အလှအပဆိုတာ မိန်းကလေးတိုင်း စိတ်ဝင်စားကျတဲ့၊ စိတ်ဝင်စားသင့်တဲ့ ခေါင်းစဉ်လေးတစ်ခုပါ။ အလှအပဆိုတဲ့နေရာမှာ မိတ်ကပ်လိမ်းခြယ်တာတစ်ခုထဲ မဟုတ်ပဲ၊ အသားအရေ ကောင်းမွန်အောင် ထိန်းသိမ်းတာ၊ ကျန်းမာတဲ့ ခနာကိုယ်ရရှိအောင် ပြုပြင်တာ၊ တစ်ကိုယ်ရေ သန့်ရှင်းရေးကို ပုံမှန်ပြုလုပ်တာတွေ ပါဝင်ပါတယ်။ အလှအပနဲ့ ပတ်သတ်ပြီး နေ့စဉ်နဲ့ အမျှ ထိတွေ့နေရသူတွေက ပိုပြီး နားလည်တတ်ကျွမ်းတာတော့အမှန်ပဲနော်။ အလှအပနဲ့ ပတ်သတ်ပြိး ပွင့်ပွင့်လင်းလင်း အမေးအဖြေလေးတွေကို အမိုက်စား Beauty Blogger Lini နဲ့တွေ့ဆုံပြီး ပြုလုပ်ထားပါတယ်။ သူမရဲ့ အလှအပထိန်းသိမ်းနည်းတွေက ဘာလဲ၊ အလှအပနဲ့ ပတ်သတ်ပြီး သူဘာတွေရှုးသွပ်လဲဆိုတာကို အခုပဲကြည့်လိုက်တော့နော်။
Beauty ဆိုတာကို ဘယျလိုခံယူထားလဲ။
Beauty ဆိုတာက Lini အတွက် Confident တစ်ခုပါ။
Beauty Blogger တစ်ယောက်ဖြစ်ရတဲ့အပေါ် အကြိုက်ဆုံးအရာဆိုရင်။
Beauty နဲ့ပတ်သတ်တဲ့ဟာလေးတွေကို သူငယ်ချင်းတွေကို Share ပေးရတာ။ ကိုယ်သိတဲ့ ဟာလေးတွေ ပြန် ပြောပြရတာကို အကြိုက်ဆုံးပါပဲ။
အလှအပရေးရာနယ်ပယ်မှာ အလုပ်လုပ်ရတာ ပင်ပန်းလာတဲ့အချိန်တွေရှိလား။
ပင်ပန်းတာတွေတော့ ရှိတယ်။ ဒါပေမယ့် Lini အတွက် ဒါက ဝါသနာဆိုတော့ ပင်ပန်းလည်း ဘာမှမဖြစ်ဘူးလို့ထင်တယ်။
မိတ်ကပ်စလိမ်းမယ့်သူတွေကို Recommend ပေးချင်တဲ့ Product က။
အဓိကက Skincare ကို ဂရုစိုက်ခိုင်းချင်တယ်။ Skin ကောင်းမှ မိတ်ကပ်တွေ လိမ်းလို့လှမှာ။
နောက်ဆုံးထွက် Beauty Product ထဲက အကြိုက်ဆုံးဆိုရင်။
YSL က နှုတ်ခမ်းနီပါ။
ခရီးသွားတဲ့အချိန်မှာ ဘယ်မြို့ ဒါမှမဟုတ် ဘယ်နိုင်ငံက အကောင်းဆုံး Beauty Inspiration ကိုပေးလဲ။
Lini အတွက် Bangkok ပေါ့နော်။ Bangkok က မိန်းကလေးတော်တော်များများက အလှအရမ်းပြင်တတ်တယ်။ သူတို့ကို ကြည့်တာနဲ့ ကိုယ်ပါ အလှအရမ်းပြင်ချင်လာတယ်။ လှနေတာဆိုတော့လေ။
ကိုယ်သတ်မှတ်ထားတဲ့ Beauty Rule တစ်ခုက ဘာဖြစ်မလဲ။
Cleansing လုပ်တာပေါ့။ အရမ်းအရေးကြီးတယ်။ ဘယ်အချိန်ပဲဖြစ်ဖြစ် Cleansing လုပ်တယ်၊ Scrub လုပ်တယ်။ အဲ့ဒါတွေက Lini အမြဲလုပ်တဲ့ သတ်မှတ်ထားတဲ့အရာပေါ့။
ကိုယ့်သူငယ်ချင်း ညီမတွေ အစ်မေတွေကို ပေးဖြစ်တဲ့ Beauty Advice က။
ကိုယ်နဲ့ တည့်တဲ့ဟာ၊ ကိုယ်နဲ့ လိုက်ဖက်တဲ့ဟာကို သုံးဖို့ အကြံပေးလေ့ရှိတယ်။ တစ်ချို့ဆို ကိုယ်နဲ့ လိုက်တာထက် သူများသုံးတဲ့ဟာတွေကို လိုက်သုံးချင်ကြတယ်။ ကိုယ်နဲ့က အဆင်မပြေဘူး။ အမြဲအကြံပေးဖြစ်တာကတော့ ကိုယ်နဲ့ လိုက်တဲ့ဟာ ဘယ်လိုပုံစံပဲပြင်ပြင် ဘယ်လိုဟာပဲသုံးပါ။ ကိုယ့် Personality ကိုပေါ်မယ့် ပြင်ဆင်ခြယ်သမှုမျိူးလုပ်ဖို့ Advice ပေးဖြစ်တယ်။
ရထားတဲ့ အကောင်းဆုံး Beauty Tip ဆိုရင်ဘာဖြစ်မလဲ။
Skincare ကောင်းတယ်ဆိုရင် မိတ်ကပ်အရမ်းလှတာပေါ့။ အိပ်ရေး၀၀အိပ်ပေးရမယ်။ ရေများများသောက်ရမယ်။ အသီးအနှံများများစားပေးရမယ်။ ဒါတွေလုပ်မှ အသားအရေကောင်းလာမှာပါ။
