အလှပြင်တဲ့အခါ မကြာခဏတွေ့ကြုံရလေ့ရှိတဲ့ ပြဿနာလေးတွေကိုရိုးရှင်း လွယ်ကူတဲ့နည်းလေးတွေနဲ့အောက်ပါအတိုင်းအဖြေညှိလိုက်ကြရအောင်။ (၁) ပွထောင်နေတဲ့ ဆံပင်တွေအတွက်အုန်းဆီ-ခေါင်းလိမ်းဆီက သပ်သပ် ရပ်ရပ်ဖြစ်စေ သော်လဲဘဲ၊ ဆီ (လုံးဝ) မကြိုက်သူများအတွက် baby hair oil (ခေါ်) ကလေးခေါင်းလိမ်းဆီလေးတွေလိမ်းပေးပါ (သို့မဟုတ်) ဆံပင်ကိုအပေါ်ကနေ hairspray ဖြန်းပေးပါ။ (၂) နှုတ်ခမ်းဆိုးဆေးအနီရဲရဲတွေကို တခါတလေမှ သုံးသူများက၊ လက်မငြိမ်ဘဲဆိုးမိတာကြောင့်အခန့်မသင့်ရင် ဆေးတွေဘေးသို့ ပြန့်သွားတတ်ပါတယ်။အဲဒီလို မဖြစ်စေဖို့ ဦးစွာအနီရောင်နဲ့အနီးစပ်ဆုံးတူတဲ့ နှုတ်ခမ်းဆိုးဆေး ခဲတံလိုင်နာဖြင့် နှုတ်ခမ်းကိုအနားသတ်လိုင်းဖော်ရပါမယ်။ ပြီးမှအနီရဲရဲနှုတ် ခမ်းနီကို ဆိုးပေးပါ။ (၃) ဆောင်းတွင်းမှာအသားပပ်လို့ခြေသလုံးတွေ ပက်ကျားအက်နေခြင်းအတွက်၊ ထွေထွေထူးထူးစဉ်းစားမနေပါနဲ့။အုန်းဆီ ၃-စက်လောက်ကို လက်ထဲလောင်းချ၍ လက်ဖဝါး ၂-ဘက်ကိုပွတ်ကာ၊ ခြေသလုံးသားထဲစိမ့်ဝင်သွားအောင် ပွတ်သပ် လိမ်းပေးပါ။ (၄)အကြောင်းတစ်ခုခုကြောင့် လက်သည်းတွေပဲ့ထွက်တဲ့အခါ လက်သည်းညှပ်အလွယ်တကူမရှိဘူးဆိုပါစို့။ ဥပမာ ပဲ့နေသော လက်ညှိုးရဲ့လက်သည်းကို လက်မရဲ့လက်သည်းဖြင့် လက်သည်းချင်းပွတ်ကုတ်ပေးပါ (သို့မဟုတ်) မိမိဝတ် ဆင်ထားတဲ့ ပိတ်စ ကြမ်းကြမ်းအဝတ်ထည်ဖြင့်အဲဒီလက်သည်းကိုပွတ် တိုက်ပေးပါ။ (လက်သည်းညှပ်သေးသေးလေးတွေ၊ ဆံညှပ် နဲ့တွယ်ဂျိပ် လေးတွေ vကို ခရီးသွား ဟန်လွှဲအရေးပေါ်သုံးနိုင်အောင် ပိုက်ဆံအိတ်ထဲမှာအမြဲဆောင်ထားသင့်ပါတယ်) (၅) မျက်တောင်မွှေးကိုအလှပြင်တဲ့ Mascara တွေကို နည်းနည်းသာသုံးသင့်ပါတယ်။ Mascaraအမျိုးအစားတွေက တစ်ခုနဲ့တခုမတူညီတာကြောင့် မိမိသုံးနေကျအမျိုးအစားမဟုတ်တဲ့ ပစ္စည်းအသစ်ကိုဝယ်တဲ့အခါအရောင်းကောင်တာမှာ စမ်းသပ်၍သော်လည်းကောင်း၊အရောင်းစာရေးကို