ရိုးရိုးလေးနဲ့ ဆန်းသစ်စေမယ့် Retro Hair Style ထုံးဖွဲ့မှု
moda.com.mm
|
2019-08-21

ဆံပင်ဆိုတာ ဒုတိယမျက်နှာပါ။အလှပြင်ထားပေမယ့်လည်း ဆံပင်စတိုင်လ်မကျရင် ကြည့်ရဆိုးစေပါတယ်။ ပြောင်းလဲလာတဲ့ ခေတ်ရေစီးကြောင်းအရ ဆံပင်စတိုင်မျိုးစုံ ပြောင်းလဲလာပါတယ်။ ဆံပင်အကောက်၊အဖြောင့်၊အကြေကောက်စတဲ့ ပုံစံတွေအပြင် ဆံပင်ကို ဆင်ယင်ထုံးဖွဲ့မှုများစွာကိုလည်း မြင်တွေ့ရမှာပါ။ ဒီလိုပုံစံမျိုးစုံရှိတဲ့ထဲကမှ ဘယ်တော့မှရိုးမသွားတဲ့ ထုံးဖွဲ့မှုကတော့ Retro Hair Style ပဲ ဖြစ်ပါတယ်။ လေ့လာတွေ့ရှိချက်တွေအရကတော့ Retro Hair Style ဟာ ၁၉၂၀ ခုနှစ်လောက်ကတည်းက စတင်ခေတ်စားလာခဲ့တာပဲ ဖြစ်ပါတယ်။ ရှေးယခင်ခေတ်တွေကတည်းက Retro Hair Style ကို ပွဲအခမ်းအနားတွေ တက်ရောက်တဲ့အခါအမျိုးသမီးတို့ ဆင်ယင်ထုံးဖွဲ့တတ်ကြပါတယ်။ Retro Hair Style ဟာဆိုရင်အရွယ်သုံးပါးလုံး ဆင်ယင်ထုံးဖွဲ့နိုင်တဲ့ ပုံစံမျိုးဖြစ်ပါတယ်။ ဆင်ယင်ထုံးဖွဲ့မှုမှာ လက်ကိုင်ပဝါ၊ မျက်မှန်၊ ပန်း၊ ဆံထိုး ကဲ့သို့ မိမိတို့နှစ်သက်ရာ accessories တွေနဲ့လဲအလှဆင်နိုင်ပါသေးတယ်။ Retro Hair Style ဟာ ယနေ့ခေတ်မှာလဲပြန်လည်ခေတ်စားလာတဲ့ Fashion တစ်ခု ဖြစ်ပါတယ်။ Retro Hair Style မှာ ချစ်စရာကောင်းတဲ့ ထုံးဖွဲ့မှုတွေတွေ့ရသလို Elegent ဖြစ်စေတဲ့ထုံးဖွဲ့မှု၊ Classic ၊ Sexyအစရှိတဲ့ Style မျိုးစုံကို ဆံပင်အတိုအရှည်ပေါ်လိုက်ပြီး ဆင်ယင်ထုံးဖွဲ့ကြပါတယ်။ ကဲ ဒီတော့ ပျိုမေတို့လဲ မိမိတို့နဲ့ လိုက်ဖက်မယ့် Style ကို လေ့လာကြည့်ရင်း Retro Fashion ကိုကြည့်ကြရအောင်နော်။

Editor : Lin Lin




Some text some message..