![]()
ချစ်တို့အနေနဲ့ Primer ဆိုတာကို ကောင်းကောင်းရင်းနှီးကြမယ်လို့ထင်ပါတယ်။
Primer လိမ်းတယ်ဆိုတာ ချစ်တို့ရဲ့မျက်နှာအရေပြားနဲ့ makeup foundation ကြားမှာ
အလွှာတစ်ခုခံလိုက်တဲ့သဘောပါနော်။အဲ့ဒီလို Primer ခံလိမ်းခြင်းအားဖြင့် မိတ်ကပ်ကြောင့်
ဓာတ်မတည့်မှုဖြစ်လာမယ်တောင် ချစ်တို့ရဲ့မျက်နှာအရေပြားကို တိုက်ရိုက်ထိခိုက်မှုမဖြစ်စေနိုင်တော့ပါဘူး။
ဒါ့အပြင် Primer လိမ်းခြင်းအားဖြင့် ချစ်တို့ရဲ့မိတ်ကပ်သားကို ကွက်တာ ပြန့်တာမျိုး မဖြစ်စေဘဲ
မိတ်ကပ်ကြာရှည်ခံနိုင်သလို နေ့တိုင်းလိမ်းမယ်ဆိုလည်း side effectအနေနဲ့
ဘာမှဆိုးဆိုးဝါးဝါးမဖြစ်စေနိုင်ပါဘူးနော်။
ဒါပေမယ့် ကိုယ့် skin type ကို သေချာသိပြီး ရွေးချယ်သုံးပေးဖို့တော့ လိုမယ်နော်။
Foundation Primer နဲ့Eyeshadow Primer တွေဟာ Primerတွေရဲ့မူလအစဖြစ်သလို
ဒီနေ့အထိလည်း လူသုံးအများဆုံး ဖြစ်ပါတယ်နော်။အဲ့ဒီနောက်ပိုင်းမှာတော့
nail,lipစတာတွေအတွက်ပါထုတ်လုပ်လာကြပါတယ်။
Primer ကိုများသောအားဖြင့် Silicon based နဲ့ Water-based ဆိုပြီး၂မျိုးထုတ်လုပ်ကြပါတယ်။
ချစ်တို့အနေနဲ့ Silicon based Primer တွေကို
ချွေးပေါက်၊အမာရွတ်နဲ့အရေးအကြောင်းစတာတွေကို ဖြည့်ဖို့အတွက်အဓိကသုံးနိုင်ပြီးေတော့
water-based Primerတွေကိုတော့ မိတ်ကပ်သားပါးပါးကြည်ကြည်လေးနဲ့အချိန်အကြာကြီး လှနေချင်ရင် သုံးနိုင်ပါတယ်နော်။
Primer မှာထပ်ပြီးအရောင်ပါတဲ့ Primer ၊အရောင်မပါတဲ့ Primer နဲ့SPF ပါတဲ့ Primer ဆိုပြီးလည်းရှိပါသေးတယ်။
အရောင်ပါတဲ့ Primer က ချစ်တို့ရဲ့မျက်နှာပြင်ပေါ်ကအသားအအရောင် မညီညာမှုတွေကို ညှိပေးနိုင်ပြီး
SPF ပါတဲ့ Primer ကိုတော့ နေပူထဲအထွက်များတဲ့ ချစ်တို့ သုံးသင့်ပါတယ်နော်။
အရးအကြီးတစ်ချက်အနေနဲ့ကအဆီပြန်တတ်တဲ့ ချစ်တို့အနေနဲ့ကတော့ Primer သုံးမယ်ဆို
water-based primer ကိုပဲ ရွေးချယ်သင့်ပါတယ်နော်။
ဘာကြောင့်လည်းဆိုတော့ Silicon based primer ဝက်ခြံဖြစ်ပေါ်မှုကိုအားပေးလို့ပါနော်။
ကဲ ဒီလောက်ဆို Primerတွေအကြောင်း စုံစုံလင်လင် သိလောက်ပြီမို့ ချစ်တို့ရဲ့အသားအရည်လေးတွေနဲ့သင့်တော်တဲ့
Primerလေးတွေကို ဝယ်ယူသုံးစွဲပြီး မိတ်ကပ်သားစွဲစွဲလေးနဲ့လှနိုင်ကြပါစေရှင်။
Myanmar Wedding Guide