မိမိက ဘယ်အသားအရေမျိုးကို ပိုင်ဆိုင်ထားလဲ ဆိုတာဘယ်လိုသိရမလဲ?
pissayanews.com
|
2019-07-18



ဒီနေ့ကတော့အသားရေအမျိုးအစား ဘယ်လိုခွဲခြား မလဲ ဆိုတာပြောပြပေးချင်ပါတယ်။

မိမိပိုင်ဆိုင်ထားတဲ့အသားအရေကို မှန်ကန်စွာသိမှသာ skincare ကိုမှန်ကန်စွာရွေးချယ်အသုံးပြုနိုင်မှအကျိုးထူးရမှာဖြစ်ပါတယ်။


1.Normal Skin ( ပုံမှန်အသားအရေ )
2.Oily Skin (အဆီပြန်တဲ့အသားအရေ )
3.Combination Skin(ပေါင်းစပ်
အသားအရေ)
4.Dry Skin ( ခြောက်သွေ့အသားအရေ )
5.Sensitive Skin(ထိရှလွယ်တဲ့အသားအရေ)ဆိုပြီး ( ၅ ) မျိုးရှိပါတယ်။


1. Normal Skin ( ပုံမှန်အသားအရေ )


ဒီလိုအသားအရေကိုပိုင်ဆိုင်ထားတဲ့သူတွေကအရမ်းလည်းအဆီမပြန်အရမ်းလည်းခြောက်သွေ့ခြင်းမရှိတဲ့အတွက် ကြည့်လိုက်ရင် သဘာဝအတိုင်းလေးကို ကြည်လင်ရှင်းသန့်ပြီး ချောမွတ်နေတယ်။
ပြောင်းလဲမှုမရှိတဲ့အတွက် တစ်နေ့တာလုံးပုံမှန်အတိုင်းပဲဖြစ်နေတတ်ပါတယ်။


အဲ့လိုအသားရေအတွက် မှတ်ထားသင့်တဲ့
နည်းလမ်းတွေဆိုရင်တော့ – skincare products တွေသုံးတဲ့နေရာမှာအသားရေကိုအရမ်းအဆီမပြန်၊အရမ်းမခြောက်သွေ့သွားမဲ့ ပစ္စည်းလေးတွေ သုံးပါ။ ပစ္စည်းတစ်ခု သုံးပြီဆိုရင်လည်းအဲ့ပစ္စည်း တစ်ခုတည်းကို စွဲစွဲမြဲမြဲသုံးတာအကောင်းဆုံးပါ။ ဒီ ပုံမှန်ဆိုတဲ့အရေပြားဆိုတာ perfect, flawless ဖြစ်တာကိုဆိုလိုတယ်လို့ပြောလို့မရပါဘူး။ ဘာလို့လဲဆိုတော့ ဒီလိုအသားရေမျိုးကအသက်ကြီးလာတဲ့အခါအဆီထွက်နူန်းအားနည်းသွားတတ်ပြီး ခြေက်သွေ့သောအသားရေကို ပြောင်းသွားနိုင်ပါတယ်။အဲတော့အရေးအကြောင်းတွေပေါ်တဲ့နူန်းကို ပိုမြန်စေနိုင်တာပေါ့။ ဒါကြောင့် moisturizer လေးတော့ မှန်မှန်လေးလိမ်းပေးပါ။


2.Oily Skin (အဆီပြန်တဲ့အသားအရေ )

Oily Skinကိုပိုင်ဆိုင်ထားတဲ့သူတွေကများသောအားဖြင့် နေ့လည် ၊ ညလည်တို့မှာပြောင်းလဲမှု ဖြစ်တတ်ပါတယ်။ လေ့လာချက်အရ ဝက်ခြံဖြစ်စေတတ်တဲ့အရာနဲ့ ချွေးပေါက်တွေပိတ်ဆို့မှုကြောင့်အဆီဖု ၊ ဆားဝက်ခြံ တွေဟာ မျက်နှာရဲ့အဆီပြန်တတ်တဲ့နေရာတွေမှာ ပေါက်တတ်ပါတယ်။ ဒီအသားအရေသမားတွေက မျက်နှာမှာအဆီတွေပေနေသလို၊ ကျိချွဲနေသလို ၊ စိုစွတ်နေ သလိုခံစားရတတ်ပါတယ်။

