![]()
ထိုင်းမလေးတွေချောတာလှတာကိုတော့အားလုံးလက်ခံကြတယ်ဟုတ်!ဒီလိုချောနေလှနေရခြင်းတွေမှာလည်း လျှို့ဝှက်ချက်လေးတွေရှိနေပါတယ်။ထိုင်းမလေးတွေရဲ့အလှအပရေးရာနည်းလမ်း လျှို့ဝှက်ချက်လေးတွေကဘာတွေလဲဆိုရင်…
*မန်ကျည်းသီး
ထိုင်းမလေးတွေဟာ ဗီတာမင်နဲ့သဘာဝအာဟာရဓာတ်ကြွယ်ဝတဲ့မန်ကျည်းသီးကိုအလှအပပစ္စည်းတစ်ခုအဖြစ်သုံးကြပါတယ်။သူတို့က လတ်ဆတ်သန့်ရှင်းတဲ့မန်ကျည်းသီးကို မျက်နှာချေးချွတ်ဖို့အတွက်သုံးကြတာပါမန်ကျည်းသီးအနှစ်အနည်းငယ်ကို ဒိန်ချဉ်စားပွဲတင်ဇွန်း သုံးဇွန်း၊ပျားရည်အနည်းငယ်နဲ့ရောစပ်ပြီး မျက်နှာကိုလိမ်းပေးထားပါ။မျက်လုံးတစ်ဝိုက်ကိုရှောင်ပြီးလိမ်းဖို့လည်းမမေ့ပါနဲ့။၁၀မိနစ်ကြာရင် ရေဆေးချလိုက်လို့ရပါပြီ။ဒီနည်းလမ်းက ဆဲလ်သေတွေကိုဖယ်ရှားပေးပြီး
အမည်းစက်တွေ၊အရေပြားနီမြန်းတာတွေကို လျှော့ချပေးတဲ့အပြင်အသားအရည်ကိုကြည်လင်တောက်ပနုပျိုလာစေပါတယ်။မျက်နှာအတွက်သွေးလည်ပတ်မှုလည်းကောင်းမွန်စေတယ်လို့သိရပါတယ်။
*သင်္ဘောသီး
နောက်တစ်မျိုးကတော့ သဘောၤသီးပါ။ထိုင်းမလေးတွေဟာ သဘောၤသီးကိုအလှအပအတွက်အသုံးချကြပါတယ်။သင်္ဘောသီးမှာပါဝင်တဲ့အင်ဇိုင်းဓာတ်ဟာအသားအရည်ကိုသန့်စင်စေတယ်။ဆဲလ်သေတွေဖယ်ရှားပေးတယ်။အသားအရည်ကိုကြည်လင်လာစေပါတယ်။ဒါကြောင့်ထိုင်းမလေးတွေဟာသဘောၤသီးကို မျက်နှာနဲ့ခန္ဓာကိုယ်နှိပ်နယ်ပေါင်းတင်ဖို့အတွက်သုံးကြပါတယ်။
*စပါးလင်
စပါးလင်ကို ထိုင်းအစားအစာတွေမှာအများဆုံးထည့်သုံးကြသလို ထိုင်းတွေဟာအလှအပအတွက်လည်းစပါးလင်ကိုသုံးကြပါတယ်။သူတို့စပါးလင်ကိုသုံးတဲ့နည်းလမ်းကလည်းရိုးရှင်းပါတယ်။သန့်ရှင်းလတ်ဆတ်တဲ့စပါးလင်တွေကိုအနေတော်လှီးဖြတ်ပြီး ပွက်ပွက်ဆူနေတဲ့ရေနွေးအိုးထဲမှာထည့်
