ခေါင်းမလျှော်ထားတဲ့ နေ့ဆို ကိုယ့်ကိုယ်ကိုယ်ယုံကြည်ချက်မရှိလ ွန်းလို့ နေ့တိုင်း လိုလို ခေါင်းလျှော်မိနေပြီလား …ခေါင်းကိုမပျက်မကွက်လျှော်ပေးခြင်းက ကောင်းမွန်သန့်စင်ပင်မဲ့ မကြာခဏဆိုသလို ခေါင်းလျှော်များခြင်းကလည်းသင့်အတွက်ဆို
ကျိုးတွေကို သယ်ဆောင်လာပေးနိုင်ပါတယ်… တစ်ကိုယ်ရေသန့်ရှင်းရေးအတွက်တော့ခေါင်းလျှော်တာအပြစ်မဟုတ်ပင်မဲ့ နေ့စဉ်ရက်ဆက်ခေါင်းကို လျှော်နေရမှ နေသာထိုင်သာရှိတဲ့သူတွေ က မကောင်းတဲ့ Results တွေကိုခံစားရနိုင်ပါတယ်။ ဒါကို သတိမထားမိပဲ ခေါင်းလျှော်တာပဲ များများလျှော်လေ သန့်ရှင်းလေလို့ထင်နေတဲ့သူတစ်ချို့အတွေးမမှားရ လေအောင် Sharing လုပ်ပေးလိုက်ပါတယ်။
(၁) ဦးရေပြားအနာဖြစ်နိုင်
နေ့စဉ်နဲ့အမျှ ခေါင်းလျှော်ရေတွေနဲ့ထိတွေ့နေတဲ့ ဦးရေပြားကသန့်စင်တယ်လို့ပဲထင်နေတာလား…တကယ်တော့ Chemical တွေများစွာပါဝင်တဲ့ခေါင်းလျှော်ရည်တွေကြောင့်အထိတွေ့များတဲ့သင့်ဦးရေပြားမှာ ကြာလာတဲ့အခါနာတရဖြစ်လာနိုင်ပါတယ်။
(၂) ဆံပင်ပိုပိုကျွတ်လာနိုင်ခြင်း
ဆံပင်ပိုကောင်းသွားအောင်၊ ဆံပင်လေးလွင်နေအောင်ရည်ရွယ်ပြီးတော့ နေ့တိုင်းခေါင်းလျှော်နေမိပြီဆိုရင်ရပ်တန်းကရပ်ပါ။ ခေါင်းလျှော်ခြင်းကို ဘယ်လိုအနေထားဆံပင်မျိုးဖြစ်စေတစ်ပတ်၂ ကြိမ်အလွန်ဆုံး၃ကြိမ်ထက်ပိုမလျှော်သင့်ပါဘူး။ ဒီလိုလျှော်လေ သင့်ဆံပင်တွေ ပိုပိုအကျွတ်များလေပါပဲ။ ဆံပင်ညှပ်ဆိုင်မှာလျှော်တဲ့သူတွေက ဘယ်လောက်ကျွတ်မှန်းမသိသာပင်မဲ့ ကိုယ်တိုင်လျှော်တဲ့သူတွေကတော့ လျှော်တိုင်းဘယ်လောက်ကျွတ်တတ်တယ်ဆိုတာအသိဆုံးနေမှာပါ။
![]()
(၃) ပါးလွှားမွဲခြောက်သောဆံသားကိုပိုင်ဆိုင်ရခြင်း
လူတွေထင်ထားကြတာက ခေါင်းလျှော်ခြင်းကဆံသားကိုအားဖြည့်စေပါတယ်ပေါ့။ မှန်သင့်သလောက်မှန်ပါတယ်။ တစ်ချို့သောခေါင်း
လျှော်ရည်တွေက ဆံသားကိုအားဖြည့်ပေးနိုင်တဲ့ သဘာဝပစ္စည်းတွေပါဝင်ပင်မဲ့ ခေါင်းခဏခဏနေ့စဉ်လျှော်တဲ့သူအတွက်ကတော့
