သင့်ကိုချွေးပေါက်ကျယ်စေတဲ့ တရားခံတွေ
hellosayarwon.com
|
2019-09-14

မိတ်ကပ် လှလှလေးလိမ်းချင်ပေမယ့် ချွေးပေါက်တွေကျယ်နေလို့ဆိုပြီး စိတ်ညစ်နေတဲ့

လေဒီလေးတွေ များရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကိုဖတ်ကြည့်လိုက်ပါ။

သင့်ကိုချွေးပေါက်ကျယ်စေတဲ့ တရားခံတွေ
မျက်နှာအသားအရေ ကို ထိခိုက်စေနိုင်တဲ့အကြောင်းအရင်းတွေထဲက တစ်ခု ချွေးပေါက်ကျယ်တာပါ။ ဒါ့အပြင်ချွေးပေါက်ကိုကျယ်စေတဲ့အကြောင်းအရင်းက တစ်ခုမကရှိနေနိုင်ပါတယ်။ သင့်ကိုချွေးပေါက်ကျယ်စေတဲ့အချက်ကရော ဘယ်အချက်ဖြစ်နိုင်မလဲ။အသက်အရွယ်ကြီးရင့်လာတာကြောင့်အသက်အရွယ်ကြီးရင့်လာတာနဲ့အမျှ ချွေးပေါက်တွေက ကျယ်လာနိုင်ပါတယ်။အကြောင်းကတော့အသက်အရွယ်ကြီးလာတာနဲ့အမျှ

အရေပြား မှာရှိတဲ့ ပရိုတင်းတစ်မျိုးဖြစ်တဲ့ (ကော်လာဂျင်) နည်းလာတာကြောင့်ပါ။ ဒါကြောင့်အသက် ၃၀ ကျော်လာတဲ့အခါ ချွေးပေါက်ကျယ်နိုင်ခြေကအရင်ကထက်ပိုများလာနိုင်ပါတယ်။အသားအရေအမျိုးအစားကြောင့်

အဆီပြန်တတ်တဲ့အသားအရေ ရှိသူတွေကအခြားသူတွေထက် ချွေးပေါက်ပိုကျယ်နိုင်ပါတယ်။အရေပြားပေါ်ကအဆီပိုတွေနဲ့ဆဲလ်သေတွေက ချွေးပေါက်တွေထဲပိတ်ဆို့ပြီး ချွေးပေါက်ကို ပိုကျယ်စေနိုင်ပါတယ်။

ပေါင်းစပ်အသားအရေ ပိုင်ရှင်ဖြစ်မယ်ဆိုရင်တော့ မျက်နှာ တစ်ပြင်လုံးမဟုတ်ဘဲ T-Zone နေရာဖြစ်တဲ့ နဖူး၊ နှာခေါင်း နဲ့ မေးစေ့တို့မှာ ချွေးပေါက်ကျယ်စေနိုင်ပါတယ်။


အယ်လ်ကိုဟောကြောင့်


အယ်လ်ကိုဟောသောက်သုံးမှုကအသည်းကိုတင်ထိခိုက်စေတာမဟုတ်ပါဘူး။

သွေးကြောတွေ နဲ့အဆီဂလင်းတွေကိုပါကြီးစေနိုင်ပါတယ်။ ဒီလိုကြောင့်  မေးစေ့နဲ့နှာခေါင်းတဝိုက်က ချွေးပေါက်တွေကို ကျယ်စေနိုင်ပါတယ်။ ကဲ.. သင့်ကို ချွေးပေါက်ကျယ်စေတဲ့အချက်ကရော ဘယ်တစ်ခုဖြစ်မလဲ။

ချွေးပေါက်ကျယ်တာကို သက်သာအောင်လုပ်လို့ရလား.............
ချွေးပေါက်ကျယ်တာကို သက်သာအောင်လုပ်လို့ရပါတယ်။ ချွေးပေါက်ကျယ်တာကို သက်သာစေဖို့အခုပြောမယ့်အလေ့အထလေးတွေကို လုပ်ဆောင်ပေးဖို့လိုပါမယ်။အသားအရေကို ပုံမှန်သန့်စင်ပေးပါ - ချွေးပေါက်တွေထဲက ပိတ်ဆို့နေတဲ့အဆီတွေနဲ့အညစ်အကြေးတွေကို သန့်စင်ဖို့အတွက်

မျက်နှာ ကို ပုံမှန်သန့်စင်မှုတွေလုပ်ဆောင်ပေးဖို့လိုပါမယ်။

မိတ်ကပ် ကို သတိထားရွေးပေးပါ - ချွေးပေါက်ကျယ်တဲ့သူတွေအနေနဲ့ကအဆီများတဲ့ မိတ်ကပ်တွေသုံးလို့အဆင်မပြေပါဘူး။အဆီများတဲ့