ဒီအသားရေအတွက်ဆို သိထားသင့်တာတွေကတော့ – မျက်နှာ ကို ခဏခဏမသစ်ဖို့ပါ။အဆီပြန်လို့ မျက်နှာ သစ်သင့်တယ်ဆိုတာ လုံးဝမဟုတ်ပါ။ တစ်ပတ် ၂ခါလောက်တော့ exfoliate လုပ်ပေးပါ။အဆီပြန်တဲ့အသားရေအတွက် သတင်းကောင်းလေးကတော့အသက်ကြီးလာရင်အရေကြောင်းတွေ ထွက်လာမယ့်နူန်းကနည်းပါတယ်။


3. Combination Skin ( ပေါင်းစပ်အသားအရေ )


Oily နဲ့ Dry skinတို့ပေါင်းစပ်ထားတဲ့အသားအရေမျိုးပါ
မျက်နှာရဲ့အချို့နေရာ ( များသောအားဖြင့် နဖူး ၊ နှာခေါင်း )တွေမှာ ပြောင်နေတတ်ပြီးအခြားနေရာတွေမှာ သန့်ရှင်းနေတတ်ပါတယ်။

ဒီအသားရေအတွက် tips ဆိုရင်- natural ingredients ပါတဲ့ ပစ္စည်းတွေရွှေးသုံးပါ။အနံ့ ပါတဲ့ပစ္စည်းတွေဆို ရှောင်ပါ။ လိုတဲ့နေရာမှာ လိုတယ့် moisturizer သုံးဖို့အရေးကြီးပါတယ်။အဆီပြန်လွယ်တဲ့ t-zone တွေမှာဆို light moisturizer တွေသုံးသင့်ပါတယ်။ ခြောက်တတ်တဲ့ ပါးပြင်မှာဆို heavy ပိုဖြစ်တယ့် moisturizer လေးသုံးပေးပေါ့။


4. Dry Skin ( ခြောက်သွေ့အသားအရေ )

ဒီလိုအသားအရေကိုပိုင်ဆိုင်ထားသူတွေက ပတ်ကြားအပ်နေသလိုအဖတ်ဖတ်နဲ့ ကြမ်းပြီးတင်းတင်းကြီးနဲ့ခြောက်သွေ့နေတတ်ပါတယ်။ Dry Skin သမားနဲ့ Sensitive skin သမားတွေက ဆင်တူယိုးမှားဖြစ်ပေမယ့် dry skin သမားများက skin product တစ်ခုခုကိုလိမ်းလိုက်ပေမယ့် နီမြန်းခြင်းအနီစက်ဖြစ်ပေါ်ခြင်းတော့ မဖြစ်တတ်ပါဘူး။

ဒီအသားရေတွေက- dry-friendly ဖြစ်တယ့် ingredients တွေ dimethicone, hyaluronic acidပါတဲ့ ပစ္စည်းတွေ ဆောင်ထားသင့်ပါတယ်။ ဒီလိုအရေပြားတွေက slight allergic reactions တွရှိတတ် ပါတယ်။အဲတော့ ပစ္စည်းတွေစမ်းသုံးမယ်ဆို မျက်နှာပေါ်မှာသေးသေးလေးအရင်စမ်းကြည့်ပီး တည့်မှဆက်သုံးပါ။


5. Sensitive Skin ( ထိရှလွယ်တဲ့အသားအရေ )

ဒီအသားအရေပိုင်ရှင်တွေက်အနီစက်တွေ ၊အကွက်တွေဖြစ်တတ်ပြီး ထိရှလွယ်ကူတယ်။ များသောအားဖြင့် နေ့လည် ၊ ညပိုင်းတွေမှာ ကြမ်းပြီးခြောက်သွေ့မှုကို ခံစားရတတ်တယ်။

