ဆံပင်ကျွတ်ခြင်းကို ပြန်ကောင်းစေခြင်း
healthcare.com.mm
|
2018-11-16

Minoxidil သည် ဆံပင်ပေါက်ခြင်းကို ဖြစ်စေနိုင်ကြောင်း သိကြသည်မှာ ၃၅ နှစ်ကျော်ကြာပြီး ဖြစ်သော်လည်း ၎င်း၏ hair follicle များအပေါ်တွင် သက်ရောက်မှုဖြစ်စေအသေးစိတ်ကို သေသေ ချာချာ နားမလည်ကြသေးပါ။ Minoxidil သည် ဆံပင်များကို ကြီးထွားမှုအဆင့်တွင် ကြာကြာနေစေပြီး hair follicle များ၏အရွယ်ကို ကြီးစေပါသည်။ လက်တွေ့စမ်းသပ်ကုသမှုများအရအမျိုးသား၊အမျိုး သမီး ဆံပင်ကျွတ်ခြင်းအားလုံးတွင် Minoxidil သည် ဆံပင်ပြန်ပေါက်စေကြောင်း တွေ့ရှိရပါသည်။ ဆံပင်ပြန်ပေါက်ခြင်းသည် ဆေးစလိမ်းပြီး ၆ ပတ်မှ ၈ ပတ်တွင် စတင်သိသာပြီး ၁၂ ပတ်မှ ၁၆ ပတ်တွင်အများဆုံးဖြစ်သည်ဟု ဆိုပါသည်။ သို့ရာတွင် Minoxidil လိမ်းဆေးကိုအသက်အရွယ် ကြောင့်ဖြစ်သော ဆံပင်ကျွတ်ခြင်းများတွင် တိကျသောစမ်းသပ်မှုများမပြုလုပ်ရသေးပါ။  ယခုအချိန်အထိ လေ့လာတွေ့ရှိမှုများအရအသက်အရွယ်သည် ကျား/မ မရွေး Minoxidil ဖြင့် ကုသများအောင်မြင်မှုကို ခန့်မှန်းရာတွင်အရေးပါသောအချက်ဖြစ်ကြောင်း တွေ့ရှိရပါသည်။အသက်အရွယ်မရွေး တိုးတတ်မှုများကို တွေ့ရသော်လည်းအသက်ငယ်ရွယ်သော ကုသမှု ခံယူသူများတွင် ပို၍ထိရောက်အောင်မြင်အောင်မြင်ပါသည်။အမျိုးသားများတွင် ထိပ်ပြောင်ခြင်း ဖြစ်ပွားနေမှုကြာချိန်သည် ကုသမှု ထိရောက်မှုအပေါ် သက်ရောက်မှုရှိပါသည်။  ထိပ်ပြောင်ခြင်း သက်တမ်း ၅ နှစ်အောက် နည်းသောသူများတွင် သက်တမ်း၂၁ နှစ်ကျော်သောသူများထက် ကုသမှု ထိရောက်မှုသည် သိသိသာသာပိုသည်ကို တွေ့ရပါသည်။အမျိုးသမီးများတွင်မှု ဤသို့သော ထိပ်ပြောင်ခြင်းသက်တမ်းနှင့် ကုသမှုထိရောက်ခြင်း ဆက်စပ်မှုကို မတွေ့ရပါ။ ငယ်ထိပ်ရှိ ဆံပင်မရှိသောအကွက်၏အချင်းသည်လည်း Minoxidil ဖြင့် ကုသမှုများ၏ ထိရောက်မှုကို ပြောင်းလဲစေနိုင်ပါသည်။အမျိုးသားများတွင်အချင်း ၅ စင်တီမီတာအောက်အကွက်ရှိသူများသည်အချင် ၁၅ စင်တီမီတာထက်ကျော်သောအကွက်ရှိသူများထက် ကုသရပို၍ လွယ်ကူသည်ကို တွေ့ရပါသည်။  ဆံပင်ကျွတ်ခြင်းဖြစ်ပွားမှုသက်တမ်း ၁ နှစ်အောက်ရှိသူများတွင် ဆံပင်ကျွတ်ခြင်း ရပ်တန့်ပြီး ဆံပင်အသစ်များ ပြန်ပေါက်အောင် ကုသရခြင်းသည် ဆံပင်ကျွတ်ခြင်း ဖြစ်ပွားမှုသက်တမ်း ၁၀ နှစ်ကျော်နေသူများကို ကုသခြင်းထက် ထိရောက်မှုများစွာပေါ်ကြောင်း တွေ့ရှိရပါသည်။ Finasteride ဆေးသောက်သုံးခြင်းသည်အမျိုးသားများတွင် ဆံပင်ကျွတ်ခြင်းကို တားဆီးကာကွယ်နိုင်ပြီး ကုသရာတွင်လည်းအသုံးပြုနိုင်ပါသည်။အမျိုးသမီးများတွင် ဆံပင်ကျွတ်ခြင်း ဖြစ်ပွားသောအခါ Minoxidil လိမ်းဆေးလိမ်းခြင်း၊ antrandrogen ဆေးများဖြစ်သော cyproterone acetate, spironolactone စသော ဆေးများကို သောက်စေခြင်းတို့ဖြင့် ကုသလေ့ရှိပါသည်။ Finasteride ဆေးသည်အမျိုးသားများ ဆံပင်ကျွတ်ခြင်းအတွက် ထိရောက်သော ကုသမှုအဖြစ်အငြင်းပွားစရာ မရှိသော်လည်းအမျိုးသမီးများတွင် ဖြစ်ပွားသော ဆံပင်ကျွတ်ခြင်းများအတွက်မှု ထိရောက်မှုရှိကြောင်းအားလုံးက လက်မခံကြသေးပါ။ ၎င်း၏ထိရောက်မှုသည်အမျိုးသမီးများတွင် ဖြစ်ပွားသော ဆံပင်ကျွတ်ခြင်း ပုံစံအားလုံးတွင် မဟုတ်သဖြင့်အမျိုးသမီးများတွင် ဖြစ်ပွားတတ်သော ဆံပင်ကျွတ်ခြင်းများတွင် မတူညီသောဖြစ်စေသောအခြေခံအကြောင်းအရင်းများ ရှိနိုင်သည်ဟု ယူဆကြပါသည်။ သွေးမဆုံးမီနှင့် သွေးဆုံးပြီးနောက် ဖြစ်ပွားသော ဆံပင်ကျွတ်ခြင်းများ၊ သွေးအတွင်း androgen များနေသော ဆံပင်ကျွတ်ခြင်းနှင့် သွေးအတွင်း androgen များခြင်း ရှိမနေသော ဆံပင်ကျွတ်ခြင်း စသည်တို့ဖြစ်ပါသည်။ Finasteride ဆေးသည် သန္ဓေသားကို ထိခိုက်စေနိုင်သဖြင့် သွေးမဆုံးသေးသောအမျိုးသမီးများတွင်အသုံးပြုခြင်းကို တားမြစ်ထားပါသည်။  Ref:  ဒေါက်တာခိုင်ခိုင်ဇော်သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီအချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။





Some text some message..