလှအပအတွက် ဘယ်လိုသုံးမလဲ
pissayanews.com
|
2019-06-14



၁။အသားအရေပေါ်ရှိအမဲစက်များကို ဖယ်ရှားပေးနိုင်ခြင်း သွားတိုက်ဆေးအနည်းငယ် ( စားပဲတင်ဇွန်း တစ်ဇွန်း) နှင့် သံပုရာရည် ( တစ်စိတ်စာညှစ် ) ကို သမအောင်ရောမွှေပြီး မျက်နှာပြင်ပေါ်သို့လိမ်းပေးပါ။ 10 ~15 မိနစ်ခန့်ထားပြီး ရေနွေးနွေးနှင့် မျက်နှာသစ်ပါ ။ တစ်ပတ်ကို 2ကြိမ်မှ3 ကြိမ်ထိ ဤနည်းအတိုင်းအသုံးပြုနိုင်ပါသည်။

၂။ ဝက်ခြံများကို ပျောက်ကင်းသက်သာစေခြင်း Cotton buds ( နားကြပ်တံ) ဖြင့် သွားတိုက်ဆေးအနည်းငယ်ကိုယူကာ ဝက်ခြံအဖုများ ပေါ်သို့အစက်ချအုံပေးပြီး မိနစ် ၃၀ခန့်ထားကာ မျက်နှာကို ရေဆေးချပါ ။ ဝက်ခြံဖုများကို ပိန်စေပြီး သက်သာပျောက်ကင်းစေပါသည်။

ဝက်ခြံများကို ပျောက်ကင်းသက်သာစေခြင်း Cotton buds ( နားကြပ်တံ) ဖြင့် သွားတိုက်ဆေးအနည်းငယ်ကိုယူကာ ဝက်ခြံအဖုများ ပေါ်သို့အစက်ချအုံပေးပြီး မိနစ် ၃၀ခန့်ထားကာ မျက်နှာကို ရေဆေးချပါ ။ ဝက်ခြံဖုများကို ပိန်စေပြီး သက်သာပျောက်ကင်းစေပါသည်။

၃။အသားအရေကို ဖြူဝင်းစေခြင်း သွားတိုက်ဆေးအနည်းငယ် ( စားပဲတင်ဇွန်းတစ်ဇွန်း) နှင့် ခရမ်းချဉ်သီးအနှစ်ရည် (စားပဲတင် ဇွန်းနှစ်ဇွန်း)ကို သမအောင်ရောမွှေပြီး မျက်နှာပြင်ပေါ်အနှံ့ သုပ်လိမ်းပြီး မိနစ် ၃၀ခန့်ထားကာ ရေနွေးနှင့် မျက်နှာသစ်ပါ။ ဤသို့အသုံးပြုပေးရုံဖြင့်အသားအရေကို ဖြူဝင်းစေပြီးအသားအရေပေါ်ရှိအမဲကွက်နှင် နေလောင်ကွက်များကို သက်သာပျာက်ကင်းစေကာအသားအရေကို ကြည်လင်လှပစေပါသည်။

၄။ ဆားဝက်ခြံများကို သက်သာပျောက်ကင်စေနိုင်ခြင်း သွားတိုက်ဆေးအနည်းငယ် ( လက်ဖက်စားဇွန်းတစ်ဇွန်း)၊ ဆား (စားပဲ တင်ဇွန်းနှစ်ဇွန်း)နှင့် နှင်းဆီရေမွှေး (Rose Water)ကို သမအောင်ရောမွှေပြီး ဆားဝက်ခြံများပေါ်သို့ 2မိနစ် 3မိနစ်ခန့် ပွတ်တိုက်ပေးပါ။ 10 မိနစ်ခန့်ထားကာ မျက်နှာသစ်ပါ။ ဤသို့အသုံးပြုပေးရုံဖြင့်အသားအရေပေါ်ရှိဆားဝက်ခြံများကို သက်သာပျောက်ကင်းစေပါသည်။

၅။အသားအရေပေါ်ရှိ မလိုအပ်သောအမွှေအမျှင်များကို ဖယ်ရှားပေးနိုင်ခြင်း သွားတိုက်ဆေးအနည်းငယ် ( စားပဲတင်ဇွန်းတစ်ဇွန်း) ၊ သံပုရာရည် (တစ်စိတ်စာညှစ်ခန့်) နှင့် သကြား စားပဲတင်ဇွန်းတစ်ဇွန်းကို သမအောင်ရောမွှေပြီး မိမိအသုံပြုလိုသော ၊ ဖယ်ရှားလိုသောအမွှေအမျှင်များပေါ်သို့ စက်ဝိုင်းပုံသဏ္ဍန် ၊အထက်မှအောက်အနေအထားအတိုင်း ပွတ်တိုက်ပေးပါ။ ဤနည်းအတိုင်းအသုံပြုရုံဖြင့်အသားအရေပေါ်ရှိ မလိုအပ်သောအမွှေးအမျှင်များကိုအလွယ်တကူ ဖယ်ရှားစေနိုင်ပါသည်။

Unicode ဖြင့်ဖတ်ရန်

သှားတိုကျ⁠ဆေးကိုအလှအပအတှကျ ဘယျလိုသုံးမလဲ











Some text some message..