တရုတ်မိန်းမပျိုလေးတွေအလေးထားကြတဲ့ ထူးခြားတဲ့နန်းတွင်းရိုးရာအလှအပထိန်းသိမ်းနည်းများ
myanmaplatform.com
|
2018-11-13



တစ်ချိန်တုန်းကအာရှမှာအောင်မြင်ခဲ့တဲ့ တရုတ်သိုင်းကားနဲ့၊ နန်းတွင်းဇာတ်ကားတွေကြောင့်အာရှပရိသတ်တွေ သိုင်းလောကထဲရောက်ခဲ့တဲ့အချိန်ကိုပြန်မှတ်မိကြဦးမယ်ထင်ပါတယ်။အဲဒီလိုအောင်မြင်ခဲ့တဲ့ တရုတ်နန်းတွင်းဇာတ်ကားတွေထဲမှာ နောက်ထပ်ထူးခြားတဲ့အချက်ကတော့ ဇာတ်ဝင်ခန်းတစ်ခန်းနဲ့တစ်ခန်းမထပ်အောင်ဆင်ယင်နိုင်တဲ့ နန်းတွင်းသူတွေရဲ့ဖက်ရှင်နဲ့ ပြစ်မျိုးမှဲ့မထင်ချောမောလှပတဲ့ပြင်ဆင်ခြယ်သမှုတွေပဲဖြစ်ပါတယ်။

ဒီဘက်ခေတ်လိုအလှကုန်ပစ္စည်းတွေမပေါများသေးတဲ့အဲဒီအချိန်တုန်းက နန်းတွင်းဇာတ်ကားတွေမှာအသုံးပြုခဲ့တဲ့အလှပြင်နည်းတွေဟာ ရှေးယခင်တရုတ်နန်းတွင်းတွေမှာအသုံးပြုခဲ့တဲ့ ရိုးရာအလှပြင် နည်းတွေပဲဖြစ်ပါတယ်။

သဘာဝအတိုင်းအသားအရေစိုပြည်ခြင်း၊အရွယ်တင်ပြီးအိုမင်းခြင်းကိုကာကွယ်ပေးနိုင်မယ့်တရုတ်နန်းတွင်းရိုးရာအလှအပထိန်းသိမ်းနည်းအချို့ကိုဗဟုသုတအနေနဲ့ဖော်ပြပေးလိုက်ပါတယ်။


(၁)နေရောင်ခြည်ကိုရှောင်ကြဉ်ခြင်း







ရှေးယခင်တရုတ်နန်းတွင်းအလှစံသတ်မှတ်ချက်ကြောင့် တရုတ်အမျိုးသမီးတွေဟာ သဘာဝ ထက်လွန်ပြီးအသားဖြူဖို့၊အရောင်ထွက်ဖို့ထက်အမဲစက်ကင်းပြီးအသားအရေကြည်ကြည်လင်လင် ဖြစ်တာကိုပဲအဓိကဂရုစိုက်လေ့ရှိကြပါတယ်။အမဲစက်ဖြစ်စေတဲ့ နေရောင်ခြည်တိုက်ရိုက်ထိတွေ့ တာကိုအလေးထားရှောင်ကြဉ်ကြပါတယ်။

မိုးအုံ့နေရင်ပဲဖြစ်ဖြစ် ပူအိုက်တဲ့နွေရာသီမှာပဲဖြစ်ဖြစ် ဘောင်းဘီရှည်၊အင်္ကျီလက်ရှည်တို့မပြတ်တမ်း ဝတ်ဆင်ပြီး နေရောင်ခြည်ဒဏ်ကိုကာကွယ်ကြပါတယ်။ နေရောင်ကာခရင်မ်ကို ဆောင်ထားပြီး နေပူထဲထွက်တိုင်းလိမ်းကြပါတယ်။ ဒါ့အပြင် လီမွန်သီး(သံပုယိုသီး)အရည်လိမ်းတာ၊ မဲညစ်နေတဲ့ နေရာတွေကို လီမွန်သီးနဲ့ပွတ်တိုက်တာမျိုးလည်းလုပ်ကြတယ်လို့ဆိုပါတယ်။


(၂)ပဲနို့နဲ့သင်္ဘောသီးသုံးပြီးအဆီပိုတွေဖယ်ရှားခြင်း







တရုတ်အမျိုးသမီးတွေရဲ့နောက်ထပ်အလှအပစံသတ်မှတ်ချက်တစ်ခုကတော့ သေးသေးသွယ် သွယ်နဲ့ S-curve ခန္ဓာကိုယ်ရအောင်ထိန်းသိမ်းနည်းဖြစ်ပါတယ်။ ဘေးတိုက်ကြည့်ရင်အင်္ဂလိပ်အက္ခရာ S ပုံစံဖြစ်စေပြီး၊ ရှေ့တည့်တည့်ကကြည့်ရင် သဲနာရီပုံစံ ခန္ဓာကိုယ်ဖြစ်ရေးဟာ တရုတ်အမျိုးသမီးတွေရဲ့အလှအပစံသတ်မှတ်ချက်ဖြစ်ပါတယ်။အဲဒီအတွက် တခြား Diet လုပ်တာမျိုး မရှိဘဲ သင်္ဘောသီးနဲ့ ပဲနို့ကိုပဲအဓိက စားလေ့ရှိပါတယ်။ ပဲနို့နဲ့ သင်္ဘောသီးမှာအီစထိုဂျင်ဟော်မုန်းဓာတ်ရဲ့လယ်ဗယ်ကိုမြှင့်တင်ပေးပြီး ခန္ဓာကိုယ်သွယ်လျလှပဖို့ လှုံ့ဆော်ပေးနိုင်တယ်လို့ဆိုပါတယ်။