မှတ်ထားသင့်တာလေးတွေကတော့ – mild ဖြစ်တဲ့ ပစ္စည်းတွေ ရှာသုံးပါ။ မျက်နှာကိုအေးမြမှုဓာတ် (calming effect, soothing effect) တွေပါတဲ့ ပါဝင်ပစ္စည်း… ဥပမာ နွယ်ချို (licorice), ရေညှိ( algae) တို့ပါတာတွေ သုံးပါ။ ရှောင်သင့်တဲ့အထဲမှာတော့ ဓာတုပစ္စည်း နဲ့ကုတဲ့ မျက်နှာကုသနည်းတွေ (chemical-based facial treatments) တွ၊ တစ်ချို့အက်စစ် (glycolic acid, vitamin C) တွေပါတဲ့ products တွေပါပါတယ်။


မိမိအသားအရေဘယ်လိုအမျိုးအစားထဲမှာပါလည်း
ဆိုုတာကိုသိနိုင်တဲ့နည်းတွေထဲက မှင်ခံစက္ကူ(blotting paper ) လိုမျိုးအဆီစုပ်စက္ကူနဲ့ စမ်းသပ်လိလိုအမြင်အားဖြင့်ထိတွေ့ပြီးလည်း စမ်းသပ်လို့ရပါတယ်။ Blotting paper ကိုအလှကုန်အရောင်းဆိုင်တိုင်းမှာမေးဝယ်လို့ပါတယ်။


ဘယ်လိုစမ်းသပ်ရမလဲ?

မိမိစမ်းသပ်မည့်နေ့မှာ ညအိပ်ယာမဝင်ခင်မျက်နှာသစ်ပြီး ဘာမှမလိမ်းဘဲအိပ်လိုက်ပါ။ တစ်ရေးနိုးလျှင်သော်လည်းကောင်း၊ မနက်မိုးလင်းလျှင်သော်လည်းကောင်း မှန်ရှေ့မှာရပ်ပြီးအဆီစုပ်စက္ကူကိုယူကာ( မရှိပါက ဒီအတိုင်းကြည့်ပြီးလက်နှင့် စမ်းကြည့်ပါ) မျက်နှာရဲ့အဆီပြန်တတ်တဲ့ area တွေဖြစ်တဲ့ T-Zone (T-Zone ဆိုတာ နဖူးနဲ့ နှာခေါင်းကိုပြောတာပါ) ၊ မျက်လုံးအောက် ၊ ပါး ၊ မေးရိုး တွေပေါ်ကို စက္ကူနဲ့ကပ်ပေးပါ

Oily skin – ဆိုရင် မျက်နှာရဲ့ area တိုင်းမှာအဆီတွေရှိနေတဲ့အတွက် စက္ကူမှာအဆီတွေအရမ်းကိုစိုစွတ်နေပါလိမ့်မယ်။စက္ကူမရှိရင်လည်း ဒီတိုင်းကြည့်လိုက်တာနဲ့ မျက်နှာတစ်ခုလုံးအဆီတွေနဲ့ပြောင်နေပါတယ်။

Normal skin – ဆိုရင် စက္ကူမှာ areaအားလုံးကိုသုတ်လိုက်ပေမယ့်အဆီမနည်းမများပဲတွေ့ရပါတယ်။

Combination skin -ဆိုရင်အချို့နေရာတွေမှာအဆီရှိပြီးအချို့နေရာတွေမှာ တင်းနေတတ်ပါတယ်။


Dry/Sensitive skin -ဆိုရင်စက္ကူမှာအဆီမရှိသလောက်ပါပဲ။
ထိုနည်းများနှင့်မိမိဘယ်အသားအရေကိုပိုင်ဆိုင်ထားလဲသိနိုင်ပါတယ်။

မှတ်ချက်။ ။အသားအရေကအသက်၊အစားအသောက်နှင့် ဟော်မုန်းတွေကြောင့်လည်း ပြောင်းလဲတတ်ပါတယ်။

Unicode ဖြင့်ဖတ်ရန်

မိမိက ဘယျအသားအရမြေိုးကို ပိုငျဆိုငျထားလဲ ဆိုတာဘယျလိုသိရမလဲ?


