ဟိုကြား ဒီကြား ပေါင်ကြားအမဲကွက်များ
ondoctor.com.mm
|
2019-08-19



ဟိုကြား ဒီကြား ပေါင်ကြားအမဲကွက်များ

ဟိုကြား ဒီကြား ပေါင်ကြားမဲနေလျှင် လူမြင်ကွင်းမဟုတ်သော်လည်း မိမိအတွက် စိတ်အနှောက်အယှက်အလွန်ပေးသောအရာတစ်ခုပါ။အသားအရောင်ဖြူသူ၊ ညိုသူ၊ မည်းသူမခွဲဘဲ လူတိုင်းခံစားရဖူးပါတယ်။ ဘာလို့ထိုနေရာတွေမဲနေသလဲ? သန့်ရှင်းရေးလည်းအထူးဂရုစိုက်နေသည့်ကြားမှ မဲနေသည်မှာအဆန်းဟူ၍ ထင်ကောင်းထင်နိုင်ပါတယ်။

အကြောင်းမူကာ ပေါင်ကြားအရေပြားနေရာသည်အသားအရေကို မဲစေသော ဓာတ်ဖြစ်သည့် melanin ကို ပိုထုတ်သောကြောင့် မဲခြင်းဖြစ်ပါတယ်။ ရေကူးဝတ်စုံဝတ်သောနေရာတွင် ပိုထင်းရှားသလို ဖြစ်နိုင်ပါတယ်။

အခြားမဲစေသောအကြောင်းအရင်းအချို့မှာ


– လေ့ကျင့်ခန်းလုပ်ခြင်း၊ လမ်းလျောက်ခြင်းတို့ကြောင့် ပေါင်ပွန်းခြင်း
– ဟော်မုန်းမညီမျှခြင်း (ကိုယ်ဝန်ဆောင်ချိန်။ နို့တိုက်ချိန်နှင့် ရေအိတ်များရှိခြင်း)
–အချို့ဟော်မုန်းဆေးများ
– နေပူလောင်ခြင်း
–အသားအရေခြောက်ခြင်း
–အတွင်းခံအကျပ်ဝတ်ခြင်း
–အရေပြားရောဂါနှင့် ဆီးချိုရောဂါတို့ကြောင့်ဖြစ်စေနိုင်ပါတယ်။

ကိုယ်အလေးချိန်ဝသူများနှင့် ဟော်မုန်းရောဂါ ဆီးချိုရှိသူများတွင်အဖြစ်များပါတယ်။ ပေါင်ကြားမဲသူများအတွက် သက်သာစေနိုင်သောအိမ်တွင်းဆေးနည်းအချို့မှာအောက်ပါအတိုင်းဖြစ်ပါတယ်။

(1)အုန်းဆီနှင့် လိမ္မော်ရည်

လိမ္မော်ရည်တွင်အရေပြားမဲစေမှုကို သက်သာစေသော ဗီတာမင်စီပါဝင်ပါတယ်။အုန်းဆီတွင်အစိုဓာတ်ကို ထိန်းပေးပြီး ပေါင်ကြားအသားအရေနူးညံ့မှုကိုအထောက်အကူပေးပါတယ်။ ထိုကြောင့်အုန်းဆီနှင့် လိမ္မော်ရည်ရောလိမ်းပေးပါက ဆယ်မိနစ်ခန့်အကြာရေဆေးလိုက်ပါ။ မကြာခဏပြုလုပ်ခြင်းဖြင့်အသားအရေစိုပြေစေပါတယ်။

(2) သကြားဖြင့် ချေးချွတ်ခြင်း

သကြားသည်အရေပြားဆဲလ်အဟောင်းများကို ကွာစေကာအသစ်ဖြစ်စေပါတယ်။ လိမ္မော်ရည်နှင့် သကြားရောမွှေကာ ပေါင်ကြားနေရာကို သုတ်လိမ်းချေးချွတ်ပေးပါ။

(3) ကွေကာအုတ်အမှုန့်နှင့် ဒိန်ချဉ်

ကွေကာအုတ်အမှုန့်သည်အသားအရေအတွက် ရောင်ရမ်းမှု ကုသရာတွင်အသုံးဝင်ပါတယ်။ သကြားထက် ပိုနူးညံ့ပြီး ချေးချွတ်ရာတွင်အသုံးတည့်ပါတယ်။ ဒိန်ချဉ်တွင် ပါဝင်သောအက်ဆစ်သည်အသားအရေအတွက်အထူးကောင်းမွန်ပါတယ်။ ထိုနှစ်မျိုးကို ရောမွှေကာ မဲနေသောအရေပြားကို သုတ်လိမ်းပေးပါ။ ဆယ်မိနစ်အကြာ ရေဆေးချလိုက်ပါကအသားအရေ ပြန်လည်ဝင်းပစေနိုင်ပါတယ်။

(4) မုန့်ဖုတ်ဆိုဒါ

မုန့်ဖုတ်ဆိုဒါကို ရေအနည်းငယ်နှင့်မွှေကာ မဲနေသောနေရာ ပေါင်းတင်ပေးပါ။အရေပြားကိုသက်သာစေပါတယ်။

(5) ရှားစောင်းလက်ပတ်

ရှားစောင်းလက်ပတ်ဖြင့် ပြုလုပ်သော လိုရှင်းနှင့် ဆပ်ပြာကိုအစဉ်သုံးစွဲလို့ ရပါတယ်။

(6)အားလူး

အာလူးတွင်ပါဝင်သော catecholaseအင်ဇိုင်းသည်အသားအရေ ဖြူဝင်းမှုကို ဖြစ်စေသောကြောင့် ပါးပါးလှီးကာ ကပ်ပေးပါ။ ၁၅ မိနစ်အကြာ ရေဆေးချပါ။

(7) သခွားသီး

သခွားသီးတွင်ပါဝင်သော ပစ္စည်းများသည် ဆဲလ်အညစ်အကြေးများဖယ်ပြီး ဆဲလ်အသစ်များဖြေစသောကြောင့် ပါးပါးလှီးကာ မဲနေသောနေရာကို ပွတ်လိမ်းပေးပါကအသားအရေပြန်လည် ဖြူဝင်းမှုကို ပြန်လည်ရရှိနိုင်ပါတယ်။အရေပြားအထူးကုခွင့်ပြုသော လိမ်းဆေးများကိုလည်း လိမ်းနိုင်ပါတယ်။အသားအရေမဲခြင်းအပြင် ယားယံမှုပါ ခံစားရပါကအရေပြားအထူးကုနှင့် သေချာကုသမှု ခံယူပါ။ တကိုယ်ရည်သန့်ရှင်းမှုကိုအထူးအလေးထားဆောင်ရွက်ပါ။

Dr. ပြည့်ရှင်း




Some text some message..