![]()
အခုနောက်ပိုင်း မိန်းကလေးတော်တော်များများကြည့်လိုက်ရင် ဆံပင်တိုတိုလေးတွေ ညှပ်လာ
ကြတာများပါတယ်။အရင်က ဆံပင်ရှည်ထားခဲ့ဖူးသူ မိန်းကလေးကလည်း ကောက်ကာငင်ကာ
ဆံပင်တိုညှပ်ချင် ညှပ်လိမ့်မယ်။ ဒီလိုဆံပင်တိုတွေ ညှပ်ဖြစ်အောင် မိန်းကလေးတွေကို
ဘယ်အရာတွေက ပြောင်းလဲစေခဲ့တာလဲ
သူတို့ကိုပြောင်းလဲစေတယ်..
![]()
ဟုတ်ပါတယ်.. ဆံပင်ညှပ်လိုက်ရင် နည်းနည်းတော့ ထူးခြားသွားတယ်လို့ စိတ်ထဲက ထင်မိတယ်။
အပြောင်းလဲလေး ဖြစ်သွားတာပေါ့။ ဆံပင်ဟာ မိန်းမတစ်ယောက်အတွက်အသက်ပါပဲ။
ဆံသားလှတဲ့ မိန်းကလေးဟာအလိုလိုနေရင်း ကြည့်ကောင်းနေတယ်လေ။ ဆံပင်ပုံစံ စတိုင်လ်
ပြောင်းလိုက်တဲ့အခါ သူမရဲ့look လည်း ပြောင်းလဲသွားစေတယ်။ ပုံတုံးကြီးအတိုင်း နေရတာ
ရိုးလွန်းတယ်။ သူမကိုယ်သူမ ဆံပင်တွေညှပ်ထုတ်ပစ်လိုက်ပြီး ပြောင်းလဲလိုက်တာပါပဲ။
ယုံကြည်မှုရှိစေတယ်
![]()
မိန်းမသားဆိုတာ ကိုယ့်ကိုကိုယ်လှတယ်လို့ ခံယူနေသရွေ့ ယုံကြည်မှုရှိလေပါပဲ။ ဘယ်သွားသွား၊
ဘာလုပ်လုပ် သိမ်ငယ်စိတ်တစ်ချက်တောင် ဝင်မှာမဟုတ်ဘူး။ ဒီလို ယုံကြည်မှုရှိဖို့ဆိုတာ
သူမလှအောင် နေတတ်ဖို့လည်း လိုတာကိုး ။ တစ်ချို့ဆို မျက်နှာလေးက လှရဲ့သားနဲ့ ဆံပင်က
ဖျက်နေတာမျိုးပေါ့။ ဆံပင်စတိုလ်ကိုပြောင်းလိုက်တဲ့အခါ ပိုလှသွားမယ်။ ယုံကြည်မှုလည်း ရှိလာ
တယ်။ (ဆံပင်စတိုင်လ်ဟာ ကိုယ်နဲ့လိုက်မယ့်ပုံစံမျိုး ဖြစ်ဖို့လို)
အာရုံစူးစိုက်မှုခံရတယ်…
![]()
ဆံပင်လေးလှနေတဲ့ မိန်းကလေးကို ယောကျ်ားလေးတွေက သဘောကျတာပေါ့။
ယောကျ်ားလေးတွေရဲ့အကြည့်ခံချင်တာ တစ်ခုတည်းမဟုတ်ပဲ ကိုယ့်စိတ်ကိုယ် ချမ်းသာအောင်
ထားနည်းတစ်မျိုးဆိုလည်း မမှားပါဘူး။ သူငယ်ချင်းမလေးတွေရဲ့ ” နင့်ဆံပင်လေးက လှလိုက်
တာ” ဆိုတဲ့အားကျတဲ့စကားသံလေးတွေကလည်း သူမကို ပီတိဖြစ်စေပါတယ်။
ဆံပင်တိုဆိုတာ လှတဲ့မိန်းကလေးနဲ့မှ လှတာပါ။ တစ်ချို့ဆို ဆံပင်လေးရှည်နေမှ လှပါတယ်။
ညှပ်ပြီးမှ ကိုယ်နဲ့မလိုက်ရင်လည်း စိတ်ညစ်ရဦးမယ်။ ဒါကြောင့် ဆံပင်မညှပ်ခင်တော့ သေချာ
စဉ်းစားသင့်ပါတယ်။ ညှပ်ပြီးမှ ပြန်ရှည်ဖို့စောင့်ရရင်တော့ ကြာမှာပါ။ ကဲ.. သင်ရော ဆံပင်တို
ကြိုက်သူလား … ဆံပင်ရှည်ကြိုက်တဲ့ သူလား…