![]()
ခြောက်သွေ့တဲ့အသားအရည် ( Dry Skin ) – ခြောက်သွေ့တဲ့အသားအရည်ပိုင်ရှင်တွေဟာ မကြာခဏအသားတွေတင်းတာအသားပတ်တာတွေကြုံတတ်ကြပါတယ် ။အထူးသဖြင့် မျက်နှာသစ်ပြီးစမှာအသားတွေအရမ်းတင်းနေတာမျိုးဖြစ်ပါတယ် ။ ချွေးပေါက်တွေလည်း ကျဉ်းပါတယ် ။ မျက်နှာတင်မကပဲ ခြေတွေလက်တွေပါအဆီခြောက်တာ dry skin တွေမှာဖြစ်လေ့ရှိပါတယ် ။အသားခြောက်တဲ့သူတွေဟာ ရေဓာတ်ဖြည့် moisturizer ကိုအဆီများတဲ့ lotion type မျိုးရွေးသုံးသင့်ပါတယ် ။ Foundation ကိုတော့ ရေဓာတ်များပြီး smooth ဖြစ်တဲ့ foundation မျိုးသုံးသင့်ပါတယ် ။
ပုံမှန်အသားအရည် ( Normal Skin ) – ဒီအသားအရည်ပိုင်ရှင်တွေဟာ သိပ်ကံကောင်းလွန်းသူတွေပါ ။အသားအရည်ကအမြဲချောမွေ့နေပြီး ချွေးပေါက်တွေလည်းပုံမှန်မကျဉ်းမကျယ်အနေအထားမှာပဲ ရှိနေတတ်ပါတယ် ။ ဝက်ခြံထွက်တတ်ပေမယ့်အရမ်းထွက်ခဲပါတယ် ။
ပေါင်းစပ်အသားအရည် ( Combination Skin ) – Combination skin ဆိုတာ လူအတော်များများမှာတွေ့ရတတ်တဲ့အသားအရည်ပါ ။ ဒီအသားအရည်ပိုုင်ရှင်တွေဟာ T-Zone မှာသိသိသာသာအဆီပြန်ပါတယ် ။ ကျန်တဲ့နေရာတွေမှာတော့ ပုံမှန်ပဲဖြစ်ပြီး တစ်ချို့ကအသားခြောက်ပါတယ် ။ Combination skin တွေက moisturizer သုံးတဲ့အခါ gel type ကိုသုံးပေးသင့်ပြီး foundation ရွေးချယ်တဲ့နေရာမှာတော့ semi matte finish လိုဟာမျိုးတွေနဲ့ပိုသင့်တော်ပါတယ် ။
အဆီပြန်သောအသားအရည် ( Oily Skin ) –အဆီပြန်တတ်တဲ့သူတွေရဲ့အသားကအမြဲလိုလို ပြောင်နေလေ့ရှိပြီး T-Zone တစ်ဝိုက်မှာ ချွေးပေါက်တွေကျယ်ပါတယ် ။အဆီပြန်မှုကြောင့်အသားပေါ်မှာရှိတဲ့အနာအဆာတွေက တစ်ခြားအသားအရည်ပိုင်ရှင်တွေထက် ပိုထင်ရှားစွာမြင်ရလေ့ရှိပါတယ် ။အဆီပြန်သူတွေဟာ ဦးရေပြားမှာလည်းအဆီထုတ်လွှတ်မှုများလို့ ဆံပင်တွေပါ oily ဖြစ်နေတတ်ပါတယ် ။ Oily skin တွေဟာလည်း moisturizer ကို gel type သုံးပေးသင့်ပြီး fondation ကို matte finish , powder foundation စတာတွေသုံးပေးသင့်ပါတယ် ။
ထိလွယ်ရှလွယ်အသားအရည် ( Sensitive Skin ) – Sensitive skin တွေက မျက်နှာတစ်ချို့နေရာမှာအနီစက်တွေ မကြာခဏပေါ်လာတတ်ပြီး နှာခေါင်းတစ်ဝိုက်မှာလည်း သွေးကြောလေးတွေပျက်စီးနေတတ်ပါတယ် ။ ကိုယ်နဲ့မသင့်တော်တဲ့ product မျိုးကိုသုံးမိရင် ချက်ခြင်းပြဿနာပေါ်တတ်သူတွေပါ ။ သူတို့ကတော့ sensitive skin သီးသန့်အတွက် ထုတ်ထားတဲ့ product မျိုးကိုသာ ရွေးချယ်သင့်ပြီး ဝယ်ယူတဲ့အခါမှာလည်း တက်ကျွမ်းနားလည်တဲ့ professional တွေနဲ့တိုင်ပင်ဝယ်ယူတာမျိုးသာပြုလုပ်သင့်ပါတယ် ။
Credit