(၃)မျက်လုံးတစ်ဝိုက်သွေးလည်ပတ်မှုကောင်းအောင်လုပ်ခြင်း







ကြည်လင်တောက်ပတဲ့မျက်လုံးအလှကလည်း တရုတ်အမျိုးသမီးတွေရဲ့အလှတစ်ခုဖြစ်ပါတယ်။ မျက်လုံးကြီးကြီး၊ မျက်ဝန်းနက်နက်၊ မျက်ရစ်ထူထူရှိတဲ့ မျက်လုံးပိုင်ရှင်တွေဟာ ဆွဲဆောင်မှုရှိသလိုအဲဒီလိုမျက်လုံးပိုင်ရှင်ရဲ့အကြည့်တစ်ချက်ဟာ တစ်ဖက်လူအာရုံကိုအလွယ်တကူဖမ်းစားနိုင်စွမ်းရှိ ပါတယ်။ ဒါကတော့ တရုတ်မလေးတွေဂရုစိုက်တဲ့အလှအပတစ်မျိုးပါပဲ။အဲဒီလိုကြည်လင်ပြီး သဘာဝအတိုင်း တောက်ပတဲ့မျက်လုံးလှလှလေးတွေရဖို့ကိုတော့ မျက်လုံးတစ်ဝိုက်သွေးလည်ပတ်မှုကောင်းအောင်လုပ်တာပါပဲ။ ဒါကြောင့် မျက်ခမ်း၊ မျက်ခွံ၊ နားထင်နဲ့ နားရွက်ထိပ်လေးတွေကို ပုံမှန်ဖြေးဖြေးမှန် မှန်နှိပ်နယ်ပေးတဲ့နည်းကိုအသုံးပြုပါတယ်တဲ့။ ဒီနည်းကအချိန်ရတိုင်းလုပ်ဖြစ်နေလို့ ထိရောက်တဲ့ နည်းလမ်းလည်းဖြစ်ပါတယ်။


(၄)အသားအရေစိုပြည်ဖို့ သခွားသီးသုံးခြင်း







အသားအရေစိုပြည်ပြီး သဘာဝအတိုင်း ချောမွေ့နေစေဖို့ဆိုရင်တော့အသားအရေကိုရေ ဓာတ်ဖြည့်ပေးဖို့လိုပါတယ်။အဲဒါကြောင့် တရုတ်အမျိုးသမီးတွေဟာအသားအရေထိန်းသိမ်းတဲ့နေရာ မှာ သခွားသီးကိုအဓိကအသုံးပြုကြတယ်လို့ဆိုပါတယ်။ မျက်နှာနဲ့ခန္ဓာကိုယ်အနှံ့ သခွားသီးနဲ့ပေါင်း တင်လေ့ရှိပါတယ်။ ဒါ့အပြင် ရေနွေးငွေ့အခန်းထဲမှာ နေပြီးချွေးပေါင်းထုတ်တာ၊ ဘော်ဒီစခရက်တိုက် တာမျိုးလည်းလုပ်တဲ့အတွက်လည်း ခန္ဓာကိုယ်တွင်းအဆိပ်အတောက်ကင်းပြီးအသားအရေစိုပြည် ကြည်လင်ကြခြင်းဖြစ်တယ်လို့သိရပါတယ်။


(၅)မျက်နှာနှိပ်နယ်ခြင်း







တရုတ်မလေးတွေဟာ များသောအားဖြင့်ခွဲစိတ်ပြုပြင်ခြင်းမရှိဘဲ သဘာဝအတိုင်းလှကြတာများ ပါတယ်။ မျက်နှာကို V-shape ပုံဖော်တဲ့အခါ ခွဲစိတ်ပြုပြင်တဲ့နည်းကိုတော်ရုံအားမကိုးကြပါဘူး။ တရုတ်လူမျိုးတွေရဲ့အလှအပဆိုင်ရာရိုးရာကုထုံးတွေမှာ နှိပ်နယ်ခြင်းက ထိရောက်တဲ့နည်းလမ်းဖြစ်တဲ့အတွက် မျက်နှာအသားအရေကိုအများစုက နှိပ်တဲ့နည်းနဲ့ပဲထိန်းသိမ်းလေ့ရှိပါတယ်။အဲဒီလိုနှိပ်နယ်ခြင်းကြောင့် မျက်နှာအရေပြားကိုသွေးလည်ပတ်မှုကောင်းစေပြီး မျက်နှာဖောင်းတာ၊အစ်တာ၊အဆီပိုတွေရှိနေတာကိုကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် facial roller သုံးပြီး မေးရိုးတစ်လျှောက် ခပ်ဖွဖွလှိမ့်ပေးခြင်းကြောင့်အဆီပြင်တွေကိုချေဖျက်နိုင်တယ်လို့သိရပါတယ်။




Some text some message..