ချွေးပေါက်ကျယ်ခြင်းဟာအများအားဖြင့်အဆီပြန်တဲ့အသားအရေပိုင်ရှင်တွေမှာအဖြစ်များပါတယ် ။အသက်အရွယ်ကြောင့်လည်း ချွေးပေါက်များ ကျယ်လာတတ်ပါတယ် ။ ချွေးပေါက်ကျယ်ခြင်းကြောင့် ဖုန်နှင့်အဆီများ ဝင်ရောက်ကာ နောက်ဆက်တွဲနေဖြင့် ဆားဝက်ခြံ ဆိုတာတွေ ဖြစ်လာရပါတယ် ။ ဒီလို ချွေးပေါက်ကျယ်ခြင်းကို ပြန်လည်ကျဉ်းမြောင်းစေနိုင်ဖို့အတွက် ချွေးပေါက်အတွင်း ဝင်ရောက်နေတဲ့အဆီ ၊အညစ်အကြေးများကိုအရင်ဖယ်ရှားရမည်ဖြစ်ပြီး ထိုအညစ်အကြေးများ မရှိတော့မှ တဖြေးဖြေးှနှင့်ချွေးပေါက်များ ပြန်လည် ပိတ်ဆို့သွားစေမှာ ဖြစ်ပါတယ် ။
၁။Baking Soda
Baking Soda (ဆိုဒါမှုန့်) မှာ သဘာဝအတိုင်းအညစ်အကြေးတွေကို သန့်စင်နိုင်တဲ့စွမ်းအင်ရှိပြီးအဆီ ၊အညစ်အကြေး နှင့်အရေပြားကို ထိခိုက်စေတဲ့အပျက်အစီးများကို ဖယ်ရှားပေးပါတယ် ။ ဒါတင်မကအရေပြား pH level ကိုပါ ထိန်းညှိပေးပြီး ဝက်ခြံပြဿနာတွေကိုပါ ထိန်းချုပ်ပေးပါတယ် ။ ချွေးပေါက်ကျဉ်းစေဖို့အတွက် baking sodaအသုံးပြုရမယ့် နည်းလမ်းကတော့ ဆိုဒါမှုန့် နှင့် ခပ်နွေးနွေးရေ ကို လက်ဖက်ရည်ဇွန်း ၂ဇွန်းစီ ရောစပ်ပါ ။ ပြီးနောက် ချွေးပေါက်ကျယ်တဲ့အရေပြားပေါ်သို့ စက်ဝိုင်းလည်ပတ်ပုံအတိုင်း စက္ကန့်အနည်းငယ်ခန့် လိမ်းပေးပါ ။ ၂မိနစ်ခန့်ကြာလျှင် ရေအေးဖြင့်ဆေးကြောပေးလိုက်ပါ။ ထိုနည်းလမ်းကို ၅ရက်တိတိ တစ်နေ့တစ်ကြိမ် ပုံမှန် လုပ်ပါ ။ နောက်ထပ် ရက်သတ္တပါတ်အနည်းငယ်တွင်တော့ တစ်ပါတ် ၃ကြိမ်ခန့်သာ ပြုလုပ်ခြင်းဖြင့် ချွေးပေါက်ကျယ်ခြင်းများ သက်သာသွားပါလိမ့်မယ် ။
၂။ကြက်ဥအကာ
ချွေးပေါက်ကျယ်တာကို သက်သာစေနိုင်တဲ့ နောက်ထပ် ပစ္စည်းတစ်မျိုးပဲ ဖြစ်ပါတယ် ။ ချွေးပေါက်ကျဉ်းကာအသားအရေကိုလည်း တင်းရင်းစေပါတယ် ။ ဒါ့အပြင်အဆီပြန်ခြင်းကိုလည်း ထိန်းချုပ်ပေးနိုင်ပါသေးတယ် ။ ကြက်ဥအကာကို မျက်နှာပေါ်မှာလိမ်းပြီး ခြောက်သွေ့အောင်ထားပြီး