Hair Rebonding လုပ်မယ်ဆိုရင် သိထားသင့်တဲ့အရာလေးတွေ
trend.com.mm
|
2019-10-02

ဆံပင်ဆိုတာ မိန်းကလေးတွေအတွက် အရေးကြီးဆုံးပါပဲ။ ကိုယ့်ရဲ့လှခြင်း ၊ မလှခြင်းဆိုတာ
ဆံပင်ပုံစံနဲ့အများကြီးဆိုင်ပါတယ်။ မျက်နှာလေးက လှချင်ရက်နဲ့ ဆံပင်ကဖျက်ဆီးနေတယ်ဆိုရင်မဟုတ်သေးဘူးလေ။ ဆိုတော့ ဆံပင်ပျက်စီးနေလို့ ဘာလုပ်ရမှန်းမသိ စိတ်ညစ်နေတဲ့ ပျိုမေတို့အတွက် Hair Rebonding ဆိုတာ ဘာလဲ ၊ ဘာလို့လုပ်သင့်လဲဆိုတာ ပြောပြပေးမယ်နော်။



ဆံပင်တွေ ပွယောင်းပြီး အကောက်လေးတွေ ထိုးထိုးထောင်ထောင်နဲ့ သူများမိန်းကလေးတွေလိုဆံပင်သိပ်သိပ်လေးနဲ့လှချင်တယ်ဆိုရင် Rebond က သင့်ကို စွမ်းဆောင်ပေးနိုင်ပါတယ်။
ဆံသားတွေကို သဘာဝတိုင်းဖြောင့်စင်းစေပြီး ကောက်ကွေး ၊ လန်နေတာတွေလည်း မရှိတော့
ဘူး။ Treatment ကောင်းတစ်ခုလို့ ပြောလို့ရပါတယ်။




Rebond လုပ်ပြီးတဲ့အခါလည်း ဆံပင်လေးက ဖြီးစရာမလိုအောင် သပ်ရပ်နေဦးမှာပါ။ ဆံနွယ်ရှုပ်ထွေးတာတွေလည်း မရှိတော့သလို ဆံပင်စည်းပြီးလည်း ဆံသားတိမ်တာတွေ မဖြစ်သွားပါဘူး။ စိတ်ကျေနပ်အပြည့်ရစေမယ့် result ပေးစွမ်းနိုင်ပါတယ်။


ဘာပဲလုပ်လုပ် သဘာဝမဟုတ်ရင်တော့ ဆိုးကျိုးဆိုတာ ရှိစမြဲပါပဲ။ hair treatment တစ်ခုလုပ်တဲ့အခါ ဘယ်လောက်ပဲကောင်းကျိုးတွေရတယ်ပြောပြော မမြင်နိုင်တဲ့ ဆိုးကျိုးတွေကလည်း
ရှိနေပါတယ်။ ဓာတုဆေးဝါးတွေ ၊ အပူတွေနဲ့ ထိတွေ့ခံရတဲ့ ဆံသားဟာလည်း ကျွတ်လွယ်နိုင်ပါ
တယ်။ Rebond လုပ်နေချိန်အတွင်း ဆံပင်တွေကျွတ်တာကိုတော့ သည်းခံနိုင်ဖို့ လိုပါတယ်။
ဒါ့အပြင် ဆိုင်တွေက ဆံပင်ကိုစက်ဆွဲရင် ဆံသားတင်မက ဦးရေကိုပါ လောင်စေပါတယ်။



ဒီ Rebond က ဘယ်လောက်ပဲ သဘာဝတိုင်းဖြောင့်စင်းသွားစေတယ်ပြောပြော ဆံပင်တွေ
ဆက်လက်ကျန်းမာ သန်စွမ်းနေဖို့ သင်ကလည်း ဆံပင်ကိုမပစ်ထားပဲ အဆက်မပြတ်ဂရုစိုက်ပေးနေဖို့လိုပါတယ်။ Rebond လုပ်ပြီး ကြားထဲမှာ ဆံပင်ကိုပျက်စီးစေမယ့် အခြားအရာတွေ
ထပ်မလိုဖို့လိုပါတယ်။ လုပ်ပြီးသွားဆိုရင်တော့ စိတ်ကျေနပ်မယ်။ အမြဲလှနေအောင် ကိုယ်တိုင်ကလည်း ထိန်းသိမ်းနိုင်ဖို့ လိုပါတယ်။




Some text some message..