![]()
Clay Mask (ရွံ့စေး mask) ဟာအဆီပြန်ပြီးဝက်ခြံရှိတဲ့သူတွေနဲ့အထူးသင့်တော်တဲ့ Mask တစ်မျိုးဆိုတာ တစ်ချို့သူတွေကတော့ သိကြပါတယ်။ဒါပေမဲ့ တစ်ချို့ပျိုမေတွေကတော့အဆီပြန်ပြီးဝက်ခြံခဏခဏပေါက်တတ်တဲ့အသားအရည်ကိုဘယ်လိုထိန်းသိမ်းရမလဲ သေချာမသိကြသေးပါဘူး။ဒါကြောင့်သင့်ရဲ့အသားအရည်ကအဆီပြန်တယ်။ဝက်ခြံလည်းပေါက်တယ်ဆိုရင် Clay Mask ကိုသုံးကြည့်သင့်ပါတယ်။ပုံမှန်ကပ်နေကျ sheet mask တွေထက်Clay Mask က သင့်အသားအရည်ကိုပိုပြီးကောင်းမွန်လာစေပါတယ်။
Clay Mask (ရွှံ့စေး mask) တွေမှာ ဘယ်လိုအာနိသင်ရှိလဲ?
-ချွေးပေါက်တွေပွင့်လာ
Clay Mask (ရွှံ့စေး mask) ဟာ ဆဲလ်အတွင်းပိုင်းထဲကအညစ်အကြေးတွေ၊အဆီတွေကိုပါ ဖယ်ရှားပေးနိုင်စွမ်းရှိပါတယ်။ချွေးပေါက်ကိုပိတ်ဆို့စေတဲ့အညစ်အကြေးတွေကိုသန့်စင်ပေးတဲ့အတွက်ဝက်ခြံ၊ဆားဝက်ခြံဖြစ်ပွားနှုန်းဟာ လျော့ကျလာပါတယ်။
-အသားအရည်ကိုသန့်စင်ပေး
မျက်နှာအသားအရည်ပေါ်ကအဆိပ်အတောက်အညစ်အကြေးတွေကို Clay Mask (ရွှံ့စေး mask) နဲ့ ဖယ်ရှားလို့ရပါတယ်။ကိုယ့်အသားအရည်တွေညစ်နွမ်းလာတယ်။မည်းလာတယ်လို့ခံစားရတဲ့အခါ Clay Mask (ရွှံ့စေး mask) လေးသုံးပေးလိုက်ရုံနဲ့ မျက်နှာအတွင်းပိုင်းထဲထိသန့်စင်သွားတဲ့ခံစားချက်မျိုးကိုပေးစွမ်းနိုင်တဲ့အထိအဆီပြန်ပြီးဝက်ခြံဖြစ်လွယ်တဲ့အသားအရည်အတွက်သင့်တော်ပါတယ်။
-ကြည်လင်တောက်ပလာစေ
မိတ်ကပ်တွေနဲ့ မျက်နှာလေး Glowအောင်လုပ်လို့ရပေမဲ့ ပင်ကိုယ်အသားအရည်လေးကအစ ကြည်လင်တောက်ပနေရင်ပိုပြီးကောင်းတယ်မဟုတ်လား။အဆီလည်းပြန်တယ်။ဝက်ခြံလည်းရှိတဲ့သူဆို မိတ်ကပ်တွေအများကြီးလိမ်းဖို့လည်းအဆင်မပြေပါဘူး။ဒါကြောင့် Clay Mask (ရွှံ့စေး mask) ကိုသုံးပေးသင့်ပါတယ်။Clay Mask (ရွှံ့စေး mask) ကိုပုံမှန်သုံးပေးတာကအသားအရည်ကိုကျန်းမာစေတယ်။တင်းရင်းစေတယ်။မျက်နှာကိုချောမွေ့ကြည်လင်ပြီး နူးညံ့လာစေပါတယ်။
-ဘတ်တီးရီးယားတွေဖယ်ရှားပေး
မမြင်နိုင်တဲ့ ဘတ်တီးရီးယားတွေမျက်နှာမှာကပ်ငြိနေတတ်ပါတယ်။ဒါကြောင့်ပဲဝက်ခြံ၊ဆားဝက်ခြံ၊တင်းတိပ်၊အရေပြားရောဂါစသဖြင့်ဖြစ်ပွားကြတာပါ။ဒါပေမဲ့ Clay Mask (ရွှံ့စေး mask) ကိုသုံးပေးမယ်ဆိုရင် Clay mask ကအရေပြားမှာကပ်ငြိနေတဲ့ဘတ်တီးရီးယားတွေကိုပါဖယ်ရှားပေးပါလိမ့်မယ်။
Clay Mask (ရွှံ့စေး mask) ဟာအဆီပြန်တာကိုထိန်းချုပ်ပေးပြီး ဝက်ခြံတွေကိုလျော့ပါးသက်သာစေပါတယ်။ဒါကြောင့်အဆီပြန်ပြီးဝက်ခြံထွက်လွယ်တဲ့အသားအရည်ပိုင်ရှင်တွေဟာ Clay Mask (ရွှံ့စေး mask) ကိုအဓိကရွေးချယ်သုံးစွဲသင့်ပါတယ်။
ဒါဖြင့် Clay mask ကို ဘယ်လိုသုံးကြမလဲ?