=================================================
ဒီနေ့ကတော့ အသားရေ အမျိုးအစား ဘယ်လိုခွဲခြား မလဲ ဆိုတာပြောပြပေးချင်ပါတယ်။
မိမိပိုင်ဆိုင်ထားတဲ့အသားအရေကို မှန်ကန်စွာသိမှသာ skincare ကိုမှန်ကန်စွာရွေးချယ်အသုံးပြုနိုင်မှ အကျိုးထူးရမှာဖြစ်ပါတယ်။
1.Normal Skin ( ပုံမှန်အသားအရေ )
2.Oily Skin ( အဆီပြန်တဲ့အသားအရေ )
3.Combination Skin(ပေါင်းစပ်
အသားအရေ)
4.Dry Skin ( ခြောက်သွေ့အသားအရေ )
5.Sensitive Skin(ထိရှလွယ်တဲ့ အသားအရေ)ဆိုပြီး ( ၅ ) မျိုးရှိပါတယ်။
1. Normal Skin ( ပုံမှန်အသားအရေ )
================================
ဒီလိုအသားအရေကိုပိုင်ဆိုင်ထားတဲ့သူတွေက အရမ်းလည်းအဆီမပြန် အရမ်းလည်းခြောက်သွေ့ခြင်းမရှိတဲ့အတွက် ကြည့်လိုက်ရင် သဘာဝအတိုင်းလေးကို ကြည်လင်ရှင်းသန့်ပြီး ချောမွတ်နေတယ်။
ပြောင်းလဲမှုမရှိတဲ့အတွက် တစ်နေ့တာလုံးပုံမှန်အတိုင်းပဲဖြစ်နေတတ်ပါတယ်။
အဲ့လို အသားရေအတွက် မှတ်ထားသင့်တဲ့
နည်းလမ်းတွေဆိုရင်တော့ – skincare products တွေသုံးတဲ့နေရာမှာ အသားရေကို အရမ်းအဆီမပြန်၊ အရမ်းမခြောက်သွေ့သွားမဲ့ ပစ္စည်းလေးတွေ သုံးပါ။ ပစ္စည်းတစ်ခု သုံးပြီဆိုရင်လည်း အဲ့ပစ္စည်း တစ်ခုတည်းကို စွဲစွဲမြဲမြဲသုံးတာ အကောင်းဆုံးပါ။ ဒီ ပုံမှန်ဆိုတဲ့ အရေပြားဆိုတာ perfect, flawless ဖြစ်တာကိုဆိုလိုတယ်လို့ပြောလို့မရပါဘူး။ ဘာလို့လဲဆိုတော့ ဒီလိုအသားရေမျိုးက အသက်ကြီးလာတဲ့အခါ အဆီထွက်နူန်း အားနည်းသွားတတ်ပြီး ခြေက်သွေ့သော အသားရေကို ပြောင်းသွားနိုင်ပါတယ်။ အဲတော့ အရေးအကြောင်းတွေပေါ်တဲ့နူန်းကို ပိုမြန်စေနိုင်တာပေါ့။ ဒါကြောင့် moisturizer လေးတော့ မှန်မှန်လေးလိမ်းပေးပါ။
2.Oily Skin ( အဆီပြန်တဲ့အသားအရေ )
================================
Oily Skinကိုပိုင်ဆိုင်ထားတဲ့သူတွေကများသောအားဖြင့် နေ့လည် ၊ ညလည်တို့မှာပြောင်းလဲမှု ဖြစ်တတ်ပါတယ်။ လေ့လာချက်အရ ဝက်ခြံဖြစ်စေတတ်တဲ့အရာနဲ့ ချွေးပေါက်တွေပိတ်ဆို့မှုကြောင့် အဆီဖု ၊ ဆားဝက်ခြံ တွေဟာ မျက်နှာရဲ့ အဆီပြန်တတ်တဲ့နေရာတွေမှာ ပေါက်တတ်ပါတယ်။ ဒီအသားအရေသမားတွေက မျက်နှာမှာ အဆီတွေပေနေသလို၊ ကျိချွဲနေသလို ၊ စိုစွတ်နေ သလိုခံစားရတတ်ပါတယ်။
