သဘာဝကပေးသော တင်းတိပ်ပျောက်ဆေးများ
healthcare.com.mm
|
2019-09-23


         အညိုရောင်ဖျော့ဖျော့အစက်ငယ်အသွင် တင်းတိပ်တွေဟာအချို့သောအမျိုးသမီးတွေရဲ့ မျက်နှာအလှကို ဖျက်ဆီးပစ်နေပါတယ်။အသားအရေဖြူဖွေးတဲ့ သူတွေမှာဆိုရင် ပိုပြီး သိသာထင်ရှားတတ်တဲ့အတွက်အရုပ်ဆိုးစေပါတယ်။ ဒီလိုဖြစ်ရတာဟာ ဘာကြောင့်လဲဆိုရင်အသားညိုသူတွေနဲ့ နှိုင်းစာရင်အသားဖြူတဲ့ သူတွေမှာ Melanin ဓာတ်နည်းပါးလို့ ပါပဲ။ ဒီလိုအညိုရောင်အစက်တွေ မျက်နှာပြင်ပေါ်ရှိခဲ့မယ်ဆိုရင် နေရောင်ခြည်နဲ့ မျက်နှာပြင် တိုက်ရိုက်ထိတွေ့တာမျိုးကို ရှောင်ရှားရမှာပါ။အခု ဖော်ပြပေးသွားမယ့်နည်းတွေကတော့ သဘာဝပစ္စည်းများကိုအသုံးပြုထားတာဖြစ်လို့ မိမိကိုယ်တိုင် ပြုလုပ်ကြည့်လို့ ရပါတယ်။ နို့ခဲကိုအသုံးပြုနည်း          မျက်နှာပြင်နဲ့အခြား တင်းတိပ်ရှိတဲ့ နေရာတွေကို နို့ခဲနဲ့အသာအယာတို့လိမ်းပေးပါ။ ခြောက်သွားတဲ့အချိန်ရောက်ရင်တော့ ရေခပ်နွေးနွေးနဲ့ သန့်စင်ဖယ်ရှားလိုက်ပါ။ ဒီနည်းကို တင်းတိပ်စဖြစ်ခါစအချိန်မှာ ကုသမယ့်သူတွေ လိုက်နာသင့်ပါတယ်။ကြက်သွန်ဥနီကိုအသုံးပြုနည်း          ကြက်သွန်ဥနီအကြီးတစ်လုံးကို ထက်ခြမ်းခွဲပြီးရင် တင်းတိပ်နေရာတွေပေါ် တစ်နေ့ကို နှစ်ကြိမ်ပွတ်တိုက်ပေးပါ။ ဒီလိုဆိုရင် တင်းတိပ်တွေကိုအရောင်မှိန်လာစေရုံသာမကဘဲအသက်အရွယ်ရလာလို့ ဖြစ်တဲ့အစက်အပြောက်တွေကိုပါ လျော့ပါးလာစေနိုင်ပါလိမ့်မယ်။ စတော်ဘယ်ရီသီးကိုအသုံးပြုနည်း          စတော်ဘယ်ရီသီး သုံးလေးလုံးကို ရေများများနဲ့ ဆေးပြီး ရေအနည်းငယ်နဲ့ ရောပြီး ကြိတ်ခြေလိုက်ပါ။ ရလာတဲ့အရည်ကို တင်းတိပ်တွေပေါ် လိမ်းပေးထားပြီး ခြောက်သွားတဲ့အခါရောက်မှ ရေနဲ့ သန့်စင်ပေးပါ။ ဒီနည်းအတိုင်း သခွားသီးနဲ့ ဆီးသီးတို့နဲ့လည်းအသုံးပြုနိုင်ပါသေးတယ်။ ရှောက်ရည်ကိုအသုံးပြုနည်း          ရှောက်သီးဟာအသားဖြူစေတဲ့ သဘာဝပစ္စည်းတစ်မျိုးပါ။အဲဒီအရည်ကို တင်းတိပ်နဲ့အစက်အပြောက်တွေပေါ် ၁၅ မိနစ်လောက်ကြာအောင် လိမ်းထားပေးပါ။ ပြီးရင် ရေနဲ့ သန့်စင်ပစ်ပါ။အနီရောင်မုန်လာဥကိုအသုံးပြုနည်း         အဝါရောင်မုန်လာဥကို ကြိန်ခြေပြီးအရည်ပြုလုပ်ဖို့အတွက်အဝတ်ပါးစတစ်ခုထဲထည့်ပြီး ညှစ်ယူရပါမယ်။အဲဒီအရည်နဲ့ မျက်နှာနဲ့ လည်ပင်းနေရာတစ်ဝိုက်ကို လိမ်းပေးရမှာပါ။အဲဒီအတိုင်း တစ်နာရီလောက် ထားပေးပြီးရင်တော့ ရေနဲ့ သန့်စင်လို့ ရပါပြီ။ ဒီလို သဘာဝပစ္စည်းတွေဟာ ဘေးထွက်ဆိုးကျိုးလုံးဝမရှိဘဲ တင်းတိပ်တွေကိုအမှန်တကယ် ပျောက်ကင်းစေနိုင်ပါတယ်။အခြားနည်းများ          မုန်လာဥနီအရည်၊ ရှောက်ရည်နဲ့ လိမ္မော်ရည်တွေကို ဆတူရောပြီး ဒိန်ချဉ်အနည်းငယ်နဲ့ရောကာ တင်းတိပ်တွေပေါ် လိမ်းပေးနိုင်ပါတယ်။           စပျစ်သီးအစိမ်းခြောက် ပန်းကန်လုံးနဲ့ လေးပုံတစ်ပုံကို ကြိတ်ပြီး ပျားရည်စားပွဲတင်ဇွန်း တစ်ဇွန်းနဲ့ ရောကာအညိုရောင်အစက်တွေပေါ် မိနစ်၃၀ လောက်လိမ်းထားပေးပြီးမှ ရေနွေးနွေးနဲ့ သန့်စင်ပေးပါ။ ပြီးရင် မျက်နှာသုတ်ပဝါနဲ့ ရေခြောက်သွားအောင်သုတ်ပေးပါ။အဲဒီနောက် ရှောက်ရည်ကို မျက်နှာပြင်ပေါ် ထပ်မံလိမ်းပေးပြီးခြောက်သွားမှ ရေနဲ့ထပ်မံ သန့်စင်ပေးရပါမယ်။           ဒီနည်းတွေနဲ့ တစ်ကြိမ်တည်း ပြုလုပ်ရင်ဖြင့်တော့ ပျောက်ကင်းမလာနိုင်ဘူးဆိုတာ သိထားသင့်ပါတယ်။ ဒါ့အပြင်နောက်ထပ်ပြောလိုတာကတော့ နေပူပြင်းလွန်းတဲ့ ရာသီဥတုတွေမှာ တင်းတိပ်တွေ ပိုဆိုးလာစေတဲ့အတွက် ဂရုတစိုက်နဲ့ ကုသမှုပိုပေးဖို့ လိုပါတယ်။ Credit : ခင်ခင်လေး





Some text some message..