ပစ္စည်းအသုံးပြုနည်းမေးမြန်း၍သော်လည်းကောင်း လေ့လာပြီးမှဝယ်ပါ။အကယ်၍ Mascara သုံးတာများသွားတဲ့အခါ မျက်တောင်မွှေးကိုသုံးတဲ့ ဘရက်ရှ်လေးဖြင့်အသာအယာဖြီးလိမ်း သုတ်သင်ပါ။ (၆)အမျိုးသားများ မုတ်ဆိတ်မွှေးရိတ်တဲ့အခါ (သို့မဟုတ်)အမျိုးသမီးတွေဂျိုင်းမွှေးနဲ့ခြေသလုံးမွှေးရိတ်တဲ့အခါအမွှေးရဲ့လား ရာလမ်းကြောင်းအတိုင်း သင်တုန်းဓားကိုအလိုက်သင့်ရိတ်ပေးရပါမယ်။အကယ်၍အမွှေးရဲ့လားရာလမ်းကြောင်းနဲ့ဆန့်ကျင် ရိတ်တဲ့အခါအရေပြားနာကျင်တတ်ပြီး မွှေးညှင်းပေါက်တွေ ပိတ်သွားတတ်ပါတယ်။ နာကျင်မှုသက်သာအောင်နဲ့ မွှေးညှင်းပေါက် တွေမပိတ်ရအောင် ရေဆွတ်၍ရိတ်ပေးပါ။ (၇) မျက်ခုံးမွှေးသွယ်သွယ်တန်းတန်းလေး ဖြစ်အောင် ဓား (သို့မဟုတ်) ဇာဂနာဖြင့်အနားသပ်ညှိတဲ့အခါ တစ်ခါတစ်ရံ လက်လွန်ပြီး မျက်ခုံးမွှေးတွေ ပါသွားတတ်ပါတယ်။အဲဒီအခါ မိမိမျက်ခုံးမွှေးအရောင်နဲ့အနီးစပ်ဆုံးဆင်တူတဲ့ မျက်ခုံးမွှေးဆွဲခဲတံကိုသုံး၍ လိုအပ်တဲ့နေရာမှာ မျက်ခုံးမွှေးဖြည့်ဆွဲပေးလိုက်ပါ။ (၈)အချို့အမျိုးသမီးများက မိတ်ကပ်လိမ်းပြီးနောက် မိတ်ကပ်ညှိတဲ့ဘရက်ရှ် (အမွှေးလေးတွေ) ကို သုံးတတ်ကြပါတယ်။အဲဒီ ဘရက်ရှ်တွေက ကြာလာတဲ့အခါ၊အမွှေးလေးတွေလုံးခဲ၍ ကျွတ်သွားတတ်ပါတယ်။ ဘရက်ရှ်သုံးလို့ကောင်းစေဖို့အတွက် ကလေးရေချိုးဆပ်ပြာ ပျော့စားဖြင့် ဆေးကြောသန့်စင်၍၊ ဘရက်ရှ်တံရဲ့အမွှေးကိုအောက် သို့ထား၍ တွဲလောင်းချိပ်ကာ (လုံးဝ) ခြောက်သွားတဲ့အထိ နေပူလှန်းပေးပါ။ (၉)အိုင်းလိုင်နာအရည်တွေ လေသလပ်ပြီး ပုလင်းဗူးလေးထဲမှာ ခြောက်ကပ်နေ တယ် ဆိုပါစို့။ ရေ ၁-စက် (သို့မဟုတ်) ၂-စက် ထဲ့၍ ပုလင်းလေးကို နာနာလှုပ်ခါပြီး သုံးကြည့်ပါ။ Credit : ပျိုမေတို့သိစေဖို့ သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီအချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။