ဒီအသားရေ အတွက်ဆို သိထားသင့်တာတွေကတော့ – မျက်နှာ ကို ခဏခဏမသစ်ဖို့ပါ။ အဆီပြန်လို့ မျက်နှာ သစ်သင့်တယ်ဆိုတာ လုံးဝမဟုတ်ပါ။ တစ်ပတ် ၂ခါလောက်တော့ exfoliate လုပ်ပေးပါ။ အဆီပြန်တဲ့အသားရေအတွက် သတင်းကောင်းလေးကတော့ အသက်ကြီးလာရင် အရေကြောင်းတွေ ထွက်လာမယ့်နူန်းကနည်းပါတယ်။
3. Combination Skin
( ပေါင်းစပ်အသားအရေ )
========================
Oily နဲ့ Dry skinတို့ပေါင်းစပ်ထားတဲ့
အသားအရေမျိုးပါ
မျက်နှာရဲ့ အချို့နေရာ ( များသောအားဖြင့် နဖူး ၊ နှာခေါင်း )တွေမှာ ပြောင်နေတတ်ပြီး အခြားနေရာတွေမှာ သန့်ရှင်းနေတတ်ပါတယ်။
ဒီအသားရေအတွက် tips ဆိုရင်- natural ingredients ပါတဲ့ ပစ္စည်းတွေရွှေးသုံးပါ။ အနံ့ ပါတဲ့ပစ္စည်းတွေဆို ရှောင်ပါ။ လိုတဲ့နေရာမှာ လိုတယ့် moisturizer သုံးဖို့ အရေးကြီးပါတယ်။ အဆီပြန်လွယ်တဲ့ t-zone တွေမှာဆို light moisturizer တွေသုံးသင့်ပါတယ်။ ခြောက်တတ်တဲ့ ပါးပြင်မှာဆို heavy ပိုဖြစ်တယ့် moisturizer လေးသုံးပေးပေါ့။
4. Dry Skin ( ခြောက်သွေ့အသားအရေ )
================================
ဒီလိုအသားအရေကိုပိုင်ဆိုင်ထားသူတွေက ပတ်ကြားအပ်နေသလိုအဖတ်ဖတ်နဲ့ ကြမ်းပြီးတင်းတင်းကြီးနဲ့ခြောက်သွေ့နေတတ်ပါတယ်။ Dry Skin သမားနဲ့ Sensitive skin သမားတွေက ဆင်တူယိုးမှားဖြစ်ပေမယ့် dry skin သမားများက skin product တစ်ခုခုကိုလိမ်းလိုက်ပေမယ့် နီမြန်းခြင်း အနီစက်ဖြစ်ပေါ်ခြင်းတော့ မဖြစ်တတ်ပါဘူး။
ဒီအသားရေတွေက- dry-friendly ဖြစ်တယ့် ingredients တွေ dimethicone, hyaluronic acidပါတဲ့ ပစ္စည်းတွေ ဆောင်ထားသင့်ပါတယ်။ ဒီလို အရေပြားတွေက slight allergic reactions တွရှိတတ် ပါတယ်။ အဲတော့ ပစ္စည်းတွေစမ်းသုံးမယ်ဆို မျက်နှာပေါ်မှာသေးသေးလေး အရင်စမ်းကြည့်ပီး တည့်မှဆက်သုံးပါ။
5. Sensitive Skin
( ထိရှလွယ်တဲ့ အသားအရေ )
======================
ဒီအသားအရေပိုင်ရှင်တွေက် အနီစက်တွေ ၊ အကွက်တွေဖြစ်တတ်ပြီး ထိရှလွယ်ကူတယ်။