အလှကုန်တွေ က ချွေးပေါက်တွေကို ပိုကျယ်စေနိုင်ပါတယ်။ ညအိပ်ရာဝင်ခါနီးတိုင်းမှာလည်း မျက်နှာကို သေချာလေးသန့်စင်ပေးဖို့လိုပါမယ်။ မျက်နှာပေါ်က ဆဲလ်သေတွေကိုပုံမှန် ဖယ်ရှားပေးပါ -အနည်းဆုံးတစ်ပတ်ကို တစ်ကြိမ်လောက် မျက်နျာပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပေးပါ။ ဒီလိုလုပ်ပေးတာက ဆဲလ်သေတွေချွေးပေါက်မှာ ပိတ်ဆို့မှုကြောင့် ချွေးပေါက်ကျယ်တာတွေ မဖြစ်အောင်အထိရောက်ဆုံးတားဆီးပေးနိုင်မှာပါ။ ဒီနေရာမှာ သတိထားရမယ့်တစ်ချက်က ဆဲလ်သေဖယ်ရှားတာကိုအလွန်အကျွံမလုပ်မိဖို့ပါ။

ချွေးပေါက်ကျယ်တာကို သက်သာစေမယ့်အရာတွေက ဘာတွေလဲ........
ချွေးပေါက်ကျယ်စေဖို့အိမ်တွင်းကုထုံးလေးတွေကို လုပ်ဆောင်ပေးလို့ရပါတယ်။ ရွှံ့စေးနဲ့မျက်နှာပေါင်းတင်ပါ - ရွှံ့စေးနဲ့ပေါင်းတင်းတာကအဆီပြန်ချွေးပေါက်ကျယ်သူတွေအတွက် ထိရောက်တဲ့

အသားအရေထိန်းသိမ်းမှု တစ်ခုပါ။ မျက်နျာကို သေချာလေးသန့်စင်ပြီး ရွှံ့စေးပေါင်းတင်အနှစ်ကို လိမ်းပေးပါ။ ခြောက်အောင်ထားပြီး ရေနွေးနွေးလေးနဲ့ ဆေးချလိုက်ပါ။ ပြီးရင်အစိုဓာတ်ထိန်းခရင်မ်တစ်ခုခုလိမ်းပေးပါ။

- ဒိန်ချဉ်မှာ လက်တစ်အက်ဆစ်ပါဝင်နေတာကြောင့် ဆဲလ်သေတွေကိုဖယ်ရှားပေးပြီး ချွေးပေါက်ထဲကအညစ်အကြေးတွေကို ဖယ်ရှားပေးပြီး ချွေးပေါက်တွေကို တင်းရင်းစေနိုင်ပါတယ်။ သန့်စင်ထားတဲ့မျက်နှာပေါ်ကို ဒိန်ချဉ်လူးပေးပြီး မိနစ် ၂၀ ခန့်ထားပါ။ ပြီးရင်ရေဆေးချလိုက်ပါ။ နောက်ဆုံးအဆင့်အနေနဲ့

အစိုဓာတ်ထိန်းခရင်မ် တစ်ခုခုလူးပေးဖို့ မမေ့ပါနဲ့။

- ချွေးပေါက်ကျယ်တာကို သိသိသာသာသက်သာစေနိုင်ပါတယ်။ ပန်းသီးရှာလကာရည်ကိုရေနဲ့ဆတူရောပြီး ဂွမ်းစလေးနဲ့တို့လို့ မျက်နှာအနှံ့မှာလူးပေးပါ။ ချွေးပေါက်တွေကိုသန့်စင်ပြီး တင်းရင်းစေပါတယ်။

- ဖလေဗာနွိုက်ပါဝင်နေတာကြောင့်အဆီပိုတွေကိုဖယ်ရှားပေးနိုင်ပါတယ်။ ဒါကြောင့် လိမ္မော်ခွံလတ်လတ်ဆတ်ဆတ်ကို မျက်နှာပေါ်မှာ ပွတ်ပေးပါ။ ၅ မိနစ် ၁၀ မိနစ်ထားပြီး မျက်နှာသစ်ချလိုက်ပါ။

သံပရာရည် - ဆဲလ်သေတွေကိုဖယ်ရှားပေးပြီး ချွေးပေါက်တွေကို ကျဉ်းစေနိုင်ပါတယ်။ သံပရာရည်နဲ့ရေကို ဆတူရောပြီး မျက်နှာကိုလိမ်းပေးပါ။ ချွေးပေါက်တွေကို သန့်စင်တင်းရင်းစေနိုင်ပါတယ်။

-အဆီပိုတွေဖယ်ရှားပေးပြီး ချွေးပေါက်တွေကို သန့်စင်ပေးနိုင်ပါတယ်။ သန့်စင်ထားတဲ့မျက်နှာပေါ်မှာ သံပရာရည်နဲ့ရောထားတဲ့ ကြက်ဥအကာကို လိမ်းပေးပါ။ မိနစ် ၃၀ လောက်ထားပြီး ရေဆေးချပေးပါ။

Hello Health Group  သည်  ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။




Some text some message..