လိုက်ပါတယ်။မိနစ် ၃၀ လောက်ကြာတဲ့အခါမှာတော့ ရပ်လိုက်ပြီး ၁မိနစ်လောက်မျက်နှာရေနွေးငေ့ွခံကြပါတယ်။တစ်မိနစ်ခြားတစ်ခါစီ သုံးမိနစ်လောက်လုပ်ပေးတာကအသားအရည်အတွင်းပိုင်းထဲထိကောင်းမွန်စေပြီး ချွေးပေါက်တွေပွင့်ကာအသားအရည်ကိုသန့်စင်စေတယ်လို့သိရပါတယ်။သူတို့ကအသားအရည်ညစ်ပတ်ပြီးအဆီတွေများနေတယ်လို့ခံစားရတဲ့အခါ ဒီလိုနည်းနဲ့ မျက်နှာသန့်စင်လေ့ရှိကြပါတယ်။ဘယ်လိုအသားအရည်မျိုးမဆို သင့်တော်တယ်လို့လည်းသိရပါတယ်။
*အုန်းဆီ
အုန်းဆီလည်းအတူတူပါပဲ။ထိုင်းအစားအစာတွေမှာထည့်သုံးကြသလိုအလှအပအတွက်လည်းမပါမဖြစ်ပါ။ထိုင်းမလေးတွေဟာရေမချိုးခင် ခန္ဓာကိုယ်အနှံ့ကိုအုန်းဆီလိမ်းနှိပ်နယ်ပေးကြသလို တော်တော်များများကအုန်းဆီနဲ့မျက်နှာသန့်စင်လေ့ရှိပါတယ်။ဒီနည်းလမ်းကိုတော့ပုံမှန်
အသားအရည်ပိုင်ရှင်တွေသာသုံးသင့်ပါတယ်။
*နနွင်းမှုန့်
နနွင်းမှုန့်ကိုလည်း ထိုင်းလူမျိုးတွေဟာ မျက်နှာချေးခွတ်ဆေးအဖြစ်သုံးကြပါတယ်။နနွင်းမှုန့်အနည်းငယ်ကို ရေနဲ့ရောစပ်ပြီး ရလာတဲ့နနွင်းရည်ကို မျက်နှာမှာလိမ်းပါ။၃မိနစ်ကနေ ၅မိနစ်ထိ နှိပ်နယ်လိမ်းပေးပြီး ဆေးကြောပစ်ပါ။ဆေးကြောပြီးတဲ့အခါ မျက်နှာက လတ်ဆတ်သန့်ရှင်းသွားပြီး တစ်နေ့လုံးကြည်လင်တောက်ပနေတာကိုမြင်တွေ့ရမှာပါ။ဝက်ခြံတွေကိုလည်းလျော့ပါးသွားစေတယ်လို့သိရပါတယ်။
*နှိပ်နယ်
![]()
ထိုင်းလူမျိုးတွေဟာ ခန္ဓာကိုယ်တစ်ခုလုံးကို မကြာခဏဆိုသလိုနှိပ်နယ်လေ့ရှိကြပါတယ်။ဒါက ခန္ဓာကိုယ်ကိုရောစိတ်ကိုပါအနားပေးသလိုဖြစ်လို့အသားအရည်ကိုလည်းကြည်လင်သန့်ရှင်းလှပလာစေပါတယ်။
*သင့်တင့်မျှတတဲ့အစားအစာ
ထိုင်းအမျိုးသမီးတွေဟာအသားနည်းနည်းစားပြီးအသီးအရွက်များများစားပါတယ်။အသားများများစားတာက ခန္ဓာကိုယ်အတွင်း သွေးလေးလံတာတွေဖြစ်စေပါတယ်။ဒါကြောင့်သူတို့က ငါးနဲ့ပင်လယ်စာကိုပဲ များများစားကြပါတယ်။အစပ်အရသာရှိတဲ့ထိုင်းအစာအစာတစ်ချို့ကိုမကြာခဏစားသောက်ပေးမယ်ဆိုရင် ခန္ဓာကိုယ်နဲ့အသားအရည်မှာထူးခြားမှုတွေရှိလာတာကို သင်သတိထားမိပါလိမ့်မယ်။
ဒီနည်းလေးတွေကတော့ ထိုင်းမလေးတွေရဲ့အလှအပရေးရာနည်းလမ်းလေးတွေပါပဲ။ပျိုမေတို့အတွက်အသုံးဝင်ဖို့လည်းမျှော်လင့်ပါတယ်နော်။
Unicode
