နေရောင်ခြည်ကိုကာကွယ်နိုင်သော နေ့လိမ်းအစိုဓာတ်ထိန်းခရင်မ် (Moisturizer) နေရောင်ခြည်ကို ကာကွယ်နိုင်ဖို့ သုံးသင့်တဲ့အစိုဓာတ်ထိန်းခရင်မ် ဖြစ်ပါတယ်။ မျက်တော်နှင့် မျက်ခွံတဝိုက်ကို မလိမ်းပါနှင့်။ မျက်နှာပြင်အနှံ့နဲ့ လည်ပင်းကိုပါ လိမ်းပေးပါ။ ပြီးရင်အစိုဓာတ်ခရင်မ် စုပ်ယူနိုင်ဖို့အတွက်အချိန်နှစ်မိနစ်လောက်စောင့်ပါ။ ပြီးမှ မိတ်ကပ်လိမ်းပါ။ ရက်တီနောပါတဲ့ နေရောင်ကာနိုင်တဲ့အစိုဓာတ်ထိန်းခရင်မ်ကို လိမ်းပေးရင်အရေးအကြောင်းပါးပါးတွေကိုပါ လျော့ကျစေပါတယ်။အိုင်းခရင်မ်အိုင်းခရင်မ်လိမ်းတဲ့အခါ လက်သူကြွယ်ကို သုံးပြီးလိမ်းပါ။ ဒါမှမဟုတ် လှိမ့်ပြီးသုံးလို့ရတဲ့ Roll on ပုံစံအိုင်းခရင်မ်ကို သုံးပါ။ မျက်ဝန်းအပြင်ထောင့်ကနေ နှာခေါင်းဆီဆွဲပြီး လိမ်းပေးပါ။ ရက်တီနော (Retinol) ဗီတာမင်စီပေါများစွာပါဝင်တဲ့အိုင်းခရင်မ်ကို လိမ်းပေးရင် ကျီးကန်းခြေထောက်နဲ့ မျက်ခွံတွဲကျတာတွေကို သက်သာစေနိုင်ပါတယ်။ ညလိမ်းခရင်မ် ညဘက်မှာ မျက်နှာကို စင်ကြယ်အောင်ဆေးကြောပြီး မျက်နှာသုတ်ပုဝါနှင့်အသာအယာသုတ်ပေးပါ။ သင့်အသားအရေက ထိလွယ်ခိုက်လွယ်တဲ့အသားအရေဖြစ်ရင် မျက်နှာကို လုံးဝခြောက်သွေ့အောင်သုတ်ပြီး နှစ်မိနစ်လောက်စောင့်ပြီးမှ ညလိမ်းခရင်မ်ကို လိမ်းပေးပါ။ ညလိမ်းခရင်မ်မှာပါတဲ့ ပါဝင်ပစ္စည်းတွေက ထိလွယ်ခိုက်လွယ်တဲ့အသားအရေရှိသူတွေမှာအရေပြားစိုနေတုန်းလိမ်းရင် စပ်ဖျဉ်းဖျဉ်း ဖြစ်စေနိုင်လို့ဖြစ်ပါတယ်။ ညလိမ်းခရင်လိမ်းပြီးအိပ်ရင်နံနက်ခင်းအိပ်ရာနိုးချိန်မှာအသားအရေနုပျို ကျန်းမာနေပါလိမ့်မယ်။ ခန္ဓာကိုယ်လိမ်းအစိုဓာတ်ထိန်းခရင်မ် ရေချိုးပြီး စိုထိုင်းဆရှိနေတုန်းမှာပဲ ကိုယ်လိမ်းလိုးရှင်းကို နှိပ်နယ်ကာ လိမ်းပေးတာကအရေပြားကို ပိုမိုစိုပြည်စေပါတယ်။ ဗီတာမင်အီနဲ့ နိုင်ယာစင်နမိုက်တို့ပါတဲ့ ကိုယ်လိမ်းလိုး၇ှင်းကို သုံးပေးရင်အရေပြား လျှော့တွဲအိုမင်းမှု မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ မျက်နှာကြေးချွတ်ခြင်း ကြွေးချွတ်ပေးတာကအရေပြားဆဲလ်တွေရဲ့ ဖြစ်ပျက်နှုန်းကို မြန်စေကာ ဆဲလ်အသစ်ဖြစ်စေပါတယ်။ ချွေးပေါက်မှာ ပိတ်ဆို့နေတဲ့အဆီတွေနဲ့အရေပြားဆဲလ်သေတွေကို ကင်းစင်စေပါသည်။ ဒါပေမယ့် မျက်နှာကြွေးချွတ်ခရင်မ်ကိုသုံးပြီး ကြွေးချွတ်တာကို တစ်ပတ်မှာ တစ်ကြိမ်၊ နှစ်ကြိမ်လောက်ပဲ သုံးသင့်ပါတယ်။ ခေါင်းလျှော်ခြင်း ဆံပင်သား သန်စွမ်းကျန်းမာစေဖို့ ခေါင်းလျှော်ရာမှာ ဆံပင်ကို ကြက်သီးနွေးရေနဲ့အရင်စိုစွတ်အောင်လုပ်ပါ။ ပြီးရင် သီးရေပြားကို ရှမ်ပူအနည်းငယ် သုတ်လိမ်းပြီး နှိပ်နယ်ကာ ရေနဲ့ဆေးချလိုက်ပါ။ ကွန်ဒီရှင်နာသုံးခြင်း ခေါင်းလျှော်ပြီးချိန်မှာ လက်ချောင်းတွေကြားထဲ ကွန်ဒီရှင်နာထည့်ပြီး ဆံပင်အဖျားနေရာတွေမှာ များများလိမ်းပေးပါ။အနည်းဆုံး နှစ်မိနစ်လောက်ကြာမှ ရေအေးနဲ့ ဆေးကြောပေးပါ။ ဦးရေပြားအဆီပြန်တဲ့အခါတိုင်း ခေါင်းလျှော်ပေးနိုင်ပါတယ်။ ဆံပင်သားခြောက်သွေ့ပျက်စီးတာကလည်း ရှိရင်းစွဲအသက်ထက် ပိုကြီးသယောင်ထင်ရစေပါတယ်။ ဒါကြောင့် သင့်ဦးရေပြားနှင့်အလွန်အမင်း ခြောက်သွေ့နေတယ်လို့ထင်ရင် ပုံမှန်လုပ်ရမယ့်အဆင့်သုံးဆင့်ကို ဖော်ပြပေးလိုက်ပါတယ်။ (၁) ဆံပင်သားကိုအစိုဓာတ်ထိန်းနိုင်တဲ့အဆီလိမ်းပေးပါ။ (၂) ဆံပင်သားကြမ်းတမ်းမှု မဖြစ်အောင် ကွန်ဒီရှင်နာသုံးပါ။ (၃)အလွန်အမင်းခြောက်သွေ့နေတဲ့ ဦးရေပြားနေရာတွေကိုအထူးဂရုစိုက်ပြီး ထိန်းသိမ်းပါ။ Credit : Arogyam Magazine သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီအချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။