![]()
၁။ ဆံပင်ကို သန်မာစေပါတယ်။ ဆံပင်အရှည်မြန်စေပါတယ်။
ရှားစောင်းလက်ပတ်ကို ကြက်ဆူဆီနဲ့ရောပီး လိမ်းရင် ဆံသားသန်ပါစေပါတယ်။ လိုအပ်တဲ့ ပစ္စည်းတွေက ရှားစောင်းလက်ပတ် Gel စားပွဲတင်ဇွန်း တစ်ဇွန်းနှင့် ကြက်ဆူဆီ စားပွဲတင်ဇွန်းနှစ်ဇွန်းပါ။ လုပ်နည်းက ရှားစောင်းလက်ပတ် Gel နှင့် ကြက်ဆူဆီကိုရောပြီးနယ်ပါ။
ညအိပ်ရာဝင်ခါနီး ဦးရေပြားအနှံ့လိမ်းပြီး ညင်သာစွာ နှိပ်နယ်ပေးပါ။ မနက်အိပ်ရာထတဲ့အချိန်ကြမှ ပုံမှန်ခေါင်းလျှော်ရည်နဲ့ ခေါင်းလျှော်ပေးပါ။ ဒါဆိုရင်တော့ မကြာမှီအချိန်အတွင်းမှာ နက်မှောင် သန်စွမ်းနဲ့ ဆံကေသာကို ပိုင်ဆိုင်နိုင်မှာပါ။ဘာကြောင်လဲဆို တော့ ရှားစောင်းလက်ပတ်ဟာ ဦးရေပြားက ဆဲလ်သေတွေကို ဖယ်ရှားပေးတဲ့အတွက် ဆံပင် ရှင်သန်မှုကိုအားပေးပြီး ကြက်ဆူဆီကတော့ ဆံသားကို မဲနက်စေပါတယ်။
၂။ ဗောက်တွေကို လျှော့နည်းစေတယ်။
Shampoo နဲ့ Conditionerအများစုမှာ ရှားစောင်းလက်ပတ်ကို ထည့်သွင်းထုတ်လုပ်ကြတာကိုအတော်များများတွေ့ဖူးမှာပါ။ ဘာကြောင့်ဆို ရှားစောင်းလက်ပတ်ဟာ ဗောက်နဲ့ ဗောက်ကြောင့်ဖြစ်တဲ့ ဦးရေပြား ယားယံခြင်းကို သက်သာပျောက်ကင်းစေပါတယ်။
အကြောင်းအမျိုးမျိုးကြောင့် ဗောက်ဖြစ်ပါတယ်။ ဆီစိုစွတ်နေတဲ့ ဦးရေပြား၊ ဆဲလ်သေတွေနဲ့ ပြည့်နေတဲ့ ဦးရေပြား နှင့် Bacteria ပိုးတွေကြောင့်လဲ ဗောက်ဖြစ်တက်ပါတယ်။ရှားစောင်းဟာ ဘာကြောင့်ဖြစ်တဲ့ ဗောက်ပဲဖြစ်ဖြစ်အကျိုးများစေပါတယ်။ ရှားစောင်းဟာ ဦးရေပြားက ဆဲလ်သေတွေကို ရှင်းပေးပြီး ဆံသားပေါက်တွေ ပိတ်ဆို့နေတာကို ရှင်းလင်းပေးပါတယ်။သူ့မှာ Bacteria ကို နိုင်တဲ့အစွမ်း၊ရောင်းရမ်းခြင်းကို သက်သာစေတဲ့အစွမ်းတွေရှိတဲ့အတွက်ကြောင့် ဗောက်တွေကို ပျောက်ကင်းစေပြီး ဦးရေပြားကို သန့်ရှင်းစေပါတယ်။
၃။ ဦးရေပြားရဲ့ Ph ကို ထိမ်းညှိပေးတယ်။
ဦးရေပြားတဲ့ ph ထိခိုက်တာနဲ့အမျှ ဆံသားပြသနာတွေ တွေ့ရမှာ မလွဲ မသွေပါပဲ။ ဆံပင်ခြောက်သွေ့တာ၊ ဆံပင်သား ပြတ်တာ တွေဟာ ph မမျှတဲ့အတွက်ကြောင့်ဖြစ်တာပါ။ ရှားစောင်းဟာ ဦးရေပြားရဲ့ ph ကိုလဲ ထိမ်းညှိပေးပါတယ်။
ဦးရေပြားရဲ့ ph ဟာ 5.5 ရှိပါတယ်။ Acid ဓာတ်ဘက်ရောက်ပါတယ်။ ဈေးကွက်ထဲက ဆံပင်နဲ့ ပက်သက်တဲ့ ပစ္စည်းတွေ၊အများအားဖြင့် Shampoo တွေဟာ ဦးရေပြားနဲ့ ဆံသားရဲ့ ph ကိုပြောင်းလဲ စေတဲ့ ဓာတ်တွေပါဝင်ပါတယ်။ သူတို့က Alkaline ဓာတ်ဘက်ရောက်နေလို့ပါ။ဒါကြောင့် ဆံသားပျက်စီးပြီး ဆံသားတွေခြောက်သွေ့ ရုပ်ဆိုးစေပါတယ်။ ရှားစောင်းဟာ ဆံသားတွေရဲ့ ph ကို ပြန်လည်ထိမ်းညှိပေးပြီး သန်စွမ်းပြီး ကျန်းမာတဲ့ ဆံပင်ကို ပြန်လည်ရရှိစေပါတယ်။
၄။ ဆံသားကို ပျော့ပျောင်းစေပါတယ်။
ရှားစောင်းလက်ပတ်ဟာအကောင်းဆုံး Conditioners တွေကိုတောင်အရှက်ရစေနိုင်လောက်တဲ့အထိ ဆံသားပျော့ပျောင်းမှု့အတွက် ကောင်းပါတယ်။ရှားစောင်းဟာအစိုဓာတ် ထိမ်းသိန်းပေးတာနဲ့အညီ ဆံပင်ကို သန်မာစေပြီး ဆံသားတောက်ပြောင်မှု့ကိုလဲအားပေးပါတယ်။
ရှားစောင်း Gel ကို Shampoo သုံးပြီးနောက် သုံးနိုင်ပါတယ်။ ဒါမှမဟုတ်ရင် ခေါင်းလျှော်ပြီး လိမ်းဆီအဖြစ်လိမ်းပြီးလဲ ထားနိုင်ပါတယ်။
ရှားစောင်းမှာပါတဲ့ proteolytic enzymes ဟာဆံသားဘေးက ဆဲလ်သေတွေကို ဖယ်ရှားပေးပါတယ်။ ဆဲလ်အသစ်တွေ ဖြစ်ပေါ်ခြင်းကိုလဲအားပေးပါတယ်။ဒါကြောင့် ဆံသားပြုပြင်ရာမှာ ကူညီပေးတယ်။ဆံပင်အစိုဓာတ်ကို ထိမ်းပေးပြီး ဆံသားကို ချောမွတ်အရောင်တောက်စေပါတယ်။
Credit