ထိုင်းမလေးတွေချောတာလှတာကိုတော့ အားလုံးလက်ခံကြတယ်ဟုတ်!ဒီလိုချောနေလှနေရခြင်းတွေမှာလည်း လျှို့ဝှက်ချက်လေးတွေရှိနေပါတယ်။ထိုင်းမလေးတွေရဲ့အလှအပရေးရာနည်းလမ်း လျှို့ဝှက်ချက်လေးတွေကဘာတွေလဲဆိုရင်…
*မန်ကျည်းသီး
ထိုင်းမလေးတွေဟာ ဗီတာမင်နဲ့သဘာဝအာဟာရဓာတ်ကြွယ်ဝတဲ့မန်ကျည်းသီးကို အလှအပပစ္စည်းတစ်ခုအဖြစ်သုံးကြပါတယ်။သူတို့က လတ်ဆတ်သန့်ရှင်းတဲ့မန်ကျည်းသီးကို မျက်နှာချေးချွတ်ဖို့အတွက်သုံးကြတာပါမန်ကျည်းသီးအနှစ် အနည်းငယ်ကို ဒိန်ချဉ်စားပွဲတင်ဇွန်း သုံးဇွန်း၊ပျားရည်အနည်းငယ်နဲ့ရောစပ်ပြီး မျက်နှာကိုလိမ်းပေးထားပါ။မျက်လုံးတစ်ဝိုက်ကိုရှောင်ပြီးလိမ်းဖို့လည်းမမေ့ပါနဲ့။၁ဝမိနစ်ကြာရင် ရေဆေးချလိုက်လို့ရပါပြီ။ဒီနည်းလမ်းက ဆဲလ်သေတွေကိုဖယ်ရှားပေးပြီး
အမည်းစက်တွေ၊အရေပြားနီမြန်းတာတွေကို လျှော့ချပေးတဲ့အပြင် အသားအရည်ကိုကြည်လင်တောက်ပနုပျိုလာစေပါတယ်။မျက်နှာအတွက်သွေးလည်ပတ်မှုလည်းကောင်းမွန်စေတယ်လို့သိရပါတယ်။
*သင်္ဘောသီး
နောက်တစ်မျိုးကတော့ သဘောင်္သီးပါ။ထိုင်းမလေးတွေဟာ သဘောင်္သီးကို အလှအပအတွက်အသုံးချကြပါတယ်။သင်္ဘောသီးမှာပါဝင်တဲ့အင်ဇိုင်းဓာတ်ဟာ အသားအရည်ကိုသန့်စင်စေတယ်။ဆဲလ်သေတွေဖယ်ရှားပေးတယ်။အသားအရည်ကိုကြည်လင်လာစေပါတယ်။ဒါကြောင့်ထိုင်းမလေးတွေဟာသဘောင်္သီးကို မျက်နှာနဲ့ခန္ဓာကိုယ်နှိပ်နယ်ပေါင်းတင်ဖို့အတွက်သုံးကြပါတယ်။
*စပါးလင်
စပါးလင်ကို ထိုင်းအစားအစာတွေမှာ အများဆုံးထည့်သုံးကြသလို ထိုင်းတွေဟာ အလှအပအတွက်လည်းစပါးလင်ကိုသုံးကြပါတယ်။သူတို့စပါးလင်ကိုသုံးတဲ့နည်းလမ်းကလည်းရိုးရှင်းပါတယ်။သန့်ရှင်းလတ်ဆတ်တဲ့စပါးလင်တွေကို အနေတော်လှီးဖြတ်ပြီး ပွက်ပွက်ဆူနေတဲ့ရေနွေးအိုးထဲမှာထည့်
