ခြေသည်းလက်သည်းလေးတွေကျန်းမာစေဖို့အတွက် လိုက်နာသင့်တဲ့အလေ့အထလေးတွေ
hellosayarwon.com
|
2019-07-28

လက်သည်းခြေသည်းလေးတွေ ကလည်းအလှအပအတွက်လိုအပ်တဲ့အချက်တစ်ခုပါ။ ဒီတော့ လှပတဲ့သူလေးဖြစ်ချင်တယ်ဆိုရင် လက်သည်းခြေသည်းလေးတွေကို သေချာဂရုစိုက်ဖို့လိုမှာပါ။ ဒီတော့ လှပကျန်းမာတဲ့ ခြေသည်းလက်သည်းလေးတွေပိုင်ဆိုင်ဖို့ဆိုရင် လိုက်နာရမယ့်အခြေခံအချက်လေးတွေရှိပါတယ်။

ခြေသည်းလက်သည်းလေးတွေ ခံစားရနိုင်တဲ့ ရောဂါတွေ......
ခြေသည်းလက်သည်းလေးတွေမှာလည်း

ရောဂါပိုးတွေ ကူးစက်မှုကြောင့် ကျန်းမာရေးထိခိုက်စေနိုင်ပါတယ်။
ခြေသည်းလက်သည်းတွေအရောင်ပြောင်းတာ
ခြေသည်းလက်သည်းတွေကြွပ်ဆတ်တာ
ထိခိုက်ကျိုးပဲ့လွယ်တာ ခြေသည်းလက်သည်း

မှိုပိုးဝင်တာ
လက်သည်းမှာအဖြူစက်လေးတွေဖြစ်တာ (လက်သည်းပွင့်တယ်လို့ ခေါ်တတ်ကြပါတယ်)
လက်သည်းမှာအစင်းကြောင်းတွေဖြစ်တာ
လက်သည်းတွေခြောက်နေတာ
လက်သည်းအဖက်လေးတွေလန်နေတာ
လက်သည်းခြေသည်းတဝိုက်ကအရေပြားလေးတွေ နီမြန်းရောင်ရမ်းနေတာစတဲ့ ပြဿနာတွေခံစားရနိုင်ပါတယ်။

ကျန်းမာတဲ့ ခြေသည်းလက်သည်းလေးတွေရဲ့အင်္ဂါရပ်တွေ
ခြေသည်းလက်သည်လေးတွေကျန်းမာလားဆိုတာကို မျက်စိနဲ့ကြည့်ရုံနဲ့ သိနိုင်ပါတယ်။
ခြေသည်းလက်သည်းလေးတွေက ပန်းရောင်သွေးကြွယ်နေမယ်
ခြေသည်းပန်းကုံးလေးတွေ၊ လက်သည်းပန်းကုံးလေးတွေရှိမယ်
လက်သည်းလေးတွေက ပုံမှန်ရှည်တယ်
လက်သည်းလေးတွေအောင်ခြေမှာအဖြူရောင်လခြမ်းပုံလေးတွေရှိနေမယ်ဆိုရင်တော့ ခြေသည်းလက်သည်းလေးတွေ ကျန်းမာတယ်ဆိုတဲ့ လက္ခဏာတွေပါ။

လက်သည်းလေးတွေ ကျန်းမာစေဖို့ ဘာတွေဆောင်လို့ ဘာတွေရှောင်ရမလဲ.........
လက်သည်းလေးတွေကျန်းမာစေဖို့ ဒီအချက်လေးတွေကို သတိထားပေးတာကအကောင်းဆုံးဖြစ်မှာပါ။ လက်သည်းက ပိုးဝင်နိုင်သလို လက်သန့်ရှင်းမှုမရှိရင် ခန္ဓာကိုယ်ကိုလည် ထိခိုက်လာနိုင်တာတွေကအများကြီးပါ။ ဒါကြောင့်အခုပြောပြမယ့်အချက်လေးတွေကိုလိုက်နာလို့ ခြေသည်းလက်သည်းလေးတွေကို သေချာစောင့်ရှောက်ပေးလိုက်ပါ။

ဒါတွေဆောင်ပါ.....
လက်သည်းတွေကိုခြောက်သွေ့သန့်ရှင်းအောင်ထားပါ - လက်သည်းအောက်မှာ

ဘက်တီးရီးယားတွေ ပေါက်ဖွားရှင်သန်မှုကို ကာကွယ်ဖို့အတွက်ပါ။ရေတွေနဲ့စိုစွတ်နေမှုကလည်း

