မန်ကျည်းသီးနဲ့ Skin care ပြုလုပ်ပုံများ
weddingguide.com.mm
|
2019-09-21

ရှေးယခင်ကတည်းက မန်ကျည်းသီးကိုအသားအရေဖြူဝင်းစေဖို့အသုံးပြုလာတာဖြစ်ပြီး


မန်ကျည်းသီးတွင် စစ်ထရစ်အက်ဆစ်၊ တက်တရစ်အက်ဆစ်အပြင် မဲလစ်အက်ဆစ်တို့ပါဝင်တာကြောင့် ချွေးပေါက်ထဲက


အညစ်အကြေးတွေကို ဖယ်ရှားရှင်းလင်းပေးပြီး ဝက်ခြံ နဲ့ ဝက်ခြံကြောင့်ဖြစ်တဲ့အမာရွတ်တွေကို ပျောက်ကင်းစေပါတယ်။


ဒါ့ကြောင့်ဒီနေ့မှာတော့ Myanmar Wedding Guide ပရိတ်သတ်တွေအတွက် မန်းကျည်းသီးကိုသုံးပြီး Skin Care လုပ်ပုံလေးတွေကို ဝေမျှပေးလိုက်ပါတယ်



(၁) မန်ကျည်းအနှစ်ကို ရေကျဲကျဲဖျော်ပြီး မျက်နှာသစ်ပေးပါက ချစ်တို့အနေနဲ့အဆီပြန်ခြင်းကင်းပြီး ဝင်းမွှတ်တဲ့မျက်နှာလေးကို ပိုင်ဆိုင်နိုင်မှာပါနော်။


(၂) မန်ကျည်းအနှစ်ကိုပဲ ပျစ်နေအောင်ဖျော်ပြီး မအိပ်ခင် မျက်နှာတွင် လိမ်းပေးထားပြီး ၁၅ မိနစ်ကြာရင် ရေနွေးနွေးလေးနဲ့ဆေးချပေးပါ၊



တစ်ပတ်မှာ ၃ကြိမ် သို့ ၄ကြိမ်လောက်ပြုလုပ်ပေးခြင်းအားဖြင့် ဝက်ခြံတွေပါးလာပြီး ကြည်လင်တဲ့မျက်နှာလေးကိူ ပိုင်ဆိုင်နိုင်မှာပါနော်။


(၃) နာက်ထပ်တစ်နည်းးကတော့ မျက်ကျည်းသီးအနှစ်နဲ့ဆနွှင်းမှုန့်ကိုရောစပ်ကာ မျက်နှာမှာလိမ်းပေးဖို့ပါပဲ။



ဆနွှင်းမှုန့်က ရောင်ရမ်းမှုတွေကို ပြေလျှော့ပေးနိုင်စွမ်းရှိတာကြောင့် ချစ်တို့ရဲ့ဝက်ခြံရောင်ရမ်းမှုတွေကို သက်သာစေမှာပါနော်။


(၄)အသားအရေခြောက်တတ်တဲ့ချစ်တို့အနေနဲ့လည်း မန်ကျည်းသီးအနှစ်ကို ပျားရည်နဲ့ရောပြီး ပေါင်းတင်ပေးမယ်ဆို


သဘာဝအတိုင်း စိုပြေဝင်းဖန့်တဲ့မျက်နှာလေးကို ရရှိနိုင်မှာပါနော်။

Myanmar Wedding Guide



Some text some message..