ပျိုမေတို့အတွက် အသားအရေလှပမှုဟာ ဆုလာဘ်တစ်ခုလိုပါပဲ။ Sensative ဖြစ်တဲ့လူတွေအတွက်လည်း သင့်တော်ပြီး လှပတင်းရင်းတဲ့ အသားအရေကို ရရှိနိုင်ပိုင်ဆိုင်နိုင်ဖို့အတွက် Spa သွားစရာမလိုဘဲ အိမ်မှာပြုလုပ်နိုင်မယ့် Skin Care Product လေးတွေအကြောင်း ပြောပြပေးမယ်နော်။
![]()
Glowing Body oil
Body Body Myanmar က ထုတ်လုပ်ထားတဲ့ Glowing Body oil ဟာဆိုရင် အသားအရေကို နူးညံ့စိုပြေစေပြီး အသားအရေအတွက် လိုအပ်တဲ့ nutrients နဲ့ Vitamins တွေကို အပြည့်အဝဖြည့်တင်းပေးနိုင်မယ့် အဆီတစ်မျိုးပဲ ဖြစ်ပါတယ်။ မှာပါနော်၊ Body oil လေးကို ကိုယ်လိုချင်တဲ့ နေရာလေးမှာ တစ်စက် နှစ်စက်လောက် ချပြီး လိမ်းပေးရုံပါပဲနော်။ နေ့ရော ညပါအသုံးပြုနိုင်တဲ့အတွက် Night out ထွက်မယ့်သူတွေလည်း သုံးနိုင်ပါတယ်။ Glowing Body oil လေးက ရေသောက်ဖို့ မေ့တတ်တဲ့ ပျိုမေတွေအတွက်လည်း ရေဓာတ်ကို ပြန်လည်ဖြည့်ပေးနိုင်မှာပါနော်။
Moroccan Exfoliating Soap
ခြောက်သွေ့တဲ့အသားအရေပိုင်ရှင်တွေအတွက်ကတော့ Moroccan Exfoliating Soap က အသားအရေကို စိုပြေစေဖို့ အထောက်အကူပြုစေမှာပါ။ ရေချိုးတဲ့အချိန်တွေမှာ အသုံးပြုပေးမယ်ဆိုရင်တော့ အသားအရေကို နူးညံ့စေမှာပါ။ Organic Product ဖြစ်လို့ မိမိအသားအရေနဲ့ မတည့်မှာတော့ မပူပါနဲ့နော်။ ပုံမှန်လေးအသုံးပြုသွားမယ်ဆိုရင်တော့ ရေဓာတ် ပြန်လည်ပြည့်လာပြီး အသားအရေစိုပြေလာမှာပါ။
![]()
Charcoal Soap
မျက်နှာရော ခန္ဓာကိုယ်ပါ အသုံးပြုနိုင်တဲ့ Charcoal Soap လေးပါ။ Organic နဲ့ ထုတ်လုပ်ထားတာဖြစ်တဲ့အတွက် အညစ်အကြေးတွေကို အတွင်းပိုင်းအထိ ဖယ်ရှားပေးနိုင်ပြီး ဝက်ခြံနဲ့ အမာရွတ်တွေကိုလည်း ပျောက်ကင်းစေမှာပါ။
![]()
Gel Beldi Soap
သဘာဝအဆီအနှစ်တွေကို အသုံးပြုပြီးထုတ်လုပ်ထားတဲ့ Gel beldi soap မှာဆိုရင် ဗီတာမင် E ကြွယ်ဝစွာပါဝင်တဲ့အတွက်ကြောင့် အသားအရေမှာရှိတဲ့ ဆဲလ်သေတွေကို ဖယ်ရှားပေးပါတယ်။ အသားအရေကို နူးညံ့စေပြီးအသားထဲစိမ့်ဝင်အောင် နှိပ်နယ်ပေးခြင်းဖြင့် သွေးလှည့်ပတ်မှုကိုလည်း ကောင်းမွန်စေတဲ့အတွက် Spa သွားဖို့မလိုဘဲ မိမိအိမ်မှာပဲ Treatment လုပ်နိုင်မယ့် Soap ဖြစ်ပါတယ်။
Editor : Lin Lin