လက်ထဲမှာ ဒေါ်လာ၂၀ရှိတယ်ဆိုပါစို့။ Drug Store ထဲက ဘယ် Product ကိုဝယ်မလဲ။
Maybelline ရဲ့ Instant Age Rewind Concealer။ အဲ့ဒါလေးကို Recommand အရမ်းပေးချင်တယ်။ အရမ်းကောင်းတယ်။ မိတ်ကပ်စလိမ်းထဲကနေ အခုထက်ထိ အကြိုက်ဆုံး Concealer ကသူပဲ။ သူမပါပဲနဲ့ အပြင်မထွက်ဘူး။ အဲ့ဒါကို ဖက်ပြီးတောင် အိပ်လို့ရတယ်။
ကွက်လပ်ဖြည့်ရအောင်။ ကိုယ့်အသားအရေကို ________ မှာကြိုက်တယ်။
ည Mask ကပ်ထားပြီး မနက်ထလာတဲ့အချိန် အကြိုက်ဆုံးပဲ။
ကိုယ့်ကို Inspire ဖြစ်တဲ့အမျိူးသမီးတွေက ဘယ်သူတွေဖြစ်မလဲ။
HUDA Beauty ကိုထောင်ထားတဲ့ Huda Kattan။ သူ့ကိုအရမ်းကြိုက်တယ်။
အိမ်မီးလောင်နေတယ်ဆိုပါတော့။ ကိုယ်နဲ့အတူ ယူသွားမယ့် Beauty Product သုံးခုက ဘာတွေဖြစ်မလဲ။
ခုနကပြောခဲ့တဲ့ Maybelline ရဲ့ Concealer။ ဒုတိယတစ်ခုက YSL က Setting Spray။ HUDA Beauty က Newlook ဆိုတဲ့ Eyeshadow Palette။ အဲ့ဒီ သုံးခုပေါ့။
ကိုယ့်အတွက် အသုံးမဝင်တဲ့ Beauty Rule တစ်ခု။
မျက်ခုံးပုံဖော်တဲ့ Brow Drawing Card တွေ။ ဘယ်လိုပဲသုံးသုံး Lini အတွက် အဆင်မပြေဘူး။ ကိုယ့်မျက်ခုံးက ကိုယ့်မျက်နှာနဲ့ ကိုယ်ပဲ။ ပုံထုတ်ထားတာတွေက လေးမျိူးလောက်ပဲရှိမှာ။ အဲ့ထဲမှာ ကိုယ့်မျက်နှာနဲ့ လိုက်ဖက်တာ ရနိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။
Gym သွားရင်ပြင်ဖြစ်တဲ့ Makeup Look က။
ပါးပါးရိုးရိုးလေးကိုမှ ချွေးထွက်တတ်တဲ့အတွက် Waterproof Product တွေသုံးတယ်။
အပြင်တစ်ခေါက်ထွက်ဖို့ အချိန်ဘယ်လောက်ယူရလဲ။
Lini က ပုံမှန် ၂၅မိနစ်ပေါ့။ ဆံပင်မပါသေးဘူးနော်။
သဘောကျတဲ့ Beauty Icon က ဘယ်သူများလဲ။
Jeffree Star ကိုအရမ်းကြိုက်တယ်။
၁၆ နှစ်သမီး Lini ကို အလှအပနဲ့ ပတ်သတ်ပြီး အကြံပေးရမယ်ဆိုရင် ဘာတွေပေးချင်လဲ။
ရေများများသောက်ပါ။ အိပ်ရေး၀၀အိပ်ဖို့ ကိုယ့်အသားအရေကို လှအောင်ထိန်းသိမ်းဖို့ ပြောချင်ပါတယ်။
အလှအပနဲ့ ပတ်သတ်ပြီး ကိုယ့်ကိုယ်ကို အလိုလိုက်တဲ့အချက်က ဘာဖြစ်မလဲ။
Eyeshadow အရမ်းကြိုက်တယ်။ အများကြီးဝယ်တာပေါ့။ Crazy အရမ်းဖြစ်တော့လေ။ ဝယ်လွန်းလို့ အမေတောင်ဆဲတယ်။
Social Media မှာပဲဖြစ်ဖြစ်၊ ကိုယ့်ပတ်ဝန်းကျင်မှာပဲဖြစ်ဖြစ် ပြောင်းလဲချင်တဲ့ Beauty Perception ဆိုဘာဖြစ်မလဲ။
Lini အတွက် မိတ်ကပ်လိမ်းတဲ့အချိန်မှာပေါ့။ မျက်နှာသေးမှ လှတာ။ မျက်လုံးကြီးမှ လှတာမျိုးမရှိဘူး။ Lini ခံယူချက်ပေါ့။ ကိုယ်က မိတ်ကပ်ပြင်တာကို အရမ်းဝါသနာပါတယ်။ ကြိုက်လည်းကြိုက်တယ်။ အဲ့ဒါက ကိုယ်နဲ့ အဆင်ပြေတယ်။ Confident ရှိတယ်ဆိုရင် လှနေမှာပဲ။ အခြားလူပြောတာတွေကို နားထောင်တာထက် ကိုယ့်အတွက်က ကိုယ့် Confident ရှိဖို့ အရေးကြီးတယ်။
Editor: Pan JN
Photo Credit: Liu Lini