မိတ်ကပ်ဖော့ကို ဘယ်လိုအသုံးပြုမလဲ
pissayanews.com
|
2019-08-26

မိတ်ကပ်ဖော့ ဆိုတာအများအားဖြင့်တော့ မိတ်ကပ်ဖောင်ဒေးရှင်းရည်လိမ်းတာမျိုးမှာအသုံးများကြတဲ့ ဘဲဥပုံသဏ္ဌာန် ရေမြှုပ်လေး တစ်ခုပါ။

အရောင်စုံရှိပြီးတော့ ကိုယ်ကြိုက်ရာ ရွေးချယ်သုံးနိုင်ပါတယ်။

ဒါလေးကိုအသုံးပြုခါနီးမှာ ရေလေးနဲ့အရင်ဆွတ်ပြီး ရေကို ကုန်အောင် ညှစ်ချပါ။

မိတ်ကပ်ရည် ဒါမှမဟုတ် ဖောင်ဒေးရှင်းရည်ကို သင့်ရဲ့လက်ခုံပေါ်အနည်းငယ် ညှစ်ချပြီး ဖော့ လေးနဲ့ မွှေပေးပါ။

ဘဲဥပုံထိပ်ချွန်လေးနဲ့ လက်ခုံပေါ်က ဖောင်ဒေးရှင်းကို ယူတို့ပြီး ပထမဆုံး မျက်ဝန်းအောက်ခြေ မျက်ကွင်း ညိုတတ်တဲ့နေရာတွေကို တို့လိမ်းပါ။

နှုတ်ခမ်းဘေးနား၊ နားထင်စပ်လေးတွေက သတိထားကြည့်ရင် တခြားနေရာတွေထက် ညိုနေတတ်တာမို့အဲဒီနေရာလေးတွေကိုအရင်တို့သုတ်ပြီးမှ တခြားနေရာလေးတွေကို ဘဲဥပုံသဏ္ဌာန်ရေမြှုပ်လေးရဲ့အောက်ခြေအဝိုင်းနဲ့ တို့ပြီး လိမ်းပေးပါ။

အရမ်းကြီး ပွတ်ဆွဲဖိတိုက်ပြီး လိမ်းစရာမလိုဘဲအသာအယာတို့သုတ်ပြီး လိမ်းပေးသွားပါ။

ပါးမို့မို့လေးကို ပန်းသွေးခြယ်တဲ့အခါ ၊ နှုတ်ခမ်းဖူးလေးထက် Lip Gloss တင်တဲ့အခါတွေမှာလည်း ဒီ ရေမြှုပ်လေးရဲ့ ထိပ်ချွန်လေးနဲ့တို့သုတ်ပြီး လိမ်းခြယ်လို့ ရပါသေးတယ်။

ဒီ ဖော့ လေးကို သုံးပြီးရင် သေချာ ရေနွေးလေးနဲ့ ပြန်လည်ဆေးကြောပြီး Dryer လေးနဲ့အခြောက်ခံပြီး ခြောက်သွားမှ ဘူးထဲကို ထည့်ပြီး သိမ်းဆည်းသင့်ပါတယ်။





Some text some message..