သဘာဝနည်းနဲ့ ဆန်ဆေးရည် တိုနာလေး လုပ်ကြရအောင်…
weddingguide.com.mm
|
2019-08-16

သဘာဝနည်းနဲ့ ဆန်ဆေးရည် တိုနာလေး လုပ်ကြရအောင်…


ရေဆေးပြီးသား ဆန်ကို ကိုယ့်လိုချင်သလောက် သောက်ရေသန့်လေးနဲ့


၅နာရီခန့်လောက် စိမ်ထားပေးပါ။ပြီးရင် ဇွန်လေးနဲ့အနည်းငယ်မွှေပေးပါ။


၅နာရီပြည့်သွားပြီးဆိုရင်တော့ စိမ်ထားတဲ့အရေကိုကိုယ့်အသုံးပြုမဲ့


ခွက်ထဲကိုထည့်ရမှာဖြစ်ပါတယ်။ဆန်ဆေးရည် တိုနာဟာဆိုရင်


မျက်နှာအတွက် ကောင်းကျိုးအများကြီးရှိပါတယ်။အသားရည်ကို လင်းလဲ့စေပါတယ်။


အမဲစက်တွေကိုလည်း ပါးစေတယ် ချွေးပေါက်တွေကိုလည်းကျဉ်းစေပါတယ်။


အသားရည်ကိုလည်း တင်းအိစေပါတယ်။ဆန်ဆေးရည် တိုနာလေးကို သိမ်းဆည်းပုံကတော့


ရေခဲသေတ္တာထဲမှာ သိမ်းမယ်ဆိုရင်တော့ တစ်ပတ်အထိသိမ်းလို့ရပါတယ်။


အပြင်မှာ သိမ်းမယ်ဆိုရင်တော့ ၂ရက်လောက်ပဲ ခံပါတယ်နော်။

Myanmar Wedding Guides



Some text some message..