မီးဖိုချောင်မှာ အလွယ်တကူရှာလို့ရတဲ့ ပါဝင်ပစ္စည်း ၄ မျိုးကိုသုံးပြီး သဘာဝအတိုင်း ဆံပင်ဖြောင့်မယ်
mystylemyanmar.com
|
2019-10-02

(Zawgyi)

Beauty Salon မှာ ဆံပင်ဖြောင့်ရင် ငွေကုန်ကြေးကျများပါတယ်နော်။ ဒါ့အပြင် ဆံပင်အသေဖြောင့်တယ်ဆိုပေမယ့် ၁ နှစ်လောက်ပဲ စိတ်ချမ်းသာရပြီး ဆံပင်အဖျားမှာ နှစ်ခွဖြစ်တာ ဆံသားကြမ်းတာတွေ ဖြစ်လာတော့တာပဲ။

ဒီတော့ မီးဖိုချောင်ထဲက ပစ္စည်း ၄ မျိုးနဲ့ ဆံပင်ကို သဘာဝနည်းလမ်းအတိုင်း ဖြောင့်စင်းစေမယ့် နည်းလမ်းကို မျှဝေပေးချင်ပါတယ်။ ငွေကုန်ကြေးကျလည်းနည်းပြီး ဓါတုပစ္စည်းလည်း ကင်းစင်တော့ ဆံသားပျက်ဆီးမှာ စိတ်ပူစရာမလိုတော့ဘူးပေါ့ရှင်။

တောက်ပပြီး ဖြောင့်စင်တဲ့ ဆံသားတွေအတွက် ငွေကြေးကုန်ကျမခံပါနဲ့တော့။

ဒီသဘာဝနည်းလမ်းလေးက ဆံသားပျက်ဆီးမှုကနေ ကာကွယ်ပေးနိုင်ရုံသာမက တစ်ပတ်လုံးလည်း ဆံသားဖြောင့်စင်းနေမှာပါ။

မီးဖိုချောင်ထဲက ဆံပင်ဖြောင့်ဆေးကို ဘယ်လိုလုပ်မလဲဆိုတာကို ကြည့်ရအောင်ပါ။

ပါဝင်ပစ္စည်း

အုန်းနို့ (၁) ခွက်

သံပုယိုသီးအရည် စားပွဲတင် ဇွန်း ၄ ဇွန်း

ပြောင်းဖူး ကော်မှုန့် (Cornstarch) စားပွဲတင်ဇွန်း ၃ ဇွန်း (City Mart တွေမှာ ဝယ်လို့ရနိုင်ပါတယ်)

သံလွင်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း

ပါဝင်ပစ္စည်းတွေ အားလုံးကိုရောပြီး ဆံသားပေါ်မှာ လိမ်းပေးပါ။ အဲဒီနောက် Shower Cap စောင်းထားပေးပြီး တဘက်ပူပူနဲ့ အုပ်ထားပေးပါ။ ၁နာရီကနေ ၂ နာရီထိ ဒီအတိုင်းထားပါ။

အဲဒီနောက် ခေါင်းလျှောချပေးပြီး ပေါင်းဆေးသုံးပါ။

(Unicode)

Featured Image Source: elevatehairsalon.com

The post

မီးဖိုချောင်မှာ အလွယ်တကူရှာလို့ရတဲ့ ပါဝင်ပစ္စည်း ၄ မျိုးကိုသုံးပြီး သဘာဝအတိုင်း ဆံပင်ဖြောင့်မယ် appeared first on

MyStyle Myanmar .

Some text some message..