ခေါင်းလျှော်ခြင်းက ဆံသားကိုအားဖြည့်ပေးဖို့နေနေသာသာပိုတောင်မွဲခြောက်လာနိုင်ပါတယ်။ ဆံပင်မှာ သူ့ရဲ့နဂိုထွက်တဲ့အဆီဆိုတာမျိုးရှိပါတယ်။ ဒီလိုအဆီလေးတွေဟာခေါင်းပုံမှန်လျှော်ရုံနဲ့ဘာမှမဖြစ်နိုင်ပင်မဲ့နေ့စဉ်ကြီးဆိုသလိုခေါင်းလျှော်တဲ့အခါ ဆံသားက ရေဓာတ်နဲ့အဆီဓာတ်ခန်းခြောက်လာပြီးပါးလွှား ခြောက်သွေ့တဲ့ဆံသားဖြစ်သွားနိုင်ပါတယ်။
(၄) ခေါင်းကြောများနာကျင်နိုင်
ခေါင်းလျှော်တဲ့အခါ ကိုက်တာ နှိပ်တာမျိုးတွေလုပ်တတ်ကြပါတယ်။ တစ်ပတ်နှစ်ကြိမ်သုံးကြိမ်က ဘာမှမဖြစ်ပင်မဲ့ နေ့စဉ်ကောက်ဖဲ့ တွန်းတိုက်ခံနေရတဲ့ ဦးခေါင်းကြောတွေဟာ ပုံမှန်ထက်ပိုပြီးနာကျင်ခံစားလာနိုင်တာမျိုးဖြစ်တတ်ပါတယ်။
(၅) ဦးနှောက်အမှေးပါး ရောင်ရမ်းနိုင်ခြင်း
ရေထိများတဲ့ ဦးခေါင်းဟာ ဦးနှောက်ထဲ ရေဝင်နိုင်ဖို့အလွယ်ကူဆုံးပါ။ ရေခဏခဏစိုတဲ့ ဦးရေပြားနဲ့ မကြာခဏစိုထိုင်းနေတဲ့
ဦးခေါင်းကြောင့် ကြာလာတာနဲ့အမျှ ဦးနှောက်အမှေးပါး ရောင်ရမ်းတာမျိုးတွေအထိဖြစ်လာနိုင်ပါတယ်။
ဒါကြောင့် တစ်ပတ်ကို နှစ်ကြိမ်သုံးကြိမ် ထပ်ပိုအောင်ခေါင်းခဏခဏ လျှော်တာမျိုးကို ရှောင်နိုင်လေ ကောင်းလေပါပဲ။
Unicode
ခေါင်းမလျှော်ထားတဲ့ နေ့ဆို ကိုယ့်ကိုယ်ကိုယ်ယုံကြည်ချက်မရှိလ ွန်းလို့ နေ့တိုင်း လိုလို ခေါင်းလျှော်မိနေပြီလား …ခေါင်းကိုမပျက်မကွက်လျှော်ပေးခြင်းက ကောင်းမွန်သန့်စင်ပင်မဲ့ မကြာခဏဆိုသလို ခေါင်းလျှော်များခြင်းကလည်းသင့်အတွက်ဆိုကျိုးတွေကို သယ်ဆောင်လာပေးနိုင်ပါတယ်… တစ်ကိုယ်ရေသန့်ရှင်းရေးအတွက်တော့ခေါင်းလျှော်တာအပြစ်မဟုတ်ပင်မဲ့ နေ့စဉ်ရက်ဆက်ခေါင်းကို လျှော်နေရမှ နေသာထိုင်သာရှိတဲ့သူတွေ က မကောင်းတဲ့ Results တွေကိုခံစားရနိုင်ပါတယ်။ ဒါကို သတိမထားမိပဲ ခေါင်းလျှော်တာပဲ များများလျှော်လေ သန့်ရှင်းလေလို့ထင်နေတဲ့သူတစ်ချို့အတွေးမမှားရ လေအောင် Sharing လုပ်ပေးလိုက်ပါတယ်။(၁) ဦးရေပြား အနာဖြစ်နိုင်နေ့စဉ်နဲ့အမျှ ခေါင်းလျှော်ရေတွေနဲ့ထိတွေ့နေတဲ့ ဦးရေပြားကသန့်စင်တယ်လို့ပဲထင်နေတာလား…တကယ်တော့ Chemical တွေများစွာပါဝင်တဲ့ခေါင်းလျှော်ရည်တွေကြောင့်အထိတွေ့များတဲ့သင့်ဦးရေပြားမှာ ကြာလာတဲ့အခါနာတရဖြစ်လာနိုင်ပါတယ်။(၂) ဆံပင်ပိုပိုကျွတ်လာနိုင်ခြင်းဆံပင်ပိုကောင်းသွားအောင်၊ ဆံပင်လေးလွင်နေအောင်ရည်ရွယ်ပြီးတော့ နေ့တိုင်းခေါင်းလျှော်နေမိပြီဆိုရင်ရပ်တန်းကရပ်ပါ။ ခေါင်းလျှော်ခြင်းကို ဘယ်လိုအနေထားဆံပင်မျိုးဖြစ်စေတစ်ပတ်၂ ကြိမ် အလွန်ဆုံး၃ကြိမ်ထက်ပိုမလျှော်သင့်ပါဘူး။ ဒီလိုလျှော်လေ သင့်ဆံပင်တွေ ပိုပိုအကျွတ်များလေပါပဲ။ ဆံပင်ညှပ်ဆိုင်မှာလျှော်တဲ့သူတွေက ဘယ်လောက်ကျွတ်မှန်းမသိသာပင်မဲ့ ကိုယ်တိုင်လျှော်တဲ့သူတွေကတော့ လျှော်တိုင်းဘယ်လောက်ကျွတ်တတ်တယ်ဆိုတာအသိဆုံးနေမှာပါ။(၃) ပါးလွှားမွဲခြောက်သောဆံသားကိုပိုင်ဆိုင်ရခြင်းလူတွေထင်ထားကြတာက ခေါင်းလျှော်ခြင်းကဆံသားကိုအားဖြည့်စေပါတယ်ပေါ့။ မှန်သင့်သလောက်မှန်ပါတယ်။ တစ်ချို့သောခေါင်းလျှော်ရည်တွေက ဆံသားကို အားဖြည့်ပေးနိုင်တဲ့ သဘာဝပစ္စည်းတွေပါဝင်ပင်မဲ့ ခေါင်းခဏခဏနေ့စဉ်လျှော်တဲ့သူအတွက်ကတော့ခေါင်းလျှော်ခြင်းက ဆံသားကိုအားဖြည့်ပေးဖို့နေနေသာသာပိုတောင်မွဲခြောက်လာနိုင်ပါတယ်။ ဆံပင်မှာ သူ့ရဲ့နဂိုထွက်တဲ့ အဆီဆိုတာမျိုးရှိပါတယ်။ ဒီလို အဆီလေးတွေဟာခေါင်းပုံမှန်လျှော်ရုံနဲ့ဘာမှမဖြစ်နိုင်ပင်မဲ့နေ့စဉ်ကြီးဆိုသလိုခေါင်းလျှော်တဲ့အခါ ဆံသားက ရေဓာတ်နဲ့အဆီဓာတ်ခန်းခြောက်လာပြီးပါးလွှား ခြောက်သွေ့တဲ့ဆံသားဖြစ်သွားနို်င်ပါတယ်။(၄) ခေါင်းကြောများနာကျင်နိုင်ခေါင်းလျှော်တဲ့အခါ ကိုက်တာ နှိပ်တာမျိုးတွေလုပ်တတ်ကြပါတယ်။ တစ်ပတ်နှစ်ကြိမ်သုံးကြိမ်က ဘာမှမဖြစ်ပင်မဲ့ နေ့စဉ်ကောက်ဖဲ့ တွန်းတိုက်ခံနေရတဲ့ ဦးခေါင်းကြောတွေဟာ ပုံမှန်ထက်ပိုပြီးနာကျင်ခံစားလာနိုင်တာမျိုးဖြစ်တတ်ပါတယ်။(၅) ဦးနှောက်အမှေးပါး ရောင်ရမ်းနိုင်ခြင်းရေထိများတဲ့ ဦးခေါင်းဟာ ဦးနှောက်ထဲ ရေဝင်နိုင်ဖို့အလွယ်ကူဆုံးပါ။ ရေခဏခဏစိုတဲ့ ဦးရေပြားနဲ့ မကြာခဏစိုထိုင်းနေတဲ့ဦးခေါင်းကြောင့် ကြာလာတာနဲ့ အမျှ ဦးနှောက်အမှေးပါး ရောင်ရမ်းတာမျိုးတွေအထိဖြစ်လာနိုင်ပါတယ်။ဒါကြောင့် တစ်ပတ်ကို နှစ်ကြိမ်သုံးကြိမ် ထပ်ပိုအောင်ခေါင်းခဏခဏ လျှော်တာမျိုးကို ရှောင်နိုင်လေ ကောင်းလေပါပဲ။