![]()
ချစ်တို့ရေနနွင်းဟာဆဲလ်သေတွေကိုဖယ်ရှားပေးနိုင်ပြီးအသားအရေကိုဖြူဝင်းစေတဲ့ဟင်းခတ်အမွှေးအကြိုင်တစ်ခုပါ။
လိမ္မော်သီးမှာကတော့ ဗီတာမင် C ကြွယ်ဝစွာပါဝင်တဲ့အပြင် စီထရစ်အက်ဆစ်ဓါတ်တွေပါဝင်လို့ ချစ်တို့ရဲ့အသားအရေလေးကို
သန့်စင်ပေးနိုင်ပြီး ဖြူဝင်းစေပါတယ်။မိန်းကလေးတွေအနေနဲ့ ချိုင်းကြား၊ ပေါင်ကြား၊လည်ပင်းနားကညိုမဲနေမယ်ဆို
ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုလျော့နည်းစေပါတယ်နော်။
ဒါကြောင့်ဒီနေ့မှာနနွှင်းနဲ့လိမ္မော်ရည်ကိုသုံးပြီးအတွင်းသားလေးတွေကိုဖြူဝင်းစေမယ့်နည်းလမ်းလေးတွေကိုဝေမျှပေးချင်ပါတယ်နော်။
(၁). လိမ္မော်ရည် စားပွဲတင်ဇွန်း ၂ ဇွန်းနဲ့ နနွင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်ကို ရောပြီး သေချာမွှေပေးပါ။
ပြီးရင် ညိုမဲနေတဲ့အသားအရေတွေမှာ လိမ်းပေးပါ။ မိနစ် ၂၀ လောက်ထားပြီး ရေအေးနဲ့ ဆေးချပါ။
တစ်ပတ်ကို ၂ ကြိမ်လုပ်ပါ။တစ်လလောက်ဆိုသိသာလာမှာပါနော်။
(၂). နောက်ထပ်တစ်နည်းကတော့ ရှားစောင်းလက်ပက်အနှစ်နဲ့နနွှင်းကိုရောစပ်ကာညိုမဲနေတဲ့ အသားအရေမှာလိမ်းပေးပါ။
မိနစ် ၂၀ လောက်ထားပြီးရင် ရေနွေးနဲ့ ဆေးချပါ။ ဒီနည်းလမ်းကို ရေချိုးပြီးရင် လုပ်ပေးပါ။
တစ်ပတ်ကို ၂ကြိမ်ပုံမှန်လုပ်ပေးပါနော်။၁ လလောက်ဆိုရင် သိသာလာမှာပါ။
Myanmar Wedding Guide