များသောအားဖြင့် နေ့လည် ၊ ညပိုင်းတွေမှာ ကြမ်းပြီးခြောက်သွေ့မှုကို ခံစားရတတ်တယ်။
မှတ်ထားသင့်တာလေးတွေကတော့ – mild ဖြစ်တဲ့ ပစ္စည်းတွေ ရှာသုံးပါ။ မျက်နှာကို အေးမြမှုဓာတ် (calming effect, soothing effect) တွေပါတဲ့ ပါဝင်ပစ္စည်း… ဥပမာ နွယ်ချို (licorice), ရေညှိ( algae) တို့ပါတာတွေ သုံးပါ။ ရှောင်သင့်တဲ့ အထဲမှာတော့ ဓာတုပစ္စည်းနဲ့ကုတဲ့ မျက်နှာကုသနည်းတွေ (chemical-based facial treatments) တွ၊ တစ်ချို့ အက်စစ် (glycolic acid, vitamin C) တွေပါတဲ့ products တွေပါပါတယ်။
မိမိအသားအရေဘယ်လိုအမျိုးအစားထဲမှာပါလည်း
ဆိုတာကိုသိနိုင်တဲ့နည်းတွေထဲက မှင်ခံစက္ကူ(blotting paper ) လိုမျိုးအဆီစုပ်စက္ကူနဲ့ စမ်းသပ်လိလို အမြင်အားဖြင့်ထိတွေ့ပြီးလည်း စမ်းသပ်လို့ရပါတယ်။ Blotting paper ကို အလှကုန်အရောင်းဆိုင်တိုင်းမှာမေးဝယ်လို့ပါတယ်။
ဘယ်လိုစမ်းသပ်ရမလဲ?????
မိမိစမ်းသပ်မည့်နေ့မှာ ညအိပ်ယာမဝင်ခင်မျက်နှာသစ်ပြီး ဘာမှမလိမ်းဘဲအိပ်လိုက်ပါ။ တစ်ရေးနိုးလျှင်သော်လည်းကောင်း၊ မနက်မိုးလင်းလျှင်သော်လည်းကောင်း မှန်ရှေ့မှာရပ်ပြီး အဆီစုပ်စက္ကူကိုယူကာ( မရှိပါက ဒီအတိုင်းကြည့်ပြီးလက်နှင့် စမ်းကြည့်ပါ) မျက်နှာရဲ့ အဆီပြန်တတ်တဲ့ area တွေဖြစ်တဲ့ T-Zone (T-Zone ဆိုတာ နဖူးနဲ့ နှာခေါင်းကိုပြောတာပါ) ၊ မျက်လုံးအောက် ၊ ပါး ၊ မေးရိုး တွေပေါ်ကို စက္ကူနဲ့ကပ်ပေးပါ
Oily skin – ဆိုရင် မျက်နှာရဲ့ area တိုင်းမှာအဆီတွေရှိနေတဲ့အတွက် စက္ကူမှာ အဆီတွေအရမ်းကိုစိုစွတ်နေပါလိမ့်မယ်။စက္ကူမရှိရင်လည်း ဒီတိုင်းကြည့်လိုက်တာနဲ့ မျက်နှာတစ်ခုလုံး အဆီတွေနဲ့ပြောင်နေပါတယ်။
Normal skin – ဆိုရင် စက္ကူမှာ area အားလုံးကိုသုတ်လိုက်ပေမယ့် အဆီမနည်းမများပဲတွေ့ရပါတယ်။
Combination skin -ဆိုရင် အချို့နေရာတွေမှာအဆီရှိပြီး အချို့နေရာတွေမှာ တင်းနေတတ်ပါတယ်။
Dry/Sensitive skin -ဆိုရင်စက္ကူမှာအဆီမရှိသလောက်ပါပဲ။
ထိုနည်းများနှင့်မိမိဘယ်အသားအရေကိုပိုင်ဆိုင်ထားလဲသိနိုင်ပါတယ်။
မှတ်ချက်။ ။ အသားအရေက အသက်၊ အစားအသောက်နှင့် ဟော်မုန်းတွေကြောင့်လည်း ပြောင်းလဲတတ်ပါတယ်။





Some text some message..