၁) ထမင်းရည်သုံးပါ။
ထမင်းရည်နဲ့ပုံမှန်မျက်နှာသစ်ပေးတာကအသားရည်ကို နူးညံ့စေတယ်။အသားရောင်ကိုလည်း တောက်ပလာစေတယ်။
ခေါင်းလျှော်တဲ့အခါလည်း ဆံပင်ပေါင်းဆေး ပျော့ဆေးအဖြစ်အသုံးပြုလို့ရပါသေးတယ်။
၂) ပူစီနံ နဲ့ လက်ဖက်စိမ်းပါတဲ့ Skin care သုံးပါ။
ပူစီနံ နဲ့ လက်ဖက်စိမ်းက ရုပ်မရင့်အောင် ကူညီပေးပါတယ်။ ပူစီနံနဲ့ လက်ဖက်စိမ်းပါတဲ့ skin care တွေ မျက်နှာပေါင်းတင်တဲ့ mask တွေပုံမှန်သုံးပေးရင်အသားအရည်ကို စိုပြေစေပြီး ဝင်းလက်စေပါတယ်။
၃)အားလူး နဲ့အသားဖြူအောင် လုပ်မယ်။
အာလူးကို သေးသေးလေးလှီးပါ။အရည်ညစ်ရလွယ်အောင် ကျိတ်စက်ထဲထည့်ကျိတ်လည်းရပါတယ်။ ဘယ်နည်းနဲ့လုပ်လုပ်ပါ။အရည်ရရင်အဆင်ပြေပါတယ်။ ဆန်မုန့်အခါးရည်ဇွန်း ၂ ဇွန်းစာကို ခွက်ထဲထည့်ပါ။
ပျားရည်တစ်ဇွန်းစာထည့်ပါ။ စောစောကအရည်ညစ်ထားတဲ့အားလူးရည် ၄ ဇွန်းထည့်ပါ။ သံပုရာရည် ၃ ဇွန်းထည့်ရောပါ။ ကောင်းကောင်းမွှေနောက်ပြီး မိမိအသားဖြူချင်တဲ့နေရာကို မိနစ် ၃၀-၄၀ နှပ်ထားပါ။
ပြီးရင် ၂-၅ မိနစ်ကြာအောင် နှိပ်နယ်ပေးပါ။ ပြီးရင်တော့ရေနွေးလေးနဲ့လောင်းချလိုက်ပါနော်။ တစ်ပတ်ကို တစ်ခါလောက်ပုံမှန်လုပ်ပေးမယ်ဆိုရင် ဖြူစင်ဝင်းပတဲ့အသားရည်ကို မကြာခင်ပိုင်ဆိုင်တော့မှာပါနော့်။
၄) တစ်ပတ်တစ်ခါချေးချွတ်ပေးပါ။
မိတ်ကပ်တွေလိမ်းလိုက်၊အပြင်ကအညစ်အကြေး ဖုန်တွေနဲ့အမြဲထိတွေ့နေရတော့ တစ်ပတ်ကိုတစ်ခါလောက် ဆိုင်မှာဖြစ်ဖြစ်၊ ကိုယ်သဘောကျတဲ့ cleasing products တွေကိုသုံးပြီးတော့ ကိုယ်တိုင်ဖြစ်ဖြစ် မျက်နှာကိုချေးချွတ်ပေးလို့ရပါတယ်နော့်။
လင်း(ရွှေအင်းလေး)