ရေဆေးကြောလိုက်ရုံပါပဲ ။ကြက်ဥအကာထဲသို့ သံပုယိုရည်အနည်းငယ်ထည့်ပြီး ပြုလုပ်လည်း ရပါတယ် ။ ပိုပြီး ထိရောက်မှု ရှိချင်လျှင်တော့ ကြက်ဥအကာကို မျက်နှာပေါ် သုတ်လိမ်းပြီးလျှင် တစ်သျှူးပါးပါးဖြင့် ဖုံးအုပ်ထားလိုက်ပါ ။ ခြောက်သွေ့သွားလျှင် ထိုတစ်သျှူးများကို ခွာချလိုက်ရမှာပါ ။ ဒီနည်းလမ်းကို တစ်ပါတ်လျှင် ၁ကြိမ် (သို့) ၂ကြိမ် ပြုလုပ်ပေးရမှာပါ ။
၃။ရေခဲ
ဒီနည်းလမ်းကတော့အရိုးရှင်းဆုံးနဲ့ ထိရောက်မှုရှိတဲ့ နည်းလမ်းတစ်ခုပါပဲ ။ ရေခဲတုံးအနည်းငယ်ကိုအဝတ်သန့်သန့်ထဲထည့်ပြီး မျက်နှာပေါ်သို့ ၁၅ စက္ကန့် မှ စက္ကန့် ၃၀ ခန့်အထိ ကပ်ပါ ။ ထိုအတိုင်း ကပ်လိုက် ခွာလိုက် ရေခဲများအရည်ပျော်သွားသည်အထိ ပြုလုပ်ပေးပါ ။ သက်သာသည်အထိ မိမိအဆင်ပြေသလို ပြုလုပ်ပေးလို့ ရပါတယ် ။ နောက်ထပ် နည်းလမ်းတစ်ခုကတော့ နေ့စဉ် ရေအေးနဲ့အနည်းဆုံး တစ်ကြိမ် မျက်နှာဆေးကြောပေးခြင်းကလည်း ချွေးပေါက်ကျယ်ခြင်းကို သက်သာစေပါတယ်တဲ့။
၄။ပန်းသီးရှာလကာရည်
ပန်းသီးရှာလကာရည်နှင့် ရေကို ဆတူရောပြီး ဂွမ်းဖြင့်စုပ်ယူကာ ချွေးပေါက်ကျယ်သောအရေပြားပေါ်သို့ ပွတ်လိမ်းပေးပါ ။ မိနစ်အနည်းငယ်ကြာထားပြီးလျှင် ရေဖြင့် ဆေးကြောပါ။အကောင်းဆုံးကတော့ ဒီနည်းလမ်းကို ညဘက် မျက်နှာဆေးကြောပြီးတိုင်းမှာ ပြုလုပ်ပေးပါ ။ ပြီးနောက်အစိုဓါတ်ထိန်းတဲ့ moisturizer တစ်မျိုးမျိုး လိမ်းပေးလိုက်ပါ ။ ၁လမပြည့်ခင်မှာပင် သိသိသာသာကို ရလဒ် ထူးခြားလာမှာပါ ။
၅။သကြား
သကြား လက်ဖက်ရည်ဖွန်း ၂ဇွန်း ၊ သံလွင်ဆီ ၁ဇွန်း နှင့်သံပုယိုရည် ၂စက်ခန့်ကို ရောပြီး ချွေးပေါက်ကျယ်တဲ့ နေရာကို စက္ကန့် ၂၀ ကြာ ညှင်သာစွာ ပွတ်ပေးပါ ။ ၃မိနစ် ၊ ၅မိနစ်ခန့်ကြာလျှင် ရေအေးဖြင့် ဆေးကြောလိုက်ပါ ။ ဒီနည်းလမ်းကိုတော့ တစ်ပါတ်လျှင် တစ်ကြိမ် မှ နှစ်ကြိမ်အထိ ပြုလုပ်ပေးနိုင်ပါတယ် ။
CHAN (ရွှေအင်းလေး)