![]()
ဘီးကုတ်လေးတွေပြန်တက်ကြရအောင်…အခုဆိုရင်သိပ်မတွေ့ရတော့တဲ့ ဘီးကုတ်လို့ခေါ်တဲ့ Headbandအမျိုးအစားကအခုဆိုရင်တစ်ခေတ်ပြန်ထလို့လာပါတယ်။ ခေတ်နောက်ပြန်ဆွဲနေတဲ့ဖက်ရှင်တွေထဲကမှ90s born တွေအရမ်းကြိုက်ခဲ့ကြတဲ့ hair accessory တွေထဲကတစ်ခုကိုပြောပါဆိုရင်တော့ ဘီးကုတ်လေးတွေ ကထိပ်ဆုံးကမပါမဖြစ်ပါ။ ဆံပင်အတိုအရှည် ဘာနဲ့မဆိုအဆင်ပြေလိုက်ဖက်နေပါတယ်။ ဘီးကုတ်အပါးလေးတွေရှိသလိုအထူတွေလည်းတပ်ကြပါတယ်။ ပြောင်လေးတွေရှိသလိုဒီဇိုင်းလေးတွေအရုပ်လေးတွေနဲ့စုံနေအောင်တွေ့ရမှာပါ။ ကလေးတွေကအစ ကောင်မလေးတွေအဆုံးဖက်ရှင်တစ်ခုအနေနဲ့ခေတ်စားခဲ့တဲ့ ဒီဘီးကုတ်လေးတွေကအခု ၂၀၁၉ ရဲ့ Hair accessories trends တွေထဲကတစ်ခုပါ။ Think headband လို့ခေါ်တဲ့ဒီဘီးကုတ်ထူထူတွေကိုပိုသား ၊ ကတ္တီပါသား ၊ပုလဲစတာတွေနဲ့ဖန်တီးထားကြတာကိုတွေ့ရပါတယ်။ ဆံပင်ကိုအနောက်ပြန်အပြောင်သိမ်းထားတဲ့ပုံစံမို့မျက်နှုာကိုရှင်းရှင်းလေးနဲ့ပေါ်လွင်စေမှာပါ။အမိုက်စားဖက်ရှင်ကိုပိုထူးခြားစေတဲ့ ဘီးကုတ်ဖက်ရှင်လေးကပိုပြီးခေတ်စားလာမယ့်ဖက်ရှင်လေးမို့ဝေမျှပေးလိုက်ပါတယ်နော်။ ဒီကနေစတစ်ဆင့်ဘီးကုတ်လေးနဲ့အထာကျတဲ့ဆံပင်ပုံစံလေးကိုဖန်တီးနိုင်ပါစေနော်။
Editor : Bo