မုန့်ဖုတ်ဆိုဒါအသုံးဝင်မှု
weddingguide.com.mm
|
2019-09-13

Myanmar Wedding guide ရဲ့ ပရိတ်သတ်ကြီးအနေနဲ့ မုန့်ဖုတ်ဆိုဒါကို ကောင်းကောင်းကြီးရင်းနှီးကြမယ်ထင်ပါတယ်နော်။


ချစ်တို့ရဲ့အသားအရေက တော်တော်လေးခြောက်သွေ့တတ်တယ်ဆိုရင် ရေချိုးတိုင်း ချိုးရေထဲကို


မုန့်ဖုတ်ဆိုဒါနည်းနည်းထည့်သုံးပေးခြင်းအားဖြင့် ဆဲလ်သေတွေကို ကွာကျစေပြီးအသားအရေဝင်းလက်စိုပြည်စေပါတယ်နော်။


မုန့်ဖုတ်ဆိုဒါက ရေရဲ့ pH ပမာဏကို မြှင့်တင်ပေးနိုင်တာကြောင့် မုန့်ဖုတ်ဆိုဒါထည့်ထားတဲ့ရေချိုးကန်ထဲမှာ


မိနစ် ၃၀ ကနေ ၆၀ လောက်အထိ စိမ်ပေးတာမျိုးကို တစ်ပတ် သုံးကြိမ်လောက် လုပ်ပေးနိုင်ပါတယ်။


ပြီးရင်တော့ moisturizer လိမ်းပေးဖို့မမေ့ပါနဲ့နော်။



အဆီပြန်တဲ့သူတွေကတော့ မုန့်ဖုတ်ဆိုဒါကို ပျစ်ပျစ်လေးဖျော်လိမ်းပြီး ရေနွေးနွေးလေးနဲ့


ဆေးကြောပေးခြင်းအားဖြင့်အဆီပြန်ခြင်းကင်းပြီး ကြည်လင်ချောမွေ့တဲ့အသားအရေကို ရရှိနိုင်မှာပါရှင်။


အသားအရေက မွဲခြောက်တတ်တဲ့သူတွေဆိုလည်းသားအရေဝင်းလက်တောက်ပစေဖို့ မုန့်ဖုတ်ဆိုဒါအနည်းငယ်ကို


သံလွင်ဆီ၊ သံပရာရည်နဲ့ရောပြီးအသားမှာလိမ်းပေးပါ။ ၁၀ မိနစ်ကြာရင် ရေဆေးချလို့ရပါပြီ။


အချိန်ပေးပြီးသေချာလုပ်ရင်လှလာမှာနော်။



အသားအရေကိုအစိုဓာတ်ထိန်းပေးတဲ့ပျားရည်နဲ့မုန့်ဖုတ်ဆိုဒါကို ဆတူရောပြီး Scrub လုပ်လို့ရပါသေးတယ်နော်။


ပြီးရင် moisturizer ကောင်းကောင်းသုံးပေးပါနော်။


ပုံမှန်ခေါင်းလျှော်ရည် တစ်ခါလျှော်ပမာဏထဲကို မုန့်ဖုတ်ဆိုဒါအနည်းငယ်ထည့်ပြီးလျှော်ခြင်းဖြင့်လည်း


ဆံသားပိုတောက်ပြောင်လာစေပြီး လိုသလိုပုံသွင်းလို့ ရလာနိုင်ပါတယ်။


ကဲ လှသထက်လှကြပါစေနော်။


Myanmar Wedding Guides





Some text some message..