လိုက်ပါတယ်။မိနစ် ၃၀ လောက်ကြာတဲ့အခါမှာတော့ ရပ်လိုက်ပြီး ၁မိနစ်လောက်မျက်နှာရေနွေးငွေ့ခံကြပါတယ်။တစ်မိနစ်ခြားတစ်ခါစီ သုံးမိနစ်လောက်လုပ်ပေးတာက အသားအရည်အတွင်းပိုင်းထဲထိကောင်းမွန်စေပြီး ချွေးပေါက်တွေပွင့်ကာ အသားအရည်ကိုသန့်စင်စေတယ်လို့သိရပါတယ်။သူတို့ကအသားအရည်ညစ်ပတ်ပြီးအဆီတွေများနေတယ်လို့ခံစားရတဲ့အခါ ဒီလိုနည်းနဲ့ မျက်နှာသန့်စင်လေ့ရှိကြပါတယ်။ဘယ်လိုအသားအရည်မျိုးမဆိုု သင့်တော်တယ်လို့လည်းသိရပါတယ်။
*အုန်းဆီ
အုန်းဆီလည်းအတူတူပါပဲ။ထိုင်းအစားအစာတွေမှာထည့်သုံးကြသလို အလှအပအတွက်လည်းမပါမဖြစ်ပါ။ထိုင်းမလေးတွေဟာရေမချိုးခင် ခန္ဓာကိုယ်အနှံ့ကိုအုန်းဆီလိမ်းနှိပ်နယ်ပေးကြသလို တော်တော်များများက အုန်းဆီနဲ့မျက်နှာသန့်စင်လေ့ရှိပါတယ်။ဒီနည်းလမ်းကိုတော့ပုံမှန်
အသားအရည်ပိုင်ရှင်တွေသာသုံးသင့်ပါတယ်။
*နနွင်းမှုန့်
နနွင်းမှုန့်ကိုလည်း ထိုင်းလူမျိုးတွေဟာ မျက်နှာချေးခွတ်ဆေးအဖြစ်သုံးကြပါတယ်။နနွင်းမှုန့်အနည်းငယ်ကို ရေနဲ့ရောစပ်ပြီး ရလာတဲ့နနွင်းရည်ကို မျက်နှာမှာလိမ်းပါ။၃မိနစ်ကနေ ၅မိနစ်ထိ နှိပ်နယ်လိမ်းပေးပြီး ဆေးကြောပစ်ပါ။ဆေးကြောပြီးတဲ့အခါ မျက်နှာက လတ်ဆတ်သန့်ရှင်းသွားပြီး တစ်နေ့လုံးကြည်လင်တောက်ပနေတာကိုုမြင်တွေ့ရမှာပါ။ဝက်ခြံတွေကိုလည်းလျော့ပါးသွားစေတယ်လို့သိရပါတယ်။
*နှိပ်နယ်
ထိုင်းလူမျိုးတွေဟာ ခန္ဓာကိုယ်တစ်ခုလုံးကို မကြာခဏဆိုသလိုနှိပ်နယ်လေ့ရှိကြပါတယ်။ဒါက ခန္ဓာကိုယ်ကိုရောစိတ်ကိုပါ အနားပေးသလိုဖြစ်လို့ အသားအရည်ကိုလည်းကြည်လင်သန့်ရှင်းလှပလာစေပါတယ်။
*သင့်တင့်မျှတတဲ့အစားအစာ
ထိုင်းအမျိုးသမီးတွေဟာ အသားနည်းနည်းစားပြီး အသီးအရွက်များများစားပါတယ်။အသားများများစားတာက ခန္ဓာကိုယ်အတွင်း သွေးလေးလံတာတွေဖြစ်စေပါတယ်။ဒါကြောင့်သူတို့က ငါးနဲ့ပင်လယ်စာကိုပဲ များများစားကြပါတယ်။အစပ်အရသာရှိတဲ့ထိုင်းအစာအစာတစ်ချို့ကိုမကြာခဏစားသောက်ပေးမယ်ဆိုရင် ခန္ဓာကိုယ်နဲ့အသားအရည်မှာထူးခြားမှုတွေရှိလာတာကို သင်သတိထားမိပါလိမ့်မယ်။
ဒီနည်းလေးတွေကတော့ ထိုင်းမလေးတွေရဲ့အလှအပရေးရာနည်းလမ်းလေးတွေပါပဲ။ပျိုမေတို့အတွက်အသုံးဝင်ဖို့လည်းမျှော်လင့်ပါတယ်နော်။