လက်သည်းတွေ ကို ဖွာထွက်စေနိုင်ပါတယ်။ ဒါကြောင့် လက်သည်းတွေကိုအမြဲတမ်းလိုလိုသတိထားပြီး ခြောက်သွေ့သန့်ရှင်းအောင် ထားပေးပါ။ လက်သည်းသန့်ရှင်းရေးဂရုစိုက်ပါ - လက်သည်းတွေကို ပုံမှန်ညှပ်ပေးပါ။ လက်သည်းခြေသည်းတွေကို တိပေးပါ။

- လက်သည်းခြေသည်းလေးတွေကျန်းမာစေဖို့အတွက်လည်းအစိုဓာတ်ထိန်းဖို့လိုပါမယ်။ ဒါကြောင့် လက်သည်းခြေသည်းလေးတွေကို

အုန်းဆီ

သံလွင်ဆီ စတဲ့အစိုဓာတ်ထိန်းပေးတဲ့အဆီလေးတွေ လူးပေးပါ။

လက်သည်းနီ ကို သတိထားပေးပါ - တော်တေ်ာများများကအသားအရေကို ဂရုစိုက်ကြပေမယ့် လက်သည်းခြေသည်းလေးတွေကိုတော့ဂရုစိုက်ခဲကြပါတယ်။အမှန်ကတော့အသားအရေလိမ်းတဲ့ ပစ္စည်းတွေကိုတင် ပါဝင်ပစ္စည်းစစ်ရတာမဟုတ်ပါဘူး။ ခြေသည်းလက်သည်းသုံးပစ္စည်းတွေဝယ်တဲ့အခါမှာလည်း ဓာတုပစ္စည်းတွေ ပါနေလားဆိုတာကိုသတိပြုပေးပါ။


လက်အိတ်စွပ်ပါ - ပန်းကန်ဆေးတဲ့အခါမှာဖြစ်ဖြစ်အဝတ်လျှော်တဲ့မှာဖြစ်ဖြစ် လက်ကို ရာဘာလက်အိတ်စွပ်ပေးပါ။

ဒါတွေရှောင်ပါ.......

လက်သည်းခြေသည်းလေးတွေကျန်းမာစေချင်တယ်ဆိုရင် ဒါတွေကိုတော့ မလုပ်ဖြစ်အောင်ရှောင်ပါ။

- ဒီအလေ့အကျင့်က လက်သည်းတွေကို ထိခိုက်ပျက်စီးစေတဲ့အကျင့်ဆိုးတစ်ခုပါ။ ဘက်တီးရီးယား၊ မှိုပိုးနဲ့အခြားသောရောဂါပိုးတွေ ဝင်ရောက်ဖို့ လမ်းဖွင့်ပေးသလိုဖြစ်နေပါတယ်။ ဒါကြောင့် လက်သည်းတွေကိုမကိုက်ပါနဲ့။


အတွင်းနှိုက်ပြီးမညှပ်ပါနဲ့ - လက်သည်းခြေသည်းတွေကိုအတွင်းနှိုက်ပြီးညှပ်တာက

ခြေစွယ်လက်စွယ် ငုတ်စေနိုင်သလို ပိုးဝင်ကူးစက်နိုင်ခြေလည်းများစေပါတယ်။ ဒါကြောင့် ခြေသည်းလက်သညးတွေကိုအတွင်းထိနှိုက်ပြီးညှပ်တာမျိုးမလုပ်ပါနဲ့။


လက်သည်းတွေကို ဆွဲမခွာပါနဲ့ - လက်သည်းညှပ်တဲ့အခါ လုံးဝပြီးဆုံးတဲ့အထိညှပ်လိုက်ပါ။ ဒီလိုမဟုတ်ဘဲ လက်သည်းထောင့်တစ်ဖက်ကိုချန်ထားပြီး ဆွဲခွာတာမျိုးမလုပ်ပါနဲ့။ လက်သည်းကို ထိခိုက်စေနိုင်တာကြောင့်ပါ။

စိတ်ဖိစီးမှု ကို သိမ်းမထားပါနဲ့ - စိတ်ဖိစီးမှုကြောင့် လက်သည်းမှာအစင်းကြောင်းတွေဖြစ်လာနိုင်ပါတယ်။ လက်သည်းကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်ပါတယ် ဒါကြောင့် စိတ်ဖိစီးမှုတွေကို တတ်နိုင်သမျှဖြေလျှော့ပါ။
ဒီအချက်တွေအပြင် လက်သည်းတွေကို ပုံမှန်စစ်ဆေးလို့ လိုအပ်မယ်ဆိုရင် ကုသမှုခံယူပြီး ခြေသည်းလက်သည်းလေးတွေကို ကျန်းမာလှပနေအောင် ဂရုစိုက်လိုက်ပါ..........

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။




Some text some message..