Skincare ချစ်သူတွေအတွက် သဘာဝ Skincare လေးတွေ
moda.com.mm
|
2019-10-04



Skin Care ချစ်သူတွေအတွက် သုံးကြည့်သင့်တဲ့ သဘာဝ Product လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်နော်။ အသားအရေ အမျိုးအစားအားလုံးနဲ့လည်း သင့်တော်မယ့် သဘာဝ Skincare လေးတွေပါနော်။ ကဲ ကြည့်လိုက်ကြရအောင်….။


Sothys နေလောင်ကာ Sun Cream

နေရောင်ခြည်မှ လာသော UVA , UVB တို့မှ ကာကွယ် ပေးပြီး နေလောင်ပြီးသော အသားအရေနှင့် အမည်းစက်များကို သက်သာပျောက်ကင်းစေ ပါတယ်။ အဆီပြန်ခြင်း ကင်းပီး မိမိရဲ့ ပင်ကိုယ်အသားအရေအတိုင်းကြည်လင်စေတဲ့အတွက် မိတ်ကပ်မလိမ်းခင် အသားထဲစိမ့်ဝင်အောင် လိမ်းပေးနိုင်ပါတယ်နော်။ ပင်လယ်ရေညှိနှင့်နေကြာပန်းအဆီအနှစ်တို့မှ အဓိကထုတ်လုပ်ထားတာဖြစ်တဲ့အတွက် အသားအရည် ထိခိုက်ပျက်စီးလွယ်သူများလည်း သုံးပေးနိုင်ပါတယ်နော်။




Hydra Matt Fluid

အဆီပြန်တဲ့အသားအရေပိုင်ရှင်များအတွက် အသုံးပြုနိုင်တဲ့ Product လေးပါ။ အသားအရေအတွက် လိုအပ်တဲ့ ရေဓာတ်ကို ထိန်းညှိပေးတာကြောင့် အဆီပြန်ခြင်းနဲ့ ခြောက်သွေ့ခြင်းကို ကာကွယ်ပေးပါတယ်။


Homme Energizing Face Cleanser

ဒါလေးကတော့ အမျိုးသားတွေအတွက်ပါနော်။ အရေပြားအတွင်းမှာရှိတဲ့ အညစ်အကြေးတွေကို တဆင့်ထဲအသုံးပြုပေးရုံနဲ့ ဖယ်ရှားပေးနိုင်တဲ့ မျက်နှာသစ်ဆပ်ပြာလေးပါ။ မီးတောင်ချော်ရည်မှ ရရှိတဲ့အရည်က အရေပြားအတွင်းရှိ အညစ်အကြေးများကို သန့်စင်ဖယ်ရှားပေးပြီး RHYOLITE အစေ့က မျက်နှာပေါ်ရှိ နေရာလပ်မကျန် သန့်စင်ဖယ်ရှားပေးတဲ့ မျက်နှာသစ်ဆေးလေးပဲ ဖြစ်ပါတယ်။

Editor : Lin Lin




Some text some message..