*Clay maskအနည်းငယ်ကိုယူပြီးမျက်နှာမှာပွတ်လိမ်းပါ
*တင်းရင်းခြောက်သွားတဲ့အထိခဏစောင့်ပါ (၁-၃ မိနစ်ထိ)
*ခြောက်သွားရင် ရေနွေးနွေးလေးနဲ့ဆေးချပါ
*ပြီးရင် ပုံမှန်အတိုင်း skin careအဆင့်ဆင့်လိမ်းခြယ်သွားရုံပါပဲ။
Clay Mask (ရွှံ့စေး mask) သုံးပြီး skin careအသုံးပြုတဲ့အခါ ပိုပြီးထိရောက်တဲ့ရလဒ်ကိုရရှိလာပါလိမ့်မယ်။တစ်ပတ်ကို ၁ကြိမ်ကနေ ၂ကြိမ်ထိ Clay Mask (ရွှံ့စေး mask) ကိုသုံးပေးနိုင်ပြီး တစ်ခြားမျက်နှာအသားအရည်ကိုအားဖြည့်ပေးတဲ့ sheet mask လေးတွေကိုလည်းအလျဉ်းသင့်ရင့်သင့်သလို တစ်ပတ်ကို ၁ကြိမ်ကနေ ၂ကြိမ် clay mask သုံးတာနဲ့ ရက်ခြားခြားပြီးသုံးပေးနိုင်ပါတယ်။
Unicode
Clay Mask (ရွံ့စေး mask) ဟာ အဆီပြန်ပြီးဝက်ခြံရှိတဲ့သူတွေနဲ့ အထူးသင့်တော်တဲ့ Mask တစ်မျိုးဆိုတာ တစ်ချို့သူတွေကတော့ သိကြပါတယ်။ဒါပေမဲ့ တစ်ချို့ပျိုမေတွေကတော့ အဆီပြန်ပြီးဝက်ခြံခဏခဏပေါက်တတ်တဲ့အသားအရည်ကိုဘယ်လိုထိန်းသိမ်းရမလဲ သေချာမသိကြသေးပါဘူး။ဒါကြောင့်သင့်ရဲ့အသားအရည်က အဆီပြန်တယ်။ဝက်ခြံလည်းပေါက်တယ်ဆိုရင် Clay Mask ကိုသုံးကြည့်သင့်ပါတယ်။ပုံမှန်ကပ်နေကျ sheet mask တွေထက်Clay Mask က သင့်အသားအရည်ကိုပိုပြီးကောင်းမွန်လာစေပါတယ်။
Clay Mask (ရွွှံ့စေး mask) တွေမှာ ဘယ်လိုအာနိသင်ရှိလဲ?
