ခေါင်းမလျှော်ခင် ပြုလုပ်သင့်တဲ့အချက်များ
pissayanews.com
|
2019-08-20


သံလွင်ဆီ ဒါမှမဟုတ် သံလွင်ဆီနှင့် ဗန်ဒါစေ့ဆီ နှစ်မျိုးကိုရောပြီး ဗီတာမင်အီး ခေါင်းလိမ်းဆီ capsule တောင့် တစ်တောင့်ကိုဖောက်ထည့်ကာ ဆံပင်ကို မိနစ်နှစ်ဆယ်ကြာ နှိပ်နယ်ပေးပါ။ ပြီးနောက် ရေအေးအသုံးပြုကာ ခေါင်းလျှော်ပါ။ ဆံပင်ကျွတ်တာ သက်သာသွားပါလိမ့်မယ်။ ဆံပင်ကြမ်းတာ၊ ဆံသား ခြောက်တာတွေ မဖြစ်စေဖို့ ရေပူနဲ့ ခေါင်းလျှော်ခြင်းမှရှောင်ကြဉ်ပါ။
ဆံပင်ပျော့ဆေး (Conditioner) ထဲကို ဒိန်ချဉ်၊ ကြက်ဥရောပြီး ခေါင်းမလျှော်ခင် ဆံသားကို နှိပ်နယ်ပေးပါက ဆံကေသာတောက် ပြောင်သန်စွမ်းစေပါတယ်။
ပျားရည်နဲ့ ဒိန်ခဲကို ပေါင်းစပ်ကာ ဆံပင်ပေါင်းပေးပါက ဆံသားကိုအစိုဓာတ်ထိန်းပေးပြီးသားဖြစ်စေပါတယ်။
ငှက်ပျောသီးမှည့်နှစ်လုံး၊ mayonnaise လက်ဖက်ရည်ဇွန်း ၂ ဇွန်း၊ သံလွင်ဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်း ရောကာအနှစ်ဖြစ်အောင် ပြုလုပ်ပြီး ဆံပင်ကိုလိမ်းပေးပါ။ တစ်နာရီကြာထားပြီးနောက် ကြက်သီးနွေးရေဖြင့် ဆေးချပါ။ ဆံသားကို နူးညံ့ပျော့ပျောင်းစေပြီး ဆံပင်မွဲခြောက်ခြင်း၊ ကြမ်းတမ်းခြင်းမှ ကာကွယ်ပေးပါတယ်။


Credit – CMS (

www.drmyanmar.com )





Some text some message..