-ချွေးပေါက်တွေပွင့်လာ
Clay Mask (ရွွှံ့စေး mask) ဟာ ဆဲလ်အတွင်းပိုင်းထဲကအညစ်အကြေးတွေ၊အဆီတွေကိုပါ ဖယ်ရှားပေးနိုင်စွမ်းရှိပါတယ်။ချွေးပေါက်ကိုပိတ်ဆို့စေတဲ့အညစ်အကြေးတွေကိုသန့်စင်ပေးတဲ့အတွက်ဝက်ခြံ၊ဆားဝက်ခြံဖြစ်ပွားနှုန်းဟာ လျော့ကျလာပါတယ်။
-အသားအရည်ကိုသန့်စင်ပေး
မျက်နှာအသားအရည်ပေါ်က အဆိပ်အတောက်အညစ်အကြေးတွေကို Clay Mask (ရွွှံ့စေး mask) နဲ့ ဖယ်ရှားလို့ရပါတယ်။ကိုယ့်အသားအရည်တွေညစ်နွမ်းလာတယ်။မည်းလာတယ်လို့ခံစားရတဲ့အခါ Clay Mask (ရွွှံ့စေး mask) လေးသုံးပေးလိုက်ရုံနဲ့ မျက်နှာအတွင်းပိုင်းထဲထိသန့်စင်သွားတဲ့ခံစားချက်မျိုးကိုပေးစွမ်းနိုင်တဲ့အထိ အဆီပြန်ပြီးဝက်ခြံဖြစ်လွယ်တဲ့အသားအရည်အတွက်သင့်တော်ပါတယ်။
-ကြည်လင်တောက်ပလာစေ
မိတ်ကပ်တွေနဲ့ မျက်နှာလေး Glow အောင်လုပ်လို့ရပေမဲ့ ပင်ကိုယ်အသားအရည်လေးကအစ ကြည်လင်တောက်ပနေရင်ပိုပြီးကောင်းတယ်မဟုတ်လား။အဆီလည်းပြန်တယ်။ဝက်ခြံလည်းရှိတဲ့သူဆို မိတ်ကပ်တွေအများကြီးလိမ်းဖို့လည်းအဆင်မပြေပါဘူး။ဒါကြောင့် Clay Mask (ရွွှံ့စေး mask) ကိုသုံးပေးသင့်ပါတယ်။Clay Mask (ရွွှံ့စေး mask) ကိုပုံမှန်သုံးပေးတာက အသားအရည်ကိုကျန်းမာစေတယ်။တင်းရင်းစေတယ်။မျက်နှာကိုချောမွေ့ကြည်လင်ပြီး နူးညံ့လာစေပါတယ်။
-ဘတ်တီးရီးယားတွေဖယ်ရှားပေး
မမြင်နိုင်တဲ့ ဘတ်တီးရီးယားတွေမျက်နှာမှာကပ်ငြိနေတတ်ပါတယ်။ဒါကြောင့်ပဲဝက်ခြံ၊ဆားဝက်ခြံ၊တင်းတိပ်၊အရေပြားရောဂါစသဖြင့်ဖြစ်ပွားကြတာပါ။ဒါပေမဲ့ Clay Mask (ရွွှံ့စေး mask) ကိုသုံးပေးမယ်ဆိုရင် Clay mask က အရေပြားမှာကပ်ငြိနေတဲ့ဘတ်တီးရီးယားတွေကိုပါဖယ်ရှားပေးပါလိမ့်မယ်။
Clay Mask (ရွွှံ့စေး mask) ဟာ အဆီပြန်တာကိုထိန်းချုပ်ပေးပြီး ဝက်ခြံတွေကိုလျော့ပါးသက်သာစေပါတယ်။ဒါကြောင့် အဆီပြန်ပြီးဝက်ခြံထွက်လွယ်တဲ့အသားအရည်ပိုင်ရှင်တွေဟာ Clay Mask (ရွွှံ့စေး mask) ကိုအဓိကရွေးချယ်သုံးစွဲသင့်ပါတယ်။
ဒါဖြင့် Clay mask ကို ဘယ်လိုသုံးကြမလဲ?
*Clay mask အနည်းငယ်ကိုယူပြီးမျက်နှာမှာပွတ်လိမ်းပါ
*တင်းရင်းခြောက်သွားတဲ့အထိခဏစောင့်ပါ (၁-၃ မိနစ်ထိ)
*ခြောက်သွားရင် ရေနွေးနွေးလေးနဲ့ဆေးချပါ
*ပြီးရင် ပုံမှန်အတိုင်း skin care အဆင့်ဆင့်လိမ်းခြယ်သွားရုံပါပဲ။
Clay Mask (ရွွှံ့စေး mask) သုံးပြီး skin care အသုံးပြုတဲ့အခါ ပိုပြီးထိရောက်တဲ့ရလဒ်ကိုရရှိလာပါလိမ့်မယ်။တစ်ပတ်ကို ၁ကြိမ်ကနေ ၂ကြိမ်ထိ Clay Mask (ရွွှံ့စေး mask) ကိုသုံးပေးနိုင်ပြီး တစ်ခြားမျက်နှာအသားအရည်ကိုအားဖြည့်ပေးတဲ့ sheet mask လေးတွေကိုလည်း အလျဉ်းသင့်ရင့်သင့်သလို တစ်ပတ်ကို ၁ကြိမ်ကနေ ၂ကြိမ် clay mask သုံးတာနဲ့ ရက်ခြားခြားပြီးသုံးပေးနိုင်ပါတယ်။
ဒီလိုပုံမှန်လေးလုပ်ပေးသွားမယ်ဆိုရင် အဆီလည်းသိပ်မပြန်၊ဝက်ခြံလည်းသိပ်မထွက်တော့ပဲ ကြည်လင်တောက်ပတဲ့မျက်နှာလေးကိုပိုင်ဆိုင်ရပါလိမ့်မယ်။
